Stress, depression and the holidays အားလပ်ရက်များနဲ့ စိတ်ကျန်းမာရေး


ဆရာ မင်္ဂလာပါရှင်။ သမီးအသက် ၂၃ နှစ် ပါ။ သမီးက career က IT နည်းပညာပိုင်းဖြစ်ပေမဲ့ ခန္ဓာဗေဒနဲ့ ဆိုင်တဲ့ စာပေတွေကို အချိန်ရရင် ရသလို ဖတ်ဖြစ်ပါတယ်။ အခု ဆရာကို Stress နဲ့ပတ်သက်ပြီး မေးချင်လို့ပါ။ အလုပ်မှာ အလုပ်ကိစ္စပြောရင်း ငြင်းခုံစရာတွေ၊ ကိုယ်လက်မခံနိုင်တဲ့ မဖြစ်သင့်တဲ့ အလုပ်တာဝန်တွေကို အထက်လူကြီးနဲ့ အပြန်အလှန်ပြောတိုင်း၊ သမီး ဗိုက်ချက်ချင်းအောင့်လာတယ်။ စကားပြောနေရင်း အရမ်းအောင့်လာတာ နောက် ၂ နာရီ ၃ နာရီလောက်နေမှ နဲနဲသက်သာတယ်။ Internet က စာတွေ ဖတ်ကြည့်တော့လည်း Stress နဲ့ဆိုင်သလိုလို ပြောကြတယ်။ အဲဒါ အမှန်လားဆရာ။ အဲဒါဆို သမီး ဘယ်လို ကာကွယ်နေထိုင်သင့်လဲဆရာ။

သူများနိုင်ငံတွေမှာ ဒီဇင်္ဘာဆိုရင် အားလပ်ရက်တွေများလို့ စိတ်လှုပ်ရှားတက်ကြွကြတယ်။ ခရစ္စမတ်ကနေ နှစ်သစ်ကူးအထိ အလုပ်နားကြသူတွေကအများစုဖြစ်တယ်။ ဒါပေမဲ့ အားလပ်ရက်အတွက် စိတ်မအားသူတွေလဲ မနည်းလှပါ။ စိတ်ဓါတ်ကျသူတွေနဲ့ စိတ်ဖိအားများသူတွေအတွက် ကျန်းမာရေးဘက်ကနေ အကြုံပါရစေ။

• Acknowledge your feelings ဖြစ်ပေါ်လာတဲ့စိတ်လှုပ်ရှားမှုတွေကို မသိကျိုးကြွံမပြုပါနဲ့။ ဝမ်းနည်းစရာအတွက် ငိုချင်ရင် ငိုလိုက်ပါ။ ဝမ်းနည်းကြေကွဲမှုဆိုတာ လူတိုင်းမှာကြုံကြရတာမျိုးဖြစ်လို့ ကြုံလာရင် လက်ခံရင်ဆိုင်ပါ။ အမျိုးတယောက် ဆုံးပါးနေချိန်မျိုးမှာ ပျော်စရာရအောင်ရှာမယ် စိတ်မကူးပါနဲ့။
• Reach out ထည်းထည်းမနေပါနဲ့။ မိသားစုဝင်တွေ၊ အပေါင်းအသင်းတွေနဲ့ရောထွေးပါ။ လူမှုရေး၊ သာရေးနာရေး တွေကို သွားလာဘို့ မပျက်ကွက်စေပါနဲ့။ စိတ်ပါတဲ့စေတနာ့ဝန်ထမ်းအလုပ်ထဲမှာ ဝင်လုပ်လိုက်ပါ။
• Be realistic လက်တွေ့ဆန်ပါ။ ဘယ်နေ့အားရက်မဆို ရာနှုန်းပြည့်ပျော်စရာတွေချည်းရှိမယ်လို့ ထင်မထားပါနဲ့။ မိသားစုတွေဆိုတာ ပြောင်းနေတတ်တယ်။ အပေါင်းအသင်းတွေက ပိုအပြောင်းအလဲများမယ်။ နေထိုင်ရာ ပတ်ဝန်းကျင်ဆိုတာလဲ တသမတ်ထဲမဟုတ်ပါ။ ဖြစ်လာတဲ့အခြေအနေ အနေအထားမှာ သင့်တော်ရာကိုရွေးပြီး ကျေနပ်တတ်ပါစေ။ ဆန်းသစ်မှုလိုရင် ဆန်းသစ်တာရှာပါ။
• Set aside differences မတူညီတာတွေကိုဘေးဖယ်ထားပါ။ ကိုယ်မျှာ်လင့်ထားသလို မဟုတ်ရင် နေပါစေ။ သူ့သဘောနဲ့သူသာ စခန်းသွားစေလို့ သဘောပိုက်ပါ။
• Stick to a budget ကိုယ်နိုင်တဲ့ကုန်ကျမှုကို တိုင်းထွာပါ။ ဝချင်တာ၊ သုံးချင်တာ၊ ဖြုန်းချင်တာတွေတိုင်းဟာ ကိုယ့်ဘတ်ဂျက် အကန့်သတ်နဲ့သာလုပ်ဆောင်ပါ။ လက်ဆောင်တွေရတာ၊ ပေးနိုင်တာနဲ့ အကြွေးထူတာမလဲပါနဲ့။
• Plan ahead ကြိုတင်စီစဉ်ပါ။ ကိုယ်သွားချင်လာချင်တာ၊ ဝယ်ချင်တာ၊ ပေးချင်တာတွေကို တင်ကြိုပြီး စီစဉ်ထားပါ။
• Learn to say no ငြင်းဆိုဘို့ဝန်မလေးပါနဲ့။ ကိုယ်မကြိုက်တာ၊ ကိုယ်မလိုက်နိုင်တာ၊ ကိုယ်မတတ်နိုင်တာမှန်သမျှ နိုးပြောဘို့ ဝန်မလေးပါနဲ့။
• Don't abandon healthy habits ကိုယ့်ကျန်းမာရေးနဲ့ညီညွတ်တာကိုသာလုပ်ပါလေ။ ပါတီတွေ၊ ဧည့်ခံပွဲတွေမှာ ကိုယ်နဲ့ မသင့်မဲ့ အစားအသောက်တွေတွေ့ပါမယ်။ ရှောင်ဘို့ဆုံးဖြတ်ထားပါ။ သွားလေရာမှာ သင့်တာ မရနိုင်လောက်ရင် ကိုယ်နဲ့ သင့်မြတ်တာကို ယူဆောင်သွားပါ။
• Get plenty of sleep အိပ်ရေးပျက်မခံပါနဲ့။
• Take a breather လူအများကြားထဲမှာ အချိန်အကြာကြီးနေရတဲ့ကာလအတွင်းမှာ ခဏတဖြုတ်ဖြစ်စေ အသက်ရှူချောင်ရာကို ထွက်လိုက်ပါ။
• Seek professional help if you need it လိုအပ်မယ်ထင်ရင် စိတ်အထူးကုဆရာဝန်နဲ့တိုင်ပင်ပါ။ အကူအညီရယူပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ