အ၀လွန်ရောဂါလက္ခဏာ အနည်းဆုံး ၇၉ မျိုး ရှိသည်ဟုဆို


အ၀လွန်ခြင်းသည် ရောဂါတစ်မျိုးဖြစ်ပြီး ၄င်းအ၀လွန်ရောဂါကိုဖြစ်စေနိုင်သည့်လက္ခဏာ (၇၉)မျိုးထက် မနည်း ရှိကာ ၄င်းလက္ခဏာများအနက် ထက်ဝက်ခန့် သည် အမည်ပင်မပေးရသေးသည့် လတ်တလော တွေ့ ရှိထားသည့် လက္ခဏာများဖြစ်ကြောင်း ကနေဒါနိုင်ငံ၊ အွန်တေရီယိုမြို့ ရှိ McMaster တက္ကသိုလ်မှ သုတေသီများက ပြောသည်။ အ၀လွန်ရောဂါဟာ အများကသိရှိနားလည်ထားတာထက်ပိုပြီး နက်ရှိုင်းနေပါတယ်။ လူတွေရဲ့ ဗီဇဓါတု ပစ္စည်းနဲ့ ဆက်နွယ်နေတဲ့ လက္ခဏာ ၇၉ မျိုးထက်မနည်း ရှိနေပါတယ်။

အ၀လွန်တယ်ဆိုတာ နေထိုင်မှု ပုံစံ၊ လှုပ်ရှားသွားလာမှုနှုန်းနဲ့  အစားအသောက်တို့ အပေါ် လုံးလုံးလျားလျားမူတည်နေတယ်ဆိုပေမယ့် ဗီဇဓါတုပစ္စည်းတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကြောင့်လည်း အ၀လွန်မယ်၊မလွန်ဘူးဆိုတာ ထွက်ပေါ်လာနိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ လေ့လာမှုများအရ အ၀လွန်စေနိုင်သည့် ဗီဇဓါတု ပစ္စည်းဆက်စပ် လက္ခဏာ ၇၉ မျိုးထက်မနည်း ရှိကြောင်း၊ ဥပမာအားဖြင့် Prader-Willi Syndrome ဖြစ်ကြောင်း၊ ဤရောဂါလက္ခဏာရှိသူများသည် အ၀လွန်ကြ ကြောင်း၊ ဖွံ့ ဖြိုးတိုးတက်မှုနှောင့်နှေးကြောင်း၊ ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ ဟိုမုန်းချို့ တဲ့ကြောင်း၊ လွန်ကဲစွာ ဆာလောင်တတ်ပြီး မူမမှန်စွာ အစားများလေ့ ရှိကြောင်း သိရသည် ။

အခြားသော ရောဂါလက္ခဏာများ တွင်လည်း ဥာဏ်ရည်ထိုင်းမှိုင်းခြင်း၊ မျက်နှာအမူအရာမူမမှန်ခြင်းနှင့် အခြားသော မထင်မှတ်သည့် လက္ခဏာများလည်း ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။ အ၀လွန်တယ်ဆိုတာ နေထိုင်မှုပုံစံမှားယွင်းခြင်းကြောင့်လည်း ဖြစ်နိုင်သလို ဗီဇဓါတုပစ္စည်းတွေရဲ့  အား နည်းချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကစားလိုက်ရင်ကျသွားပြီး နားလိုက်ရင် ပြန်တက်လာတတ်တဲ့ ကိုယ်အလေးချိန်မျိုးဖြစ်နေရင် သတိထားရပါမယ်။ အ၀လွန်တယ်ဆိုတာ အစားမထိန်းလို့ ဝလာတယ် ဆိုတာလောက်တော့ မရိုးရှင်းတော့ပါဘူး။ ပိုပြီးဂရုစိုက်ဖို့  လိုအပ်လာပါတယ်ဟု သုတေသီတစ်ဦးက သုံးသပ်ပြောပြသည်။ တွေ့ ရှိခဲ့သော ရောဂါလက္ခဏာ ၇၉ မျိုးအနက် ၄၃ မျိုးကို အမည်ပင် မပေးရသေးကြောင်း ၊ လတ်တလော အချိန်တွင် အ၀လွန်ခြင်းကိုဖြစ်စေနိုင်သည့် ဗီဇဓါတုပစ္စည်း ၁၉ မျိုးကိုသာ ပြည့်ပြည့်စုံစုံ လေ့လာရသေး ကြောင်း၊ အခြားသော ဓါတုပစ္စည်းများကို စတင် စူးစမ်းလေ့လာနေ ဆဲဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ