ပန်းမုန်လာစိမ်းတွင်ကင်ဆာကာကွယ်ပေးနိုင်သည့်အာနိသင် တွေ့ ရှိ


ပန်းမုန်လာစိမ်းတွင် အဖိုသုက်ရည်ဂလင်းကင်ဆာဆဲလ်များတွင်တွေ့ ရလေ့ရှိသည့် RNA ဆဲလ်များ ဆက်လက် မပွားများနိုင်အောင် ဟန့် တားနှောက်ယှက်ပေးနိုင်သည့် ဆာလ်ဖိုရာဖိန်း အစွမ်းသတ္တိကိုတွေ့ ရှိရကြောင်း အမေရိကန် ပြည်ထောင်စု၊ အိုရီဂွန်တက္ကသိုလ်မှ ကင်ဆာသုတေသီများက ပြောသည်။

ယခင်က RNA ဆဲလ်များကို အသုံးမဲ့ DNA ဆဲလ်များဟု ယုံကြည်ခဲ့ကြောင်း၊ သို့ သော် အဆိုပါ RNA ဆဲလ်များက ကင်ဆာအမျိုးမျိုးကိုဖြစ်စေရာတွင် အဓိကကျသည့်အရာများဖြစ်နေသည်ကိုဆက်လက်တွေ့ ရှိရကြောင်း၊ အဖိုသုက် ရည် ဂလင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အဆုပ်ကင်ဆာ အပါအ၀င် အခြားသောကင်ဆာ အမျိုးမျိုးကိုလည်း RNA ဆဲလ်များက အားပေးခြင်းဖြစ်ကြောင်း၊ ၄င်း RNA ဆဲလ်များ ဆက်လက်မပြန့် ပွားနိုင်အောင် ဟန့် တားနှောက်ယှက်ပေးသည့် ဆာလ်ဖိုရာဖိန်းဓါတ်ကို ပန်းမုန်လာစိမ်းတွင် တွေ့ ရှိရခြင်းဖြစ်ကြောင်း သိရသည်။ RNA တွေက ဗီဇဓါတုပစ္စည်းရဲ့  လုပ်ဆောင် ချက်တွေကို ထိန်းချုပ်နိုင်ပါတယ်။

ဗီဇဆဲလ်တွေကို လိုအပ် သလို အဖွင့်အပိတ်လုပ်ပေးပြီး လုပ်ငန်းဆောင်ရွက်စေပါတယ်။ ဒါကြောင့်လည်း ဒီ RNA ဆဲလ်တွေကိုယ် တိုင် မူမမှန်ဖြစ်လာတဲ့အခါ ရောဂါမီးအမျိုးမျိုးလောင်ကျွမ်းစေတဲ့ လောင်စာဖြစ် လာတော့တာပါပဲ ။ အဲဒီလို အချိန်မှာ ပန်းမုန်လာစိမ်းထဲက ဆာလ်ဖိုရာဖိန်း က အဲဒီကင်ဆာဆဲလ်တွေကို ဟန့် တားတိုက်ဖျက်ပေးနိုင် တာပါပဲ ဟု သုတေသီတစ်ဦးက ရှင်းပြသည်။ ပန်းမုန်လာစိမ်းထဲမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ဓါတ်စာတွေကို အမြင့်ဆုံးတွေ့ ရပါတယ်။

ဒီအစွမ်းသတ္တိ တွေကို ထုတ်ယူသုံးစွဲနိုင်မယ်ဆိုရင် ကင်ဆာရောဂါကိုတိုက်ဖျက်ရာမှာ အားကောင်း လှတဲ့ဆေးဝါးအသစ် တွေကို ထုတ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ကင်ဆာကို ဓါတုဆေးဝါးနဲ့  မတိုက် ဖျက်နို်င်ဘဲ သဘာဝအသီး အရွက်တွေထဲက အာနိသင်နဲ့ တိုက်ဖျက်နိုင်မယ့်သဘောဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ရှင်းပြသည်။ ယခုနောက်ပိုင်းတွင် ကင်ဆာဝေဒနာကုထုံးတွင် ဓါတုဆေးဝါးကုထုံး၊ ဓါတ် ကင်ကုထုံးများ အပြင် သဘာဝ ဓါတ်စာများဖြင့် ကုသသည့်နည်းလမ်းကိုလည်း တွင်ကျယ်စွာ အသုံးပြု လာလျက်ရှိကြောင်း၊ ၂၀၁၂ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းတွင် ကင်ဆာမျိုးစုံလူနာ ၁၄.၁ သန်း ရှိကြောင်း ၊ ၄င်းနှစ်တွင်ပင် ကင်ဆာရောဂါကြောင့် သေဆုံးသူ ၈.၂ သန်း ရှိခဲ့ကြောင်း၊ ကင်ဆာမျိုးစုံ၏ ၃၃ ရာခိုင်နှုန်းမှာ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ