Fungus မိုးစိုစို မှိုသတိထား


ဆရာရှင့် အစ်မဝမ်းကွဲတယောက် အသက် ၃၄ နှစ်ပါ။ ကိုယ်ဝန်ရှိနေပြီး ဒုတိယလမှာ မိန်းမကိုယ်မှာ မှိုကပ်နေတာ OG နဲ့ ပြပြီး ဆေးထည့်တာသက်သာသွားပြီး ငါးလမြောက်မှာ မှိုပြန်ဖြစ်နေပါတယ်ဆရာ။ ဘာဖြစ်နိုင်ပါသလဲရှင့်။

မှိုကို ဖန်းဂတ်စ်လို့လည်းခေါ်တယ်။ အမျိုးအစားတွေကအများကြီးဘဲ။ ခန္ဓာကိုယ်အပြင်မှာနေရာကနေ ကိုယ်ထဲ ဝင်လာမယ်။ ပူလောင် စိုစွပ်ရာနေရာတွေမှာ ပေါက်ပွါးတတ်တယ်။ အရေပြားအရေးအကြောင်း ရှိရာတွေမှာ ဖြစ်တတ်တယ်။ ကလေးငယ်လေးတွေ အတွင်းခံဝတ်တဲ့နေရာမှာ ရောဂါရရင် Diaper candidiasis ခေါ်တယ်။ လက်သည်းနဲ့ ဦးရေခွံတွေမှာဖြစ်ရင် ကြာကြာကုရတယ်။

ကင်ဆာဆေး၊ စတီရွိုက်ဆေး၊ ပဋိဇီဝဆေးပေးနေရင်း မှိုရောဂါဖြစ်လာတတ်တယ်။ ဥပမာ ဘက်တီးရီးယားပိုးဝင်နေတဲ့ အခါမျိုးမှာ စတီရွိုက်ပါတဲ့မျက်စဉ်း ခတ်မိရင် မှိုရောဂါ နောက်ဆက်တွဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်၊ သွေးဆုံး၊ ဆီးချိုနဲ့လဲ တွဲတတ်တယ်။ ဆီးပိုက်စတာမျိုး တပ်ထားရသူတွေမှာ မှိုရောဂါဝင်လာတတ်တယ်။ AIDS နဲ့ လူကီးမီးယားနဲ့လဲ တွဲဖြစ်တတ်တယ်။ အစာမြိုပြွန်မှာလာဖြစ်မယ်။ အစာမြိုရင်-ရေမြိုရင် နာမယ်။ အောက်ဆက်ဆင်းရင် ပျို့-အန်ဖြစ်မယ်။ ရေ-ဆား ခမ်းခြောက်တာ ဖြစ်လာမယ်။ ရင်ညွန့်ရိုး အောက်ကနာမယ်။

(ဖန်းဂတ်စ်) မှိုရောဂါ (၇) မျိုးကိုရေးပါမယ်။ ဒိထက်မက အများကြီးရှိသေတယ်။ Fungus ရောဂါတွေကို Mycosis လို့လဲ ခေါ်ပြန်တယ်။

(၁) မှက္ခရုနာ Thrush (Oral candidiasis)
(၂) Yeast (Candida) (ရိစ်) (ကင်ဒီဒါ) မှို
(၃) Tinea Cruris (Jock Itch) ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါ
(၄) Tinea Corporis or Tinea Circinata (Ringworm) ပွေး
(၅) Tinea Versicolor (Pityriasis Versicolor) ညှင်း
(၆) Tinea Manuum & Tinea Pedis (Athlete's Foot) အားကစားသမား ခြေထောက်
(၇) Nail fungal infection လက်သည်းမှို

(၁) မှက္ခရုနာ Thrush (Oral candidiasis)
နို့တိုက်အရွယ်ကလေးငယ်တွေမှာ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့၊ အစာစားရခက်တယ်။ Moniliasis လို့လဲ ခေါ်တယ်။ မိခင်နို့ကနေကူးစက်လာတာဖြစ်တယ်။ ကလေးရဲ့ လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ Gentian Violet ဆေးပြာရည် လိမ်းပေးလို့ရတယ်။ နောက်ပိုင်းမှာ ဒီဆေးကိုမသုံးစေတော့ပါ။ မိခင်နို့ကို အမြဲ သန့်နေပါစေ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ်တိုက်ပါ။ သူ့အလိုလိုပျောက်တာများပါတယ်။

(၂) Yeast (Candida) (ရိစ်) (ကင်ဒီဒါ) မှို
ဒီမှိုက လူတွေရဲ့ ပါးစပ် နဲ့ (ဗဂျိုင်းနား) မှာ ရှိနေတဲ့အကောင်။ ဒါ့ကြောင့် မွေးလမ်းကြောင်းမှာ ဒီမှိုကြောင့်ရတဲ့ရောဂါကို လိင်ကတဆင့် ကူးစက်ရောဂါလို့ မသတ်မှတ်ဘူး။ အမျိုးသမီးတွေမှာ တသက်မှာ အနဲဆုံးတခါ Vulvovaginal Candidiasis (Vaginal yeast infections) ဖြစ်သူပေါင်း 75% ရှိတယ်။ (ဗဂျိုင်းနား) ရောင်တာထဲမှာ ဒုတိယ အများဆုံး။ ယားမယ်၊ အဖြူဆင်းမယ်၊ ဒိန်ခဲလို အဖတ်အဖတ်တွေ ဖြစ်တတ်တယ်။ လိင်ဆက်ဆံတဲ့အခါ နာမယ်။ ဖြစ်တတ်လွန်းလို့ ဆေးနည်းပါ ရေးပါမယ်။
• Clotrimazole Vaginal suppositories မွေးလမ်းထည့်ဆေး 100 mg ၆ ည၊ 200 mg ၃ ည။
• Miconazole ointment or 2% cream or 100-200 mg suppository မွေးလမ်းထည့်ဆေး၊ ၃ ည။
• Nystatin 100,000 units vaginal tablets မွေးလမ်းထည့်ဆေး ၁၄ ရက်။
• Fluconazole 150 mg ပြန်ပြန်ဖြစ်နေသူတွေကို တပတ်တခါ ပေးတယ်။

(၃) Tinea Cruris (Jock Itch) ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါ
• Miconazole nitrate ဆေးမှုံ့၊ Terbinafine cream ၇ ရက် လိမ်းတာနဲ့ ၈ဝ% မက ပျောက်တယ်။
• Griseofulvin 250–500 mg စားဆေး တနေ့ ၂ ကြိမ် ၁-၂ ပတ်နဲ့ ပျောက်တယ်။
• Itraconazole 200 mg daily or Terbinafine 250 mg daily နဲ့လဲ ရတယ်။

(၄) Tinea Corporis or Tinea Circinata (Ringworm) ပွေး
• Miconazole, Clotrimazole, Butenafine နဲ့ Terbinafine လိမ်းဆေး။ အမြင်အရ ပျောက်သွားတဲ့နောက် ၁-၂ ပတ် အထိ ဆေးပေးပါ။
• Griseofulvin 250–500 mg ကို တရက် ၂ ကြိမ်။ Itraconazole 200 mg daily ၁ ပတ်၊ Terbinafine 250 mg daily ၁ လ၊ Griseofulvin က အရေပြားမှာ ဖြစ်တဲ့ မှိုရောဂါတွေအတွက် အကောင်းဆုံးဖြစ်တယ်။ ဦးရေခွံနဲ့ လက်သည်း ဖြစ်ရင်တော့ မရဘူး။
• Fluconazole က Mucocutaneous Candidiasis အတွက် အကောင်းဆုံးပါ။
• Ketoconazole က တလကျော်ပေးရင် အသဲကို ထိခိုက်နိုင်တာမို့ Tinea Versicolor ကလွဲရင် မပေးတော့ပါ။

(၅) Tinea Versicolor (Pityriasis Versicolor) ညှင်း
• Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဖြစ်တယ်။
• Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။
• Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်အောင် ၃ပတ်ကြာအောင် လိမ်းပါ။
• Ketoconazole 200 mg daily orally for 1 week or 400 mg as a single oral dose စားဆေးပေးပါ။
• Clotrimazole 1% solution တနေ့တခါ တပတ်ကြာလိမ်းပါ။
• Terbinafine 1% solution တနေ့နှစ်ခါ တပတ်ကြာလိမ်းပါ။
• Fluconazole 150-300-400 mg ကို ၂ ပတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Itraconazole 200-400 mg တရက်ခြား ၇ ရက်သောက်ပါ။
• Hydrogen peroxide ဆေးရည်လိမ်းနိုင်တယ်။

(၆) Tinea Manuum & Tinea Pedis (Athlete's Foot) အားကစားသမား ခြေထောက်
• Aluminum subacetate ဆေးရည်ထဲမှာ မိနစ် ၂ဝ တနေ့ ၂ ကြိမ် စိမ်ပါ။
• Imidazoles or Ciclopirox ဆေးလိမ်းပါ။
• Urea 10–20% lotion or cream ပါလိမ်းရင် ပိုမြန်တယ်။
• ဆိုးရင်၊ ပြန်ဖြစ်ရင် Griseofulvin 250–500 mg စားဆေး တနေ့ ၂ ကြိမ်ပါ ပေးပါ။
• Itraconazole 200 mg daily for 2 weeks or 400 mg daily for 1 week or Terbinafine 250 mg daily for 2–4 weeks လဲရတယ်။

(၇) Nail fungal infection လက်သည်းမှို
လက်သည်း-ခြေသည်းကို မှိုဝင်လာရင် အစမှာတော့ ဖြူ-ဝါဝါ အစက်အပျောက်လေး ဖြစ်လာပြီး နောက်တော့ အောက်ထဲ ဝင်လာလို့ အရောင်ပြောင်းလာ၊ ထူလာ၊ ကျွတ်ဆတ်လာ၊ ပုံပြောင်းလာမယ်။ ကုရတာ မလွယ်လှပါ။ ခြေသည်း-လက်သည်း ကြွတက်လာတဲ့ အဆင့်ရောက်ရင် Onychomycosis လို့ ဆေးစာက ခေါ်တယ်။ နာလာ၊ အနံ့ပါရလာပြီ။ သေခြာမကုရင် တသက်လုံးလို့ ပြောရမလိုနေမယ်။

ကင်ဆာဆေး၊ စတီရွိုက်ဆေး၊ ပဋိဇီဝဆေး ပေးနေရင်း မှိုရောဂါ ဖြစ်တတ်တယ်။ ဘက်တီးရီးယားပိုး ဝင်နေတဲ့ အခါမျိုးမှာ စတီရွိုက်ပါတဲ့ မျက်စဉ်း ခတ်မိရင် မှိုရောဂါ နောက်ဆက်တွဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်၊ သွေးဆုံး၊ ဆီးချိုနဲ့လဲ တွဲတတ်တယ်။ ဆီးပိုက် စတာမျိုး တပ်ထားရသူတွေမှာ မှိုရောဂါဝင်လာတတ်တယ်။ Fluconazole 100 mg/d ဒါမှမဟုတ် Itraconazole 200 mg/d ဆေး ၁ဝ-၁၄ ရက် ပေးတယ်။ AIDS နဲ့ လူကီးမီးယားနဲ့လဲ တွဲဖြစ်တတ်တယ်။ အစာမြိုပြွန်မှာ လာဖြစ်မယ်။ အစာမြိုရင်-ရေမြိုရင် နာမယ်။ အောက် ဆက်ဆင်းရင် ပျို့-အန်ဖြစ်မယ်။ ရေ-ဆား ခမ်းခြောက်တာ ဖြစ်လာမယ်။ ရင်ညွန့်ရိုး အောက်က နာမယ်။

မှိုနဲ့ ဆက်စပ်နေတာက ပွေးရောဂါတွေ ဖြစ်ပါတယ်။ သူနဲ့ဆင်တဲ့ Yeasts တို့ Molds တို့ကနေလဲ ရောဂါ ဖြစ်ပါတယ်။ ချွေးထွက်များသူ၊ ယောက်ျား၊ အသက်မငယ်သူ၊ စိုထိုင်းတဲ့အလုပ်လုပ်ရသူ၊ ခြေအိတ်လက်အိတ် အမြဲ ဝတ်ထားရသူ၊ ဘာမှမစီးဘဲ လမ်းသွားရသူ၊ ဆီးချို ရှိသူတွေမှာ အဖြစ်များတယ်။ Leukemia, AIDS နဲ့ အင်္ဂါအစားထိုး ထားရသူတွေမှာလဲ ပိုဖြစ်တတ်တယ်။ မှိုအပြင် ဗက်တီးရီးယားဝင်တာ ရှိနေရင်လဲ နောက်ဆေးပေးရမယ်။ Ciclopirox (Penlac) ဆိုတဲ့ Antifungal nail polish ကိုလဲ သုံးနိုင်တယ်။ လိမ်းဆေးတခုထဲနဲ့ မရတတ်ပါ။ စားဆေးနဲ့ တွဲတာကောင်းတယ်။ သိပ်ဆိုးရင်ဖြစ်တဲ့ လက်သည်း-ခြေသည်း ခွဲထုတ်ရတယ်။ လေဆာနည်း၊ အလင်းရောင်ပေးကုနည်းတွေလဲ ရှိတယ်။

ဆေးပညာစာတွေကို မြန်မာလိုဝေါဟာရ တိကျတာ ဘာသာပြန်ပြီးသား ရှားသေးတာတွေ့ရတယ်။ အတိအကျမရရင် နီးစပ်တာ ရှာရတယ်။ ကျွန်တော်တို့လူမျိုးက ရောကောသောကောလုပ်လေ့ရှိကြတယ်။ ပွေးညှင်းလို့ ပြောတာက ကုသရတာ မတူတဲ့ရောဂါနှစ်မျိုး ပေါင်းပေးထားတာပါ။ ပွေးစုန့်နာဆိုတာကို ကျွန်တော်လိုဆရာဝန် နားမလယ်ပါ။ ကိုယ့်လူမျိုးသာ မဟုတ်ပါဘူး၊ သူများတွေလဲ လက်ညှိုးထိုး မလွတ်ဘူး။ ပွေးကို Ringworm ခေါ်တယ် မဟုတ်လား။ Worm ဆိုတဲ့ သန်ကောင်နဲ့ ဘာမှမဆိုင်ဘူး။

အိမ်မှာတင်လုပ်လို့ရတာတွေလည်းရှိတယ်။ (ဗနီဂါ) ၁ ဆ၊ ရေ ၂ ဆ ထဲမှာ ၁၅-၂ဝ မိနစ်ကြာ၊ တပတ်မှာ ၃ ကြိမ် စိမ်ထားရမယ်။ Vicks VapoRub ကိုလဲ လိမ်းလို့ရတယ်။ ခြေသည်းလက်သည်း တိုတိုထားပါ။ ခြောက်သွေ့နေပါစေ၊ တကိုယ်ရေသန့်ရှင်းရေးလုပ်ပါ။ စိုတဲ့အလုပ်မှာ ရာဘာ လက်အိတ်-ခြေအိတ်သုံးပါ။ သင့်တော်တဲ့ ခြေအိတ်ရွေးသုံးပါ။ ချွေးထွက်များရင် လဲပါ။ ဖိနပ်မပါဘဲ လမ်းမသွားပါနဲ့။ လက်သည်းခြေသည်း အလှပြင်ဆိုင်သွားရင် နာမည်ရတဲ့ဆိုင်သာ သွားပါ။ အလှလုပ်တာ၊ အတုလုပ်တာတွေ ရှောင်ပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ