Breast Inverted nipples နို့ပါးစပ်
ဆရာရှင့် သမီးအသက်က ၂၂နှစ် အပျိုပါရှင့်။ ကန်တော့ပါဆရာ သမီး breastမှာ nipple က အခုချိန်ထိချိုင့်ဝင်နေပါတယ်။ အပြင်ထွက်မလာပါဘူး။ ကလေးမွေးပြီးမှ ထွက်လာတာမျိုးရော ရှိပါသလားရှင့်။ breast ကို စမ်းရင်လည်းနာတာကို ခံစားရပါတယ်။ movable ဖြစ်တဲ့ အကျိတ်လိုမျိုးဟာကိုလည်း စမ်းမိပါတယ်ရှင့်။ ရင်သားကင်ဆာနဲ့များ ဆက်စပ်နေမလားဆိုတာ သိချင်ပါတယ်ရှင့် ။ ကျေးဇူးတင်ပါတယ် ဆရာ။ လေးစားစွာဖြင့်။
မေးတဲ့သူအကောင့် အလုပ်မလုပ်တော့လို့ ဒီမှာပဲ တင်လိုက်ပါတယ်။ အဲလို အသက်မဝင်တော့တဲ့အကောင့်တွေ မနည်းပါ။ ဆောရီး။
နို့သီးထိပ်ဖျား အထဲခွက်ဝင်နေတာကို ရင်သားရောဂါဗေဒစာရင်းထဲမှာ မသွင်းဘူး။ အထူးခွဲစိတ်ပညာထဲမှာသာပါတယ်။ ကလေးကို နို့တိုက်ရတဲ့အခါ ပြဿနာပေါ်တယ်။ ဘယ်လောက်ဆိုးသလဲကို အဆင့်တွေသတ်မှတ်ထားတယ်။ နို့သီးထိပ်ရဲ့တစိတ်တပိုင်းဝင်နေတာကို Dimpled ခေါ်တယ်။ အကုန်ဆိုရင် Inverted ခေါ်တယ်။ တချို့တ တဖက်တည်း ဖြစ်တယ်။ နည်းနည်းသာဖြစ်သူက နို့တိုက်ဖို့ပြဿနာမကြီးဘူး။ ကလေးက လမစေ့၊ အလေးချိန်နည်းရင်တော့ ခက်မယ်။
အဆင့် (၁) လက်နဲ့ဆွဲထုတ်ပေးလို့ လွယ်တယ်။ နို့သီးဘေးက အညိုရောင်အဝိုင်း Areola ပေါ်မှာ ဖိထားပြီး၊ ထိပ်ဖျားကို ထုတ်ပေးရတယ်။ အဆင့် (၂) ဆွဲထုတ်လို့ရပြီး၊ ပြန်ဝင်သွားတဲ့အဆင့်။ မခွဲတဲ့နည်းကို စမ်းနိုင်တယ်။ နို့သီးထိပ်ကို ရေခဲတုံးလေကပ်ပေါ်ရင် သန်မာမှုဖြစ်သလို ထောင်မတ်လာနိုင်တယ်။ အဆင့် (၃) ဆွဲထုတ်လို့မရ။ ခွဲစိတ်ပြုပြင်ရမယ်။
Hoffman Technique နည်းကတော့ လက်နဲ့ဘဲ ဆွဲထုတ်နည်းပါ။ အရောင်ရင့်အဝိုင်း နို့သီးထိပ်ဘေးကပ်လျက်နေရာမှာ လက်မနဲ့ လက်ညှိုးကိုထားပြီး၊ ခပ်တင်းတင်း အောက်ကိုဖိချ၊ တပြိင်နက်တည်းမှာ ဘက်နှစ်ချောင်းကို အဝေးကို ခွါပေးရတာပါ။ အနည်းဆုံး တနေ့ ၂-၅ ကြိမ်လုပ်ရတယ်။
နို့စုပ်စရာနဲ့စုပ်နည်း၊ ဝယ်လို့လွယ်တယ်။ တောတွေမှာ ဝယ်မတော့ သင်္ဘောရွက်အရိုးနဲ့ စုပ်ပေးကြတယ်။ Evert-it Nipple Enhancer ဆိုတာလည်း (စီလီကွန်) နဲ့လုပ်ထားတဲ့ ဆေးထိုးပိုက်လို ကရိယာဖြစ်တယ်။ နို့မတိုက်ခင် လုပ်ပေးရတယ်။ နို့သီးထိပ်ကို ဆွပေးတာပါ။ လက်မနဲ့ လက်ညှိုးသုံး၊ ၁-၂ မိနစ် ကိုင်ပြီး၊ လှိမ့်ပေးပါ။ ပြီးရင် ချက်ချင်း အေးနေတဲ့ (ရေခဲ)အဝတ်နဲ့ ထိပေးပါ။ ရေခဲကို အကြာကြီးတော့ မသုံးပါနဲ့။ ထုံသွားမှာစိုးလို့။ ဟိုရုပ်ရှင်မျိုးရိုက်ရင် အဲဒီနေရာကို အသားပေဘို့ လုပ်တဲ့နည်းအတိုင်းပါဘဲ။
Medela SoftShells ဆိုတာက မခွဲစိတ်ဘဲ သုံးနိုင်တယ်လို့ ကြော်ညာတဲ့ပစ္စည်းဖြစ်တယ်။ ခပ်ခုံခုံး ပလပ်စတစ်ခွံမှာ နူးညံ့တဲ့ (စီလီကွန်) ပစ္စည်းနဲ့လုပ်တာ။ လေဝင်ဘို့ အပေါက်လည်းပါတယ်။ နို့ရည်စုပ်နိုင်တဲ့ဓါတ်ထည့်ထားတယ်။ နို့ရဲ့ အရောင်ရင့်ပိုင်းကို ဖိပေးထားတာမို့ နို့သီးထိပ်ကို စူထွက်လာစေတယ်။ အပေါ်ကနေ ပုံမှန်ဝတ်ဆင်ထားရင် ပါနေမှန်း မသိရဘူး။
Avent Niplette ဆိုတာကလည်း (ပလပ်စတစ်) ခွက်တခုပါ။ နို့ထိပ်ပိုင်းကို ပန်းပုထုသလို လုပ်တာမျိုးပါဘဲ။ ထိပ်ဖျားစူထွက်စေအာင် ဘေးက အရောင်ရင့်ပိုင်းကို ဖိပေးစရာ ဖြစ်နေအောင်လုပ်တာပါ။ ဘရာကို တလကိုးသီတင်း ဝတ်ထားရင် နို့သီးထွက်နေမယ်လို့ဆိုတယ်။ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန် ၆ လအတွင်း သင့်တယ်လို့ ပြောတယ်။ မွေးရာပါအတွက်တော့ အာမခံတာမတွေ့ရဘူး။
ခွဲစိတ်နည်း
ထုံဆေးနဲ့ခွဲတယ်။ နို့သီးထိပ်ရဲ့အခြေ၊ အရောင်ရင့် အဝိုင်း Nipple areola junction မှာ ဒါးနဲ့ခွဲပေးပြီး၊ နို့သီးဖျားကို ခွက်ဝင်နေအောင် ဆွဲထားတဲ့ (တစ်ရှူး) Tethered structure ကို ရှင်းပေးရတယ်။ ဘယ်လောက်အထိ ရှင်းရမလဲ ဆိုတာက ဖြစ်နေတဲ့အပေါ်မှာ မူတည်တယ်။ ခွဲစိတ်ပြီးနောက် ဆေးထည့်တာကို (စပါယ်ရှယ်) လုပ်ပေးရတယ်။ Plastic and white non-stick padding dressings ကို ခွဲစိတ်အပြီး၊ ၂၄ နာရီအတွင်းမှာ သုံးရတယ်။ နို့သီးထိပ်ပိုင်းကို ဖိနှိပ်ထားသလိုမျိုး မဖြစ်စေအောင်လုပ်ရတယ်။ ဆေးခန်းသုံးဂွမ်းစအလယ်မှာ အပေါက်ဖေါက်ပေးတာမျိုးပြောတာပါ။ ပြီးမှ Bra ခပ်နုနု သိပ်မချောင်တာမျိုး ဝတ်စေရတယ်။ Tape (တိပ်) ကနေ အသားနုတက်လာမဲ့ အရေပြားနဲ့ (တစ်ရှူး)တွေကို မထိခိုက်စေရပါ။ ပိုးသေဆေးအပြင် အနာသက်သာဆေး ပေးတယ်။
1. Deformed Nipples နို့သီးရောဂါများ http://doctortintswe.blogspot.com/2015/03/deformed-nipples.html
2. Nipple Cracked and Fissure နို့တိုက်မိခင် နို့ထိပ်ကွဲနေခြင်း http://doctortintswe.blogspot.com/2014/11/nipple-crack-and-fissure.html
3. Breast Inverted nipples နို့ပါးစပ် http://doctortintswe.blogspot.com/2014/11/breast-inverted-nipples.html
Dr. တင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin