နွားနို့ ပုံမှန်သောက်ခြင်းရဲ့ ကောင်းကျိုး ၊ ဆိုးကျိုးများ




ကျွန်ုပ်တို့အားလုံးဟာ နွားနို့သောက်ရခြင်းကိုနှစ်သက်သလို ကျန်းမာရေးအတွက် အကောင်းဆုံး အရာ အဖြစ်သတ်မှတ်ထားကြပါတယ်။ နွားနို့မှာ ကယ်လ်ဆီယမ် ပါဝင်ပြီး ဗီတာမင် ဒီ ကို ရရှိစေတဲ့အတွက် အရိုးကျန်းမာရေးအတွက် အသင့်တော်ဆုံး အရာ လည်း ဖြစ်ပါတယ်။

အဆီတက်စေတာကို ဖယ်လိုက်မယ်ဆိုရင်တော့ နွားနို့ရဲ့ ကောင်းကျိုးတွေက အံ့မခန်းပါပဲ။ သင့်ကို အချိန်ကြာရှည် ကျန်းမာနေစေမယ့် ပရိုတိန်း ကိုလည်း နွားနို့ သောက်ခြင်းက ရရှိစေနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဆိုရင် ပရိုတိန်း အားကိုးနဲ့ သင် နွားနို့သောက်ပြီး အခြားအစားအစာတွေရှောင်ကြဉ်ကာ ၀ိတ်ချလို့ ရနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ စိုက်ပျိုးရေး ဌာန က အရွယ်ရောက်ပြီးသူတွေကို နေ့စဉ် နို့ထွက်ပစ္စည်း ( နွားနို့ ၊ ဒိန်ချဉ် နဲ့ချိစ် )တွေကို တစ်နေ့ ၃ ခွက်ခန့် သောက်သုံးပေးသင့်တယ်လို့ ဆိုထားပါတယ်။ ဒါဆို နွားနို့က ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား?

မကောင်းပါဘူး။ မိန်းကလေးတွေအတွက်တော့ သိပ်မကောင်းလှပါဘူး။ ၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အရိုးနဲ့ ပတ်သက်တဲ့ ဂျာနယ်တစ်ခုမှာ သုတေသန တစ်ခုက နွားနို့ဟာ မိန်းမတွေရဲ့ အရိုးပွ ပြသနာ ကို မလျော့သွားစေပါဘူး။ ၂၀၁၄ မှာ ထပ်မံလေ့လာခဲ့တဲ့ သုတေသန အရဆိုရင် အရိုးပွ ရောဂါရှိသူတွေ နွားနို့ အလွန်အကျွံ သောက်တဲ့အခါမှာ အရိုး ကျန်းမာရေး ပိုမကောင်းလာပဲ နည်းနည်းပဲ သောက်တဲ့ အမျိုးသမီးတွေထက် စောစော ကွယ်လွန်ဖို့ အခွင့်အရေးပိုများလာတာကိုတွေ့ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အသက်ကြီးနေပြီဖြစ်တဲ့ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို နွားနို့ ၃ ခွက် သောက်ခြင်းဟာ အရိုးပွရောဂါ ဖြစ်လာဖို့ ပိုများပြီး တစ်နေ့ကို နွားနို့ တစ်ခွက်မှ မသောက်တဲ့သူတွေထက် စောစော ကွယ်လွန်ဖို့ သာ ဖြစ်လာနိုင်ပါတယ်။

တစ်ကယ်တော့ နွားနို့ဟာ လူငယ်တွေနဲ့ အမျိုးသားတွေအတွက် သာ ပုံမှန်သောက်သုံးဖို့ သင့်တော် တာကိုတွေ့ခဲ့ရပါတယ်။

( Mario )

Ref : Health Megazine

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ