Ultrasound report အာလ်ထွာဆောင်းစစ်ချက်


ကျွန်မအသက် ၁၈ နှစ်၊ အပျိုပါရှင့်။ ကျွန်မသားဥအိမ်၌ အရည်အိတ်တည်သည်ကို 2015 February လတွင် တင်ပါးဆုံရိုးနှင့် ခါးနာ၍ ultersound ရိုက်ရာမှသိရှိရပါသည်။ ရာသီပုံမှန်လာပါတယ်ရှင့်။ ကင်ဆာဆိုင်ရာ သွေးဖောက် စစ်ဆေးမှုအဖြစ် AFP, CA125 များကို စစ်ဆေးရာတွင် ပုံမှန်သာဖြစ်၍ ခွဲရန်မလိုကြောင်းနှင့် ဆေးမပေးပါဘူးရှင့်။ ထိုအရည် သေးသွားအောင် ဆေးသောက်လို့ရပါသလားရှင့်။ မည်သို့ဆောင်ရန်ရှောင်ရန် လိုအပ်ပါသနည်းဆရာ။

• အမျိုးသမီး မျိုးဥအိမ်၊ သားအိမ်ကို အာလ်ထွာဆောင်းရိုက်ရင် အဖြေစာရွက်မှာ တိတိကျကျရေးပါတယ်။
• Anechoic လို့ရေးတာဟာ အကျိတ်-အလုံးထဲမှာ ပဲ့တင်သံထွက်စေတာ မပါဘူးလို့ ဆိုလိုတယ်။ ကံကောင်းတယ်။
• Simple cysts (fluid filled) ရိုးရိုးဆစ်စ်ဖြစ်တယ်။ အရည်သာပါတယ်။ ကင်ဆာဆိုရင် အစိုင်အခဲဖြစ်နေမယ်။
• Hypoechoic နည်းနည်းကနေ အသင့်အတင့်ပဲ့တင်သံ၊ ဒါမှမဟုတ် Hyperechoic များများဖြစ်နိုင်တယ်။
• Complex cyst ရောထွေးနေတာလည်းရှိတယ်။ ဒါပေမယ့် ကင်ဆာမဟုတ်တာမှာလည်း အဲလိုဖြစ်နိုင်တယ်။
• Size of cyst အရွယ်အစားမှာလည်း ရိုးရိုးရှင်းရှင်းမဟုတ်ပါ။ 5cm အထိကြီးလာရင် ခွဲဖို့အကြံပေးပါမယ်။
• ဒါပေမယ့် သေး-ပျောက်သွားတာလည်းဖြစ်နိုင်တယ်။ ကိုယ်ဝန်တားဆေးပေးတာများတယ်။
• တကယ်လို့ Multiple cysts ဆစ်စ်တွေကများနေရင်တော့ PCOS မျိးဥအိမ်အကျိတ်တွေဖြစ်ဖြစ် Endometriosis သားအိမ်ရောဂါဖြစ်ဖြစ် သေချာအောင်လုပ်ရ၊ ကုသရလိမ့်မယ်။ ဒီအသက်မှာဖြစ်တာက အလိုလိုကောင်းလာနိုင်ပါတယ်။ လိုသေးရင် မေးပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ