တင်သားနှင့် ပေါင်သားတွင် အဆီများရှိသော အမျိုးသမီးများ ဉာဏ်ရည် ထက်မြက်သည့် ရင်သွေးငယ်များ မွေးဖွားနိုင်ကြောင်း လေ့လာတွေ့ရှိ
ကမ္ဘာကျော် မင်းသမီးချော ရုပ်သံ တင်ဆက်သူ ကင်မ်ကာဒစ်ရှန် ကဲ့သို့ ပေါင်သားပြည့်ပြီး တင်သား လုံးဝန်း လှပသည့် အမျိုးသမီး များသည် ဉာဏ်ရည် ထက်မြက်သည့် ရင်သွေးများကို မွေးဖွားနိုင်ကြောင်း လေ့လာတွေ့ရှိချက်သစ် တစ်ရပ်အရ သိရသည်။
ပစ်စဘာ့ဂ်ခ်ျ တက္ကသိုလ်မှ သုတေသီများ ၏ လေ့လာချက် အရ တင်သားနှင့် ပေါင်သားတွင် အဆီများစွာ ရှိသော အမျိုးသမီးများ သည် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်သည့် ရင်သွေးငယ်များ မွေးဖွား နိုင်ကြောင်းကို လေ့လာတွေ့ရှိခဲ့သည်။
အမျိုးသမီးများ၏ ပေါင်နှင့် တင်ပါးရှိ အဆီများသည် ကလေးငယ်၏ ဦးနှောက်ကို ဖွဲ့စည်းရန် ကုန်လှောင်ရုံ တစ်ခုကဲ့သို့ လုပ်ဆောင်ပေးကြောင်း ၄င်းတက္ကသိုလ်မှ ပြည်သူ့ ကျန်းမာရေး ဆရာဝန်တစ်ဦး ဖြစ်သူ ပါမောက္ခဝေလ်လက်စ်ဆက်ခ် က Sunday times သတင်းဌာန သို့ ပြောကြားခဲ့သည်။
အာရုံကြော စနစ်ကို တည်ဆောက်ရန် အတွက် အဆီများစွာ လိုအပ်ကြောင်း၊ အမျိုးသမီး များ၏ တင်သားနှင့် ပေါင်သားများမှ အဆီများသည် လူသားတို့၏ ဦးနှောက်တွင် အဓိကကျသည့် အစိတ်အပိုင်း ဖြစ်သော DHA (docosahexaenoic acid) ကို ဖြစ်စေနိုင်ကြောင်း ၄င်းက ဆိုသည်။ အဆိုပါ နေရာများတွင် ကိုယ်ခန္ဓာအတွက် အရေးပါသော အစာအာဟာရ များကို သိုလှောင် ထားသည့် အတွက် ရင်သွေးငယ်များ အား နို့ချို တိုက်ကျွေးရာတွင် ကလေးငယ်များ ၏ ဦးနှောက် ဖွံ့ဖြိုးတိုးတက် စေမည့် ဆဲလ်များက ဦးနှောက်သို့ တိုက်ရိုက် ရောက်ရှိကြောင်း ကို တွေ့ရှိခဲ့ ကြသည်။
အမျိုးသမီး များသည် ကိုယ်ခန္ဓာ ပြည့်ဖြိုး လာချိန်တွင် အဆီများသည် တင်ပါးတွင် စုဝေး နေတတ်သဖြင့် သစ်တော်သီးပုံ သဏ္ဌာန်များ ဖြစ်လာတတ် ကြသည်။ ယောက်ျားလေး အများစု၏ အဆီများသည် ဝမ်းဗိုက်ဝန်းကျင်တွင်သာ စုဝေးတတ်သည်။
ဟော်မုန်းဓာတ် များသည် အဆီ သိုလှောင်မှုကို ဖြစ်စေပြီး အမျိုးသား များတွင် ကြွက်သားများ ရှိသဖြင့် ကယ်လိုရီကို လောင်ကျွမ်း စေနိုင်သည့် ဇီဝတွင်း ဖြစ်ပျက်မှုကို ပိုမို ဖြစ်ပွား စေနိုင်သည်။ အမျိုးသားများ နှင့် အမျိုးသမီး များ၏ အဆီစုဝေးမှုကို နှိုင်းယှဉ် ကြည့်ပါက အမျိုးသမီး များသည် အမျိုးသား များထက် အဆီများနှုန်း ၂ဝ- ၃ဝ ရာခိုင်နှုန်း နီးပါး ပိုများကြောင်း တွေ့ရသည်ဟု သိရသည်။
PyiChitThar
http://www.pyichitthar.com/2015/01/blog-post_78.html
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin