HPV vaccine and Marriage သားအိမ်ကင်ဆာ ကာကွယ်ဆေးနှင့် လက်ထပ်ခြင်း

သားအိမ်ဝ (ခေါင်း) ကင်ဆာ ကာကွယ်ဆေးကို အမေရိကားမှာတော့ အသက် ၉ နှစ်သမီးကနေ ၂၆ နှစ် အထိကို ထိုးပေးတယ်။ မြန်မာပြည်မှာ ဘယ်လိုသတ်မှတ်သလဲတော့ မသိပါ။ သိပ်ကွာမယ်မထင်ပါ။ ကာကွယ်ဆေး မထိုးခင် လိင်ပိုင်းဆိုင်ရာမေးခွန်း မေးဘို့ မလိုပါ။ တခါထိုးထားပြီးရင် ကျန်ဆေးတွေကို စနစ်တကျ ဆေးပါတ်စိအောင်သာ ထိုးပါ။ အဲလိုထိုးထားပြီးရင်လဲ အိမ်ထောင်ကျပေမဲ့ ထပ်ထိုးဘို့မလိုပါ။ ဆေးစစ်တာကလဲ Pap smear/Pap test လုပ်တာပါ။ အပြင်လူနာအနေနဲ့သာ လုပ်ပါတယ်။ အချိန်လဲမကြာပါ။ မိနစ်ပိုင်းလေးသာဖြစ်တယ်။ ထုံဆေး-မေ့ဆေးလဲ မပါပါ။

Gardasil နဲ့ Cervarix ဆေး ၂ မျိုးလုံးကနေ သားအိမ်-ကင်ဆာကိုဖြစ်စေနိုင်တဲ့ HPV infection ကူးစက်မှာကို ကာကွယ်ပေးပါမယ်။ မိန်းကလေးတယောက်ကို လိင်နဲ့ပတ်သက်တာမျိုး မထိတွေ-မဆက်ဆံနိုင်လောက်တဲ့ အချိန်-အသက်အရွယ်မှာ ထိုးပေးသင့်တယ်လို့ သတ်မှတ်ထားတယ်။ FDA ရဲ့သတ်မှတ်ချက်ကတော့ Gardasil ဆေးကို ယောက်ျားလေး-မိန်းကလေး အသက် ၉ နှစ်ကနေ ၂၆ နှစ် နဲ့ Cervarix ဆေးကို မိန်းကလေး အသက် ၉ နှစ်ကနေ ၂၅ နှစ်ဖြစ်တယ်။

နောက်ပိုင်းမှာ ပြင်ဆင်လာတာတွေ ရှိတယ်။ Gardasil နဲ့ Cervarix ဆေးတွေကို မိန်းကလေး အသက် ၁၁-၁၂ နှစ်မှာ ထိုးစေတယ်။ ၉ နှစ်အထိ ငယ်တာကိုလည်း တားတော့မတားပါ။ တကယ်လို့ ငယ်တုံးကမထိုးရသေးရင် ၁၃ နှစ်ကနေ ၂၆ နှစ်ကြား ဘယ်အမျိုးသမီးမဆို တခါမှ မထိုးဘူးသူဖြစ်ဖြစ်၊ ၃ ခါ မပြည့်သူတွေဖြစ်ဖြစ် ထိုးသင့်တယ်။ ၂၆ နှစ်တော့ကျော်ပြီ အရင်က ၃ ခါ မပြည့်သူတွေလဲ ကျန်နေတဲ့ဆေးပါတ်ကို ထိုးနိုင်ပါတယ်။

ယောက်ျားလေးတွေကိုလည်း ၁၁-၁၂ နှစ်မှာ ထိုးရပြီး၊ အဲဒီအရွယ်တုံးက မထိုးရသေးရင်၊ ၃ ခါ မပြည့်သေးရင်လည်း ၁၃-၂၁ နှစ်အတွင်းမှာ ထိုးပါ။ ၂၂-၂၆ နှစ်အထိ ၃ ခါမပြည့်သေးရင် ပြည့်သွားအောင်ထိုးပါ။

ဆိုလိုတာက HPV ပိုးနဲ့မတွေ့ခင်ဆိုတာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ ဆေးပညာအရကြည့်ရင် မင်္ဂလာဆောင်တာ-မဆောင်တာထက် အရေးပါတယ်။ ဆရာဝန်တွေက ဒီနေရာမှာ သူများပြောတာကို မယုံတဲ့ဘက်ကနေကြရတယ်။ ရောဂါ ရာဇဝင်သိအောင် မေးချင်တော့ မေးမယ်။ လူပျို-အပျို စစ်သလား၊ မစစ်ဘူးလား ဆိုတာထက် ကူးစက်နိုင်ခြေ ရှိ-မရှိသာ ကြည့်ပါတယ်။

အများသုံးဘို့ရာ အဖြစ်နိုင်ဆုံးကိုသာ ရွေးရလို့ ၉ နှစ်သမီး၊ ၁၁ နှစ်သားတွေ ပါသွားတယ်။ ငါ့သမီးငယ်ငယ်လေး လိင်အရေး နဲ့ ဘာဆိုင်လဲ စိတ်ဆိုးပြီးမေးသူ မမှားပါ။ Child pornography, Child sex tourism, Child-prostitutes, Child Sexual Abuse တွေမှာ ကလေးငယ်လေးတွေ အရွယ်မရွေးရှိနေလို့ FDA သတ်မှတ်ချက်က နည်းတောင် နည်းသေးတယ် ပြောရင်လဲ မှန်တာဘဲ။

မေးတဲ့သူ ပူစရာမလိုပါ။ ဆေးကိုသာ ၃ ခါပြည့်အောင် ထိုးနိုင်ပါတယ်။ မင်္ဂလာရက် နောက်ဆုတ်စရာမလိုပါ။

Dr. တင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ