နွေဦးရာသီနှင့် ရေကျောက် ရောဂါ


ရေကျောက်ရောဂါဆိုသည်မှာ-ဆောင်းအကုန်နွေဦးကာလများဖြစ်တဲ့မတ်လနှင့်ဧပြီလလောက်မှာ ရောဂါအဖြစ်များပြီး က လေး တွေမှာ ဖြစ်ရိုးဖြစ် စဉ်မြင်တွေ့ရတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။
အင်္ဂလိပ်လို Chicken pox လို့ခေါ်ပြီး မြန်မာလိုတော့ရေကျောက်ရောဂါ သို့မဟုတ် ပဲသီ တာလို့ ခေါ်ကြပါတယ်။ Varicella Zoster (ခေါ် DNA ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ ဖြစ်ပွား သူ စုစုပေါင်းရဲ့ ၉ဝ ရာခိုင်နှုန်းဟာ အသက်လေးနှစ်နှင့် ၁ဝ နှစ်ကြား ကလေးငယ် တွေဖြစ်ပြီး ကျန်တဲ့ ၁ဝ ရာခိုင်နှုန်းကတော့ အသက် ၁၈ နှစ်အောက် လူငယ်လူရွယ်တွေဖြစ်ပါ

တယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ (တစ်ခါတစ်ရံ ခြောက်လ သားအရွယ်မှာ လည်း ရေကျောက်ပေါက် တာကို တွေ့ရပါတယ်)သာမန်အားဖြင့် ၎င်းရောဂါဟာ အသက် အန္တ ရာယ် စိုးရိမ် စရာမရှိသော်လည်း ကိုယ်ခံ အား ကျနေသော ကလေးငယ်များ၊ ကျောက်ကပ်ရောဂါ၊ သွေးကင်ဆာရောဂါခံစားနေရသည့် ကလေး ငယ်တွေ မှာ ရေကျောက် အရည်ဖုများမှတစ်ဆင့် ဗက်တီးရီးယားပိုးဝင်ပါက ပြည်တည်နာဖြစ်ပြီး အသက် အန္တရာယ် ရှိနိုင် ပါ တယ်။

ဒါ့အပြင် ရေကျောက်ဗိုင်းရပ်စ်ပိုးကြောင့် နောက်ဆက်တွဲ ဦးနှောက်ရောင်ခြင်း၊ အဆုတ် အ အေးမိခြင်းနှင့် အ သည်းရောင်ခြင်းတွေဖြစ်ပွားပြီး သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ ကိုယ်ခံ အားနည်း သူတွေမှာ သွေး ယို တာတွေဖြစ် လာနိုင်ပါတယ်။

ရောဂါလက္ခဏာ-ထိုဗိုင်းရပ်စ်ကူးစက်ခံရလျှင်ခန္ဓာကိုယ်မှာအနီစက်၊အဖုအပိမ့်တွေထွက်လာပါလိမ့်မယ်။ ရင်ဘတ်၊ဝမ်းဗိုက်၊နောက်ကျောစတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာအနီစက်တွေစထွက်လာပြီးယားလို့ကုတ်မိခြင်းဖြင့်သတိထားမိတတ်လာပါတယ်။ ပိုးဝင်ပြီးပထမတစ်ရက်အတွင်းနှာစေး၍ ချောင်းဆိုးလာတတ်ပါတယ်။ နည်းနည်းဖျား လာပါ လိမ့် မယ်။ အသားနာ၊ ပျို့အန်၊ အစားအသောက်ပျက်လာပါမယ်။

ထို့နောက် လက်မောင်း၊ မျက်နှာ၊ ပါးစပ်၊လိင်အင်္ဂါ၊ ခြေထောက်၊ ဦးရေပြားပါမကျန် တစ်ကိုယ်လုံး အနှံ့ အလားတူ အနီစက်အဖုလေးတွေအုပ်စုလိုက်ထွက်လာပြီး နှစ်ရက်၊သုံးရက်ကြာရင်အရေပြား ပေါ်မှာအရည်ကြည်ဖုလေးတွေပေါ်လာပါတယ်။(အချို့ကလေးတွေမှာတော့နာရီပိုင်းအတွင်းမှာပင် အရည်ကြည်ဖုလေးများဖြစ်လာကြပါတယ်)ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးရက်သတ္တတစ်ပတ်အတွင်းအရည်ကြည်ဖုလေးတွေတဖြည်းဖြည်းခြောက်ပြီးခုနစ်ရက်ကျော်သွားတဲ့အခါမှာတော့ အကုန်လုံးခြောက်လာပြီးကွာကျသွားပါလိမ့်မယ်။ နောက်ဆုံးမှာ အမာရွတ်ပါမကျန် သူ့အလိုလို ပျောက်သွားပါတယ်။

အနီဖုလေးများပေါက်တဲ့အချိန်မှာ တွေ့မြင်ရတဲ့အခြားလက္ခဏာများမှာကလေးကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ချောင်းဆိုးခြင်း၊ တစ်ခါတစ်ရံအပြင်းဖျားခြင်း၊ကြွက်သားများနာခြင်း၊လည်ချောင်းနာခြင်း၊နားကိုက်ခြင်း၊မလှုပ်ချင်၊မသယ်ချင်လောက်အောင် နုံးချည့်နေခြင်း စသည်တို့ဖြစ်ကြပါတယ်။

ကူးစက်ပုံ-

ကလေးတွေမှာ ရောဂါပျိုးစ(အရည်ကြည်ဖုမပေါ်ခင်)အချိန်မှာ ကူးစက်မှုအမြန်ဆုံးဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အနီ စက်ထွက်ပြီး နောက်ငါးရက်အကြာမှာ နောက်တစ်ဦးဆီသို့ရောဂါကူးစက်ဖို့အခွင့်အလမ်းများပါတယ်။ (တစ်ခါတစ်ရံ နှာစေးချောင်းဆိုးရုံလောက်နဲ့ပြီးသွားပြီးတစ်ရက်၊ နှစ်ရက်ကြာတဲ့အခါအတူနေကလေးတွေကိုကူးစက်သွားပါတယ်)အဓိကကူးစက်ပုံကတော့ လေထဲကတစ်ဆင့် ကူးစက်ခြင်းပါ။ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် ရောဂါရှိတဲ့ကလေးရဲ့ အသက် ရှူလမ်းကြောင်းမှထွက်သော အရည်၊ အမှုန်အစက်ကလေးတွေကတစ်ဆင့် ကူး စက်ပါတယ်။

အနီစက်ကဖြစ်လာတဲ့ ပဲသီတာအရည်ဖုကထွက်တဲ့ အရည်ထဲမှာ ဗိုင်းရပ်စ် ပိုးတွေ အများကြီး ပါဝင်နေပါတယ်။ ဒါကြောင့် ရောဂါရှိသူနှင့် ခန္ဓာကိုယ် ချင်း ထိတွေ့ ဆက် ဆံမှုမှ ကူးစက်တတ်ပါတယ်။

ထိုအရည်ကြည်ဖုလေးတွေကိုဗက်တီးရီးယားပိုးဝင်သွားပါက ပြည်တည်နာလေး တွေဖြစ်သွားပါတယ်။ ရေကျောက်ဗိုင်းရပ်စ်ပိုးကြောင့် နောက်ဆက်တွဲရောဂါများအဖြစ် ဦးနှောက် ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊အဆုတ်အအေးမိခြင်းတွေဖြစ်စေနိုင်ပါတယ်။ သာမန်အားဖြင့် အသက် အန္တရာယ်မရှိပေမယ့်ခုခံအားကျဆင်းနေတဲ့ကလေးများ၊ ကျောက်ကပ်ရောင် ရောဂါရှိတဲ့ကလေးများ၊ သွေးကင်ဆာရောဂါရှိတဲ့ကလေးများ၊ စတီးရွိုက်ဆေးသောက်နေရ၍ ခုခံအားကျနေတဲ့ကလေးများတွင် ရေကျောက်အနာဖုမှ ပြည်တည်နာဖြစ်တဲ့အခါ အ သက်အန္တရာယ်ရှိနိုင်ပါတယ်။

ကုသပုံ-

(၁) ရေကျောက်ရောဂါ(ခေါ်)ပဲသီတာဟာ အန္တရာယ်

မရှိလှသလိုသိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။အရည်ကြည်ဖုလေးတွေဖြစ်ပေါ်လာလည်းဘာ ဆေးမျှ လိမ်းစရာမလိုပါဘူး။ သနပ်ခါးလည်းလိမ်းစရာမလိုပါဘူး။ အရည်ကြည်ဖုလေး တွေ အချိန်တန်ရင်ကွာကျသွားမှာပါ။ အနီ စက်တွေ ထွက်ပြီး တစ်ပတ်အကြာမှာ အမာရွတ် ပါမ ကျန် ပျောက်ကင်းသက်သာတတ်ပြီး အချို့လူနာများမှာ တစ်လခန့် အထိကြာ တတ် ပါတယ်။ တစ်ခါတစ်ရံ အရေပြားရဲ့အလွှာကို ထိရင်တော့ အမာရွတ်သေးသေးလေးကျန်တတ် ပါ တယ်။ ပြည်တည်ရောဂါပိုးဝင်ခဲ့ရင် တော့ အမာရွတ်ကျန်တတ်ပါတယ်။

(၂) ရေနွေးနဲ့ရေချိုးပါ သို့မဟုတ် ရေနွေးစိမ် အဝတ်နဲ့ ရေဖတ်တိုက်ပေးပါ။

(၃) အဖျားဝင်နေပါက paracetamol တိုက်ကျွေးနိုင်ပါတယ်။ (သို့သော် aspirin, Ibuprofen တို့လို အ ကိုက် အ ခဲပျောက်ဆေးတွေ အသုံးမပြု သင့်ပါဘူး)

(၄) အဖုအပိမ့်လေးများကို Calamine အရည်လိမ်းပေးပါ သို့မဟုတ် အဝတ်သန့်သန့်ကိုရေနွေး တို့၍ သန့် စင်ပေး ပါ။

(၅) သိပ်ဆိုးရင်antihistamine လို့ခေါ်တဲ့ အယား ပျောက်ဆေးတွေ သောက် သုံးနိုင်ပါတယ်။ (သို့သော် အရောင် ကျစေ တဲ့ steroid လိမ်းဆေးမျိုးမသုံးသင့်ပါဘူး)

(၆)သင်္ဘောသီး၊နာနတ်သီး၊ဖရဲသီး၊စပျစ်သီးစတာတွေကလည်းအရေပြား ရောဂါတွေအတွက်အထောက်အကူပြုပေးနိုင်ပါတယ်။

(၇)အုန်းရည်ဟာအရေပြားကျန်းမာရေးကိုအထောက်အကူပြုတာကြောင့် ရေကျောက် ရောဂါအတွက်သာမက ကျောက်ကြီးရောဂါ၊ ဝက်သက်ရောဂါများ အတွက် အုန်း ရည်အဝသောက်ပေးခြင်းဖြင့် သက် သာစေပါတယ်။

(၈) မုန့်လုပ်ရာမှာသုံးတဲ့ ဆားဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရေဖျော်၍ အဖုအပိမ့်လေးများကို တို့ပေးခြင်းဖြင့် ယားယံခြင်းကို သက် သာစေနိုင်ပါတယ်။

(၉)ဝက်သက်၊ ရေကျောက်(ခေါ်)ပဲသီတာ စသည့် အပူနာရောဂါများ အတွက် ကြိုတင် ကာကွယ် ဆေးအဖြစ် ခံ တက် ရွက်ကို သကြား သို့မဟုတ် ထန်းလျက် သို့မဟုတ် ပျား ရည် စသည့်သင့်ရာ တစ်မျိုးမျိုးဖြင့်ပြုတ်၍ တိုက်ကျွေး သင့် ပါတယ်။

(၁ဝ) ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အားဆေးတွေတွဲသောက်ပေးပါ။

(၁၁) ရေများများသောက်ခြင်း၊သန့်ရှင်းလတ်ဆတ်တဲ့အသီးအရွက်များများစားခြင်းဟာ ရောဂါလက္ခဏာသက်သာစေရုံသာမက ကိုယ်ခံအားပါတက်စေနိုင်ပါတယ်။

(၁၂)လည်ချောင်းနာပါကဆားရည်ပလုတ်ကျင်း ပေးနိုင်ပါတယ်(မှတ်ချက်)အကယ်၍ ရောဂါလက္ခဏာပြင်းထန်လွန်းပြီး ကူးစက်မှုများနေရင်တော့ Acyclovir ဆေးပြား ကို၇၂ နာရီအတွင်း တိုက်ကျွေးဖို့လိုအပ်နေပါပြီ။ ဒါကြောင့် ကလေး ကိုယ်ပူပြင်း ထန်လွန်းလျှင်သော်လည်းကောင်း၊ကလေးမနေနိုင်အောင်အဖုအပိမ့်များက ယားယံ နေ လျှင်သော် လည်းကောင်းဆရာဝန်ထံပြသပါ။တစ်ခါတစ်ရံမှာတော့အဖုအပိမ့်ထဲကိုပိုးဝင်ပြီး ပြည်တည်နာများဖြစ်လာတတ်တဲ့အတွက် လိုအပ်တဲ့ပိုးသတ်ပဋိဇီဝထိုးဆေး၊ စားဆေး၊ လိမ်း ဆေး များကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။

ရောဂါမဖြစ်အောင်ကာကွယ်နည်း-

(၁)အသက်ငါးနှစ်အောက် ကလေးငယ်များကိုတစ် နှစ် သားမှာ တစ်ကြိမ်၊ ငါးနှစ်သားမှာ တစ်ကြိမ် စုစုပေါင်း ကာ ကွယ်ဆေး နှစ်ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

(၂) ရေကျောက်ရောဂါလုံးဝမဖြစ်ပွားခဲ့ဖူးသူ၁၈ နှစ်အောက်လူငယ်များကလည်းကာကွယ် ဆေး နှစ်ကြိမ်ထိုးပေးခြင်းဖြင့် ကြို တင် ကာကွယ်ထားနိုင်ပါတယ်။ ထိုအရွယ်များမှာတော့တစ်ကြိမ်နှင့်တစ်ကြိမ် တစ်လခြားပြီးထိုးပေးရမှာပါ။

(၃) အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၅ ခုနှစ်မှ စတင်၍ရေ ကျောက်ကာကွယ်ဆေးထိုးပေးခဲ့ရာ ဖြစ်ပွားနှုန်း ၉ဝ ရာ ခိုင်နှုန်းခန့် လျှော့ချ နိုင်ခဲ့တယ်လို့ဆိုပါတယ်။သို့သော် ကိုယ် ဝန် ဆောင်မိခင်များ၊ HIV ကူး စက် ခံနေ ရ သူများ၊aspirinကဲ့သို့အကိုက်အခဲပျောက်ဆေးရေရှည်သုံးစွဲနေသူများနှင့်ူငညခသာပခငညကဲ့သို့ပဋိဇီဝဆေးမတည့်သူများကတော့ ထို ရေကျောက်ရောဂါကာကွယ်ဆေး မထိုးသင့် ပါဘူး။

(၄)အထူးသဖြင့် ရေကျောက်ဖြစ်ပွားဖူးခြင်း လုံးဝ မရှိသေးသော မိခင်လောင်းအနေနဲ့ ကိုယ်ဝန် မဆောင်ခင် တစ်လအလိုမှာကာကွယ်ဆေး အပြည့်အစုံဖြစ်အောင် ကြို တင် ထိုး ထားခြင်း ဖြင့် မွေးဖွားလာမည့်ကလေးအတွက် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီကြိုတင်ကာကွယ် ဆေးမျိုး ကို ဂျ ပန်လူမျိုး michiaki Takahashi က ၁၉၇၄ ခု နှစ် လောက်မှာ စတင်တီထွင် ထုတ် လုပ်ပေး ခဲ့ကြောင်း လေ့ လာမှတ် သားရပါ တယ်။

(၅)အထူးသတိပြုရမည့်အချက်မှာ ရေကျောက်တစ်ခါဖြစ်ဖူးရင်နာက်လူကြီးဘဝမှာ ရေယုန် ဖြစ်ဖို့၂ဝရာခိုင်နှုန်းသေချာနေပါပြီ။ဒါဘာ ကြောင့်လဲဆိုရင် ကလေးငယ် ဘဝမှာ ရေကျောက် အနီစက်လေးတွေ လုံးဝပျောက် ကင်း သွားမေယ့် ဗိုင်းရပ်စ်ပိုးကတော့ခန္ဓာ ကိုယ်ရဲ့အာရုံ ကြောစနစ်ထဲမှာရှိနေတုန်းပါပဲ။ဒီလိုနဲ့အသက်ကြီးလာပြီးနောက်ခုခံအားကျဆင်းတဲ့အခါဖြစ်စေ၊အာဟာရချို့တဲ့နေချိန်မှာဖြစ်စေခန္ဓာကိုယ်ထဲမှာကိန်း အောင်းငုပ်နေတဲ့ပိုးဟာ ရေယုန်အနေနဲ့ ပြန်လည်ပေါ်ပေါက်လာတတ် လို့ပါပဲ။ထိုပြ ဿနာမျိုးကိုအများအားဖြင့်အသက်၆ဝ ကျော်အရွယ်မှာကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေကျောက်ဖြစ်ဖူးသူတွေ အနေနဲ့ တစ်ချိန် မှာ ရေ ယုန်မဖြစ်အောင် ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

(၆) ရေကျောက်(ခေါ်)ပဲသီတာဖြစ်တဲ့အခါ ရောဂါ ဖြစ်သူရဲ့အဝတ်အစားများကို ရေ နွေး နဲ့သီးသန့်လျှော် ဖွပ် ပါ။

(၇) ပဲသီတာအဖုလေးတွေက ယားလွန်းတာကြောင့် ကုတ်မိပါတယ်။ အဖုလေးတွေ အနာ မဖြစ် အောင်ကာ ကွယ် သည့်အနေဖြင့်ကလေးကိုလက်သည်းညှပ်ပေးပါ။လက်သည်းညှပ်ပြီတဲ့အခါမှာလည်းစူးရှမနေစေဖို့အတွက်လက်သည်းကိုတံစဉ်းဖြင့်တိုက်ပေးပါ။ ။


မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ