Vomiting in babies ကလေးတွေအန်ရင်


ဆရာရေ ကျွန်တော်သမီးက ၁၀လထဲပါ။ ခု ၂ ရက်ရှိပြီ အစာစားရင် ပျို့ပျို့နေလို့။ ညပိုင်းလည်းအိပ်ရင် ဗိုက်ထဲနေလို့ မကောင်းဘူးလားမသိဘူး။ တော်တော်နဲ့ မအိပ်နိုင်ဘူး ဖြစ်နေတယ်ဆရာ။ ပြောပေးပါဦးဗျာ။

ကလေးငယ်လေးတွေ အန်ရင်တော့ လူကြီးတွေနဲ့ မတူတာတွေကြောင့် ဖြစ်နိုင်တယ်။ မွေးစကလေး အန်တာ အများဆုံးက နို့စို့ရင်း လေကိုပါမျိုချတာမို့ သူ့အစာအိမ်ထဲ လေအပိုတွေများလို့ အန်တယ်။ ကလေးငယ်တော့ သူ့ အစာလမ်းအထိန်းစနစ် ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဖြစ်တယ်။ ဒါမျိုးဖြစ်ရင် ကလေးကို နို့တိုက်ပြီးတိုင်း ခေါင်းထောင်ပြီး ကျောလေးသပ်ပေး လေထုတ်ရမယ်။ လေကပေါ့လို့ လေထွက်မယ့် ပါးစပ်က ကလေးအစာအိမ်နေရာ (ရင်ခေါင်း) ရဲ့အထက်မှာထားရမယ်။

နို့တိုက်တာမှာ အချိန်ခြာတိုက်နိုင်တယ်။ တခါတိုက်ရင် မများစေပါနဲ့။ Gripe water/Gripe mixture လို လေဆေးကို အားမကိုးပါနဲ့။ အဲလိုဆေးက လေဗူဖေါင်း သေးသေးလေးတွေကို ပေါင်းစပ်စေပြီး ကြီးအောင်လုပ်ပေးတယ်။ လေထွက်ရ လွယ်စေဘို့ဖြစ်ပါတယ်။ ခဏခဏမတိုက်သင့်ပါ။

ဝမ်းလျှာတာနဲ့ အန်တာ ရောနေတယ်ဆိုရင် (ဗိုင်းရပ်စ်) ဝင်တာဖြစ်မယ်။ ဝမ်းပိတ်ဆေးမလိုအပ်ပါ။ ရှားပါးတာတွေလည်း ရှိတယ်။ ကလေး ၂၃ လအရွယ်မှာ အစာစားကျွေးပြီး ထိုးအန်ရင် Pyloric stenosis ဆိုတဲ့ အစာအိမ်အထွက်နေရာ ကျဉ်းတဲ့ရောဂါ ဖြစ်နိုင်တယ်။ သေခြာစစ်ဆေးပြီး လိုအပ်ရင်ခွဲစိတ်ကုသရတယ်။

အန်လည်းအန်မယ်၊ ငိုလည်းငိုမယ်၊ ဝမ်းထဲမှာလည်း သွေးအနီရောင်ပါမယ်ဆိုရင် Intussusception ခေါ်တဲ့ အူထဲကို အူတိုးဝင်လို့ အူပိတ်ရောဂါ ဖြစ်နိုင်တယ်။ ခွဲစိတ်ရမှာပါပဲ။ ကလေးတွေမှာ Cyclic vomiting syndrome ဆိုတဲ့ ရောဂါ တမျိုးလည်းရှိတယ်။ အချိန်မှန် အန်နေတာမျိုး။

အန်တာများရင် အသက်ငယ်လေ ရေနဲ့ ဓါတ်ဆားနည်းတာ ဖြစ်နိုင်လေဖြစ်တယ်။ မျက်တွင်း ချိုင့်နေမယ်၊ မပိတ်သေးရင် ငယ်ထိပ် ခွက်နေမယ်။ ခြေလက် အေးစက်လာမယ်၊ အရေပြားကို အသာလေး မကြည့်ရင် အောက်ပြန်ကျတာ အရင်တုံးကလို အမြန်ပြန်မကျနိုင်ဘူး။ အားမရှိဘူး၊ ရေငတ်မယ်၊ ဆီးအရောင် ရင့်မယ်၊ ဆီးနဲမယ်၊ အာခေါင် ခြောက်မယ်၊ ကလေးက ငိုတာတောင်မှ မျက်ရည်ခမ်းနေမယ်၊ ဘယ်လိုချော့ချော့မရဘူး။

အဖတ်မပါတဲ့နည်းတဲ့ ရေအရည်ကိုသာ သောက်ပါတိုက်ပါ။ မများစေနဲ့။ မနဲစေနဲ့။ ORS ဓါတ်ဆားရေ ပါးစပ်ကနေ တိုက်လို့ရရင်တိုက်၊ တချို့ ကလေးကို နှာခေါင်းပိုက်နဲ့တိုက်။ မရရင် ဝမ်းလျှောတဲ့သူတွေကို ကုသလိုပါဘဲ။ RL drip သွင်းရမယ်။ အန်တာသက်သာဆေးကို အန်လို့တိုက်မရရင် ထိုးပေးရတတ်တယ်။

အအန်ပျောက်ဆေးတွေ dexamethasone, dimenhydrinate, granisetron, metoclopramide ထဲက ondansetron က အထိရောက်မှုအများဆုံးလို့ လေ့လာမှုတခုကဆိုပါတယ်။ ဆေးမှန်သမျှကို ကိုယ်အလေးချိန်အရ တိုက်ရမည်။ Transderm Scop ဆေးကပ်ခွါကို အရေပြားမှာ ကပ်ထားလို့ ရတယ်။ Dramamine ဆေးက ကားမူးတတ်သူတွေအတွက် ကြိုတင်သောက်ရင်ကောင်းတယ်။ Bsmuth subsalicylate (Pepto Bismol or Kaopectate) ဆေး၊ Diphenhydramine (Benadryl) ဆေး၊ Cocacola syrup and Ginger syrup ဂျင်း (ချင်း) ရည်၊ Compazine, Phenergan, Zofran, Antivert and Reglan ဒီဆေးတွေက ဆရာဝန်လက်မှတ်လိုမယ်။

Gripe Water ကလေးလေဆေး http://doctortintswe.blogspot.com/2014/11/gripewater.html
Vomiting in children ကလေးများအန်ခြင်း http://doctortintswe.blogspot.com/2015/09/vomitinginchildren.html
Vomiting in babies ကလေးတွေအန်ရင် http://doctortintswe.blogspot.com/2016/02/vomitinginbabies.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ