စိတ်ကို အစာနဲ့ ကုသရအောင်

စိတ်ကို အစာနဲ့ ကုသရအောင်နေ့စဉ် ခံစားရတတ်တဲ့ စိတ်ဖိစီးမှု၊ တင်းအားနဲ့ စိတ်ဓာတ်ကျဝေဒနာ တွေအတွက် အောက်ပါ နည်းလမ်းတွေကို သုံး ပြီး ဖြေရှင်းပေးနိုင် ပါတယ်။

(1) နွားနို့ တစ်ဖန်ခွက် သောက်ပါ။ နွားနို့ မှာ ပါဝင်တဲ့ ထရစ်ပတိုဖန်က ခန္ဓာကိုယ် ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရို တိုနင်ကို အထွက်တိုး စေပါတယ်။ ဒါ့အ ပြင် နွားနို့ထဲ မှာပါတဲ့ ကယ်လ်စီယမ်၊ မဂ္ဂ နီဆီယမ်နဲ့ ပိုတက် စီယမ်တွေဟာ သွေး ဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းည§ိပေး ပါတယ်။

(2) ပန်းဂေါ်ဖီစိမ်းကို စားပါ။ ပန်းဂေါ်ဖီ စိမ်းမှာပါတဲ့ ဖောလစ်အက်ဆစ်က စိတ် ဖိစီးမှုကို လျော့ကျစေပါတယ်။

(3) အခွံချွတ် မထားတဲ့ ကောက်နှံစာစား ပါ။ ကာဗိုဟိုက်ဒရိတ်ပေါများစွာ ပါဝင် တဲ့ အစာတွေက ဆီရိုတိုနင်အဆင့်ကို မြင့်တက်စေပြီး စိတ်ခံစားမှုကောင်းစေ ကာ စိတ်အပန်းပြေစေပါတယ်။

(4) ဆယ်လ်မွန်ငါးအနည်းငယ် စားပါ။ ဆယ်လ်မွန်ငါးထဲမှာပါတဲ့ အိုမီဂါ၃ဖက် တီးအက်စစ်က ဦးနှောက်ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းကောင်း လုပ်ဆောင်နိုင်စေပြီး စိတ်ဖိစီးမှုကို သိ သိသာသာ လျော့ကျစေပါတယ်။

(5) အမည်းရောင် ချောကလက်ကို စား ပါ။ အမည်းရောင် ချောကလက်မှာ သီ အိုဘရိုမင်းလို ဒြပ်ပေါင်း ၃ဝဝကျော်ပါ ဝင်နေတာကြောင့် ဦးနှောက်ထဲမှာ စိတ် ခံစားမှုကောင်းစေနိုင်တဲ့ အာနိသင်ကို ရ ရှိစေပါတယ်။ အမည်းရောင်ချောက လက်မှာ ကိုကိုးပါဝင်မှု ၇ဝရာခိုင်နှုန်းနဲ့ အထက်ပါဝင်တာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေတဲ့ အစားအစာဖြစ်ပါတယ်။

(6) အခွံမာသီး လက်တစ် ဆုပ်စာစားပါ။ အခွံမာသီးမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင် တာကြောင့် စိတ်ဖိစီးမှုဟော်မုန်း ကော် တီဆောအဆင့်ကို လျော့ကျစေပါတယ်။ အခွံမာသီးတွေမှာ ကယ်လိုရီပါဝင်မှုမြင့် မားတာကြောင့် တစ်နေ့မှာ လက်တစ် ဆုပ်စာပမာဏ ထက်တော့ ပိုမစားသင့်ပါ။

(7) ကိုကိုးပူပူ တစ်ခွက်သောက်ပါ။ ပူတဲ့ အရည်တွေကို သောက်တာက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေပြီး စိတ်သက် သာရာရစေပါတယ်။ အကြောင်းကတော့ ကိုကိုးပူပူသောက်တာကြောင့် ဦးနှောက် ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ တုန့်ပြန် မှု ဖြစ်ပေါ်စေလို့ပါ။

(8) ကော်ဖီအစား လက်ဖက်ရည်ကြမ်း သောက်ပါ။ လန်ဒန်ကောလိပ်ရဲ့ လေ့ လာမှုတစ်ရပ်အရ လက်ဖက်ရည်ကြမ်း ကို တစ်နေ့ လေးကြိမ်နဲ့ ခြောက်ပတ်ခန့် သောက်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့်ကို လျော့ကျစေ တယ်လို့ သိရပါတယ်။

(9) သီနင်းဓာတ်ပါဝင်တဲ့ လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ဦးနှောက်ထဲက စိတ် ခံစားမှုကောင်းစေတဲ့ အယ်လ်ဖာလှိုင်း အ ထွက်တိုးစေပြီး စိတ်တင်းအားဖြစ်စေတဲ့ ဘီတာလှိုင်းထွက်ရှိမှုကို လျော့ကျစေပါ တယ်။

(10) ရေအေးတစ်ဖန်ခွက်သောက်ပြီး အ ပြင်ထွက် လမ်းလျှောက်ပါ။ ရေအေးဟာ သွေးစီးဆင်းမှုကို ကောင်းစေတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အန်ဒေါ် ဖင်ထွက်နှုန်းကောင်းအောင် လှုံ့ဆော် ပေးနိုင်ပါတယ်။ 

By Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ