Citrus အသီးခွံများဖြင့် ရေဆိုးကိုသန့် စင်နိုင်မည့်နည်းကို စမ်းသပ်


လိမ္မော်သီး၊ ရှောက်သီး၊ ရှောက်ပန်းသီး၊ ရှောက်ခါးသီး အစရှိသည့် အပင်တွင်ဆူးပါပြီး အသီးတွင် အချဉ်ဓါတ် ရှိသည့် Citrus အသီးခွံများဖြင့် ရေဆိုးတွင်ပါဝင်သည့် သတ္တုအညစ်အကြေးများကို သန့် စင်နိုင်မည့်နည်းစနစ် ကို တွေ့ ရှိထားပြီဖြစ်ကြောင်း စပိန်နိုင်ငံ၊ Granada တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ထုတ်ပြန်ကြေညာ သည်။ Citrus မျိုးနွယ်ဝင် အသီးတွေရဲ့ အခွံကို အခြောက်လှန်းရပါတယ်။ အဲဒီအတွက် လေစုပ်ထုတ်တဲ့စနစ်ကို သုံးပါတယ်။ ပြီးရင် ဓါတုပစ္စည်းနဲ့ ထိတွေ့ ပေးရပါတယ်။ အဲဒီအခါ ဒီအခွံတွေ၇ဲ့  မျက်နှာပြင်အကျယ် ပြန့် ကား လာသလို အရည်စိမ့်ဝင်နိုင်စွမ်းလည်း ပိုလာပါတယ်။ ပြီးရင် အဲဒီအခွံတွေကို ခရစ်စတယ်တုံးလေးတွေ ဖြစ်အောင် လုပ်လိုက်ပါတယ်။ အဲဒီခရစ်စတယ်တုံးတွေကို ရေဆိုးထဲ ထည့်စိမ်လိုက်တဲ့ အခါ ရေဆိုးထဲက ဓါတု အညစ်အကြေးတွေကို ဒီအတုံးတွေက စုပ်ယူပါတယ်။

 ရေနဲ့ ဒီခရစ္စတယ်တုံးတွေကို အချိုးကျအောင် ထည့်ပေး လိုက်ခြင်းဖြင့် အဲဒီအတုံးတွေကို ပြန် ထုတ်ယူလိုက်တဲ့အခါ သတ္တုအညစ်အကြေး ကင်းတဲ့ ရေကို ရပါတယ်ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။ ပတ်ဝန်းကျင်က လိမ္မော်ခွံ၊ ရှောက်သီးခွံ၊ အစရှိတာတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် ရာမှာ အရေးကြီးတဲ့ ကြားခံပစ္စည်းတွေဖြစ်လာပါပြီ။ အရင်လို မြေမြုပ်စွန့် ပစ်တာမျိုး မလုပ်တော့ဘဲ စနစ်တကျ ကောက်ခံစုဆောင်းအသုံးပြုရတော့မယ့်အခြေအနေဖြစ်နေပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ ရေဆိုးများကိုစွန့် ပစ်ရာတွင် ဓါတုအညစ်အကြေးများကို မသန့် စင်ဘဲစွန့်ပစ်လျင် ရေလောက၏ ဂေဟစနစ်ကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း၊ ထို့ ကြောင့် အိမ်သုံးရေဆိုးအပါအ၀င် စက်ရုံအလုပ်ရုံတို့ က စွန့် ပစ်သည့် ရေဆိုးများကို သဘာဝမြစ်ချောင်း အင်းအိုင်ပင်လယ်သမုဒ္ဒ၇ာများထဲသို့  မသန့် စင်ဘဲစွန့် ပစ်ခြင်းပြုခြင်းမဟုတ် ဘဲ စနစ်တကျသန့် စင်ပြီးမှသာ စွန့် ပစ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရေဆိုးများကိုသန့် စင်ရာတွင် ဖော်ပြပါအတိုင်း Citrus အသီးအခွံများကို ထိရောက်စွာအသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ