To get pregnant ကလေးယူနေတယ်ဆိုတာ


ကလေးမရသေးလို့မေးကြတာ တော်တော်ကို များတယ်။ တနေ့မှာ ၂-၃ ယောက်မက မေးကြတယ်။ မြန်မာပြည်မှာ လူဦးရေအလားအလာ စိုးရိမ်မိတယ်။

အဲလိုမေးခွန်းတွေတိုင်းလိုလိုမှာ ကလေးယူနေတာလို့ရေးကြတာ ကျွန်တော့်အတွက်တာ့ ဆန်းနေတယ်။ ကျွန်တော်တို့ခေတ်က အဲလိုမပြောကြပါ။ အိမ်ထောင်ကျရင် သားသမီးရကြတယ်။ ကလေးမလိုချင်သေးသူတွေကသာ တားဆေး တာနည်းရွေးပြီးတားကြတယ်။ တားဆေးတားနည်း မသုံးသူတွေက ကလေးယူနေတာလို့ မပြောကြပါ။

ကိုယ်ဝန်မရသေးရင် ဇနီးရော ခင်ပွန်းကိုပါကြည့်ရတယ်။ အမျိုးသမီးမှာ ရာသီလ မှန်နေရမယ်။ မမှန်စေတဲ့အကြောင်းရင်း ရှာရမယ်။ လိုတာလုပ်ရမယ်။ လစဉ်မျိုးဥထွက်နေရမယ်။ မျိုးဥထွက် မထွက် စမ်းရင်သိမယ်။ မထွက်ရင် ဆေးသောက်နိုင်တယ်။ သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ ရောဂါ (အလုံး-အကျိတ်-အိတ်) မရှိရ။ သားအိမ်ပြွန် ပွင့်နေရမယ်။ မျိုးပွားပိုးဝင်တာခဏခဏဖြစ်ဖူးရင် သားအိမ်ပြွန်တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိတ်နေနိုင်တယ်။ ပိတ်နေ မနေ ဆေးသွင်းပြီး အာလ်ထွာဆောင်းရိုက်ရတယ်။ ကိုယ်အလေးချိန် များနေရင် လျှော့ပေးမယ်။ လည်ပင်းကြီးဟော်မုန်း လိုအပ်သူ စစ်ရမယ်။ လိုအပ်ရင် ယောက်ျားသုက်ရည်စစ်ရမယ်။ အရေအတွက်ရော အရည်အသွေးပါမီရမယ်။

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://doctortintswe.blogspot.com/…/facts-to-get-pregnant.h… ကိုဖတ်နိုင်ပါတယ်။

မျိုးဥထွက်ဆေးနေ့တိုင်းမေးကြတယ်။ မျိုးဥထွက်မနေသူတွေမှာလိုပါတယ်။ မျိုးဥထွက်ဆေးသိလိုရင် Clomid ကလိုမစ်ဆေး http://doctortintswe.blogspot.com/2016/06/clomid.html ကို ဖတ်နိုင်ပါတယ်။

တချို့က ကလေးတယောက်မှမရသေးပဲ အမွာလိုချင်လို့မေးကြတယ်။ Chances of having twins အမွာကိုယ်ဝန်လိုချင်သလား http://doctortintswe.blogspot.com/2015/04/chances-of-having-twins.html ကို ဖတ်နိုင်ပါတယ်။

အခုတလော ကိုယ်ဝန်စမှာ အထဲကကလေးကို ယောက်ျားလေးဖြစ်ချင်လို့ မိန်းကလေးဖြစ်စေချင်လို့ ဘာလုပ်ရမလဲ မေးကြတယ်။ သန္ဓေတည်ကတည်းက အထီး-မ ပြဋ္ဌာန်ပြီးသားဖြစ်ပါတယ်။
- How Soon Can You Find Out Baby's Sex? http://www.parents.com/videos/v/63953585/boy-or-girl-how-genetics-determine-your-baby-s-gender.htm
- Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား http://doctortintswe.blogspot.com/2014/11/baby-boy.html
- Baby girl or boy ဘာလေးမွေးမှာလဲ http://doctortintswe.blogspot.com/2014/11/baby-girl-or-boy.html
- Gender ယောက်ျားလေး-မိန်းကလေး ဘာမွေးချင်လဲ http://doctortintswe.blogspot.com/2015/05/gender.html

မေးရင်တော့ အသက်ကိုအရင်ဆုံးပြောပါ။ အိမ်ထောင်သက်ပြောပါ။ ရာသီပြောပါ။ အာလ်ထွာဆောင်းပို့ရင် ပုံမလိုပါ။ မှတ်ချက်စာကြောင်းသာလိုတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ