Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း
မင်္ဂလာပါဆရာ။ ကျတော့်နာမည့့် ပါ။ အသက်က ၂၃ နှစ်။ ခရီးသွားရင် ကားအရမ်းမူးပါတယ်။ ကားမူး ပျောက်ဆေးဆိုတာလည်း သောက်ဖူးပါတယ်။ မသက်သာဘူးဆရာ။ ဘာတွေလုပ်သင့်လဲ ဖြေကြားပေးပါဆရာ။
ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်သိပြီး ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြော စနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓာ အတက်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ဖြစ်တဲ့အခါ နားအတွင်းထဲရှိတဲ့ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ ပေးပို့ချက်တွေ သဟဇာတမဖြစ်လို့ မူးဝေအော့အန်ဖြစ်စေခြင်းဖြစ်တယ်။ ဒါကြောင့် နားအတွင်းကလာမဲ့ ပေးပို့ချက်ကို ဦးနှောက်က အန်ခြင်းကို ဖြစ်စေတဲ့နေရာဆီ မရောက်စေအောင် တားဆီးမဲ့ဆေးကိုပေးရတယ်။ Hyoscine, Cyclizine, Cinnarizine, Promethazine တို့ကိုပေးနိုင်တယ်။
အကြံပြုချက်များ
• မိုးကုပ်စက်ဝိုင်းဆီကိုသာကြည့်ပါ။ အဝေးကိုကြည့်ပါ။ စာမဖတ်ပါနဲ့။ ခေါင်းကိုငြိမ်ငြိမ်ထားပါ။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူနဲ့တွဲမထိုင်ပါနဲ့။ ခရီးမထွက်မီ အဆီ-အစပ်များတာမစားပါနဲ့။ အရက်မသောက်ပါနဲ့။ အပြင်ကို မမြင်ရချိန်မှာဆိုရင် မျက်စိတဖက်တည်းသာဖွင့်နေပါ။ အိပ်နိုင်အောင်ကြိုးစားပါ။ ပီကေ (ခြူယင်းဂမ်း) ဝါးနေပါ။ လေအေး လေသန့်ရတာသက်သာစေတယ်။
• Meclizine (Antivert) ခရီးမထွက်မီ နာရီဝက် တနာရီကြိုသောက်ပါ။ ဆေးက အိပ်ချင်မှာကိုသတိပြုပါ။
• Scopolamine transdermal patches (1.5 mg) ဆေးကပ်ခွါ၊ Scopolamine tablet form (0.4 mg) ဆေးပြား သုံးနိုင်တယ်။ ခရီးမထွက်ခင် စောနိုင်သမျှစောစောကြိုကပ်ထားပါ။ တခါကပ်ရင် ၇၂ နာရီခံတယ်။ ပန်းနာ၊ မျက်စိရေတိမ်၊ ဆီးအသွားခက်သူတွေနဲ့မသင့်ပါ။
• Metoclopramide နဲ့ Prochlorperazine ဆေးလဲ သုံးနိုင်တယ်။
• Head-worn computer device ခေါင်းတပ် ကွန်ပြူတာသုံးကိရိယာလဲ သုံးကြတယ်။
• ViBAN မျက်စိတပ် ကိရိယာလဲ သုံးတယ်။
• Wristband လက်ကောက်ဝတ်တပ်စရာလဲ သုံးတယ်။
• Ginger root ချင်း (ဂျင်း) မြစ်ကိုလဲ သုံးကြတယ်။
အသုံးအများဆုံးဆေး Dramamine (Dimenhydrinate) ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင် ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ။ ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမယ်။ အချို့ဆေးက ၄ နာရီခံပြီး အချို့က ၂၄ နာရီခံတယ်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့် သောက်ပါ။ တခြားအအန်သက်သာဆေးတွေက မထိရောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါအတွက် တနေ့ ၄-၆ ကြိမ်။ အိပ်ချင်မယ်။ အိပ်ပျော်နေမယ်။
- ၂-၆ နှစ် = 12.5 to 25 mg ၆-၈ နာရီတကြိမ်၊ ၂၄ နာရီတွင်းမှာ 75 mg
- ၆-၁၂ နှစ် = 25 to 50 mg ၆-၈ နာရီတကြိမ်၊ ၂၄ နာရီတွင်းမှာ 150 mg
- ၁၂ နှစ် = 25 to 100 mg ၃ဝ-၆ဝ မိနစ်၊ ၆-၈ နာရီတကြိမ်၊ ၂၄ နာရီတွင်းမှာ 400 mg/day ထက်မပိုရ။
Meclizine 25 mg ကိုလည်းသောက်နိုင်တယ်။ မအိပ်ချင်ပါ။ တနေ့ ၁-၂-၃ ကြိမ်အထိသောက်နိုင်တယ်။
Seasickness ပင်လယ်ခရီးသွားမူးခြင်း http://doctortintswe.blogspot.com/2016/02/seasickness.html
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin