ကာလ၀မ်းရောဂါကာကွယ်ဆေးဖြင့် ကလေးအသက်ပေါင်းမြောက်များစွာကို ကယ်တင်နိုင်မည်


ကာလ၀မ်းရောဂါကာကွယ်ဆေးအသစ်တစ်မျိုးကို အာဖရိကတွင် ကျယ်ပြန့် စွာစမ်းသပ်အောင်မြင် ခဲ့ပြီး ဖြစ်သည့်အတွက် နောင်တွင် ကလေးသူငယ်များ၌ဖြစ်သည့် ၀မ်းလျှောဝမ်းပျက်ရောဂါများကို ကြိုတင် ကာကွယ်နိုင်တော့မည်ဖြစ်ပြီး နေ့ စဉ်ကလေးပေါင်းရာပေါင်းများစွာသေဆုံးနေခြင်းကိုလည်း ကာကွယ် သွားနိုင်တော့မည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့ က ထုတ်ပြန် ကြေညာသည် ။

ရိုတာဗိုင်းရပ်ကြောင့်ဖြစ်သော ကာလ၀မ်းရောဂါသည် အသက် ၅ နှစ်အောက်ကလေးငယ်များကို ပြင်းထန် စွာ ဝေဒနာခံစားရစေပြီး တစ်နှစ်လျင် ကလေးသေဆုံးမှု ၄၅၀၀၀၀ ထက်မနည်း ဖြစ်ပွားစေကြောင်း၊ ယခု စမ်းသပ်ခဲ့သော ကာကွယ်ဆေးအသစ်သည် ဘေးကင်းပြီး ထိရောက်မှုအားလည်း ကောင်းကြောင်း သုတေသီတစ်ဦးက ရှင်းပြသည်။

ဖော်ပြပါ ကာကွယ်ဆေးအသစ်သည် အခြားကာကွယ်ဆေးများကဲ့သို့  အမြဲတမ်းအအေးခံထားရန်လည်း မလိုအပ်ကြောင်း၊ အပူဒဏ်ကိုခံနိုင်ပြီး ထိရောက်မှု ၆၆.၇ ရာခိုင်နှုန်းဖြစ်ကြောင်း ၊ ရိုတာဗိုင်းရပ်ကြောင့် ဖြစ်သော ပြင်းထန်ဆိုးရွားသည့် အူလမ်းကြောင်းဝေဒနာကို မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ကြောင်း၊ ကာကွယ်ဆေးအမည်မှာ BRV-PV ဖြစ်ပြီး လက်ရှိ ကာကာကွယ်ဆေးများထက်လည်း ဈေးသက်သာ ကြောင်း၊ ရေခဲသေတ္တာထဲ အစဉ်ထည့်ထားရန် မလိုအပ်သည့်အချက်တစ်ခုတည်းကပင် လျှပ်စစ်မီး မပြည့် စုံသည့် အာဖရိကကဲ့သို့ နိုင်ငံများအတွက် အားတက်ဖွယ်ဖြစ်ကြောင်း၊ ယခုစမ်းသပ်မှုကိုလည်း နိုင်ဂျာ နိုင်ငံတွင် ကျယ်ပြန့် စွာ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။ရိုတာဗိုင်းရပ်ကာကွယ်ဆေး BRV-PV ကို အာဖရိကဆာဟာရတိုက်ငယ်မှာ အတွေ့ ရများတဲ့ ဗိုင်းရပ် အမျိုးအစားကို နိုင်နင်းနိုင်ဖို့  ထုတ်လုပ် ထားခြင်းဖြစ်ပါတယ်။ နိုင်ဂျာနိုင်ငံမှာ နယ်စည်းမထားဆရာဝန်များ အဖွဲ့ နဲ့  ဟားဗတ်တက္ကသိုလ်က ပညာရှင်များနဲ့  ပူးပေါင်းပြီး စမ်းသပ်မှုပြုလုပ်ထားတာပါ။

 နှစ်စဉ် ကာလ ၀မ်းရောဂါ ဖြစ်ပွားသေဆုံးနေကြတဲ့ ကလေးငယ်အရေအတွက်ကို ဒီကာကွယ်ဆေးက သိသာစွာ ပြောင်း လဲစေပါလိမ့်မယ် ဟု နယ်စည်းမထားဆရာဝန်များအဖွဲ့ မှ ဒေါက်တာ Micaela က ပြောပြသည်။ရိုတာဗိုင်းရပ်ကို နေထိုင်မှုစနစ်ပြောင်းလဲခြင်းဖြင့် ကာကွယ်ရန် မဖြစ်နိုင်ကြောင်း၊ ရေ၊သန့် ရှင်းမှု၊ တစ်ကို ယ်ရည် သန့် ရှင်းမှု မည်မျှပင်ပြုလုပ်စေကာမူ ၄င်းဗိုင်းရပ် ကူးစက်နိုင်သည်ပင်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးခြင်းကသာ အထိရောက်ဆုံး ကာကွယ်နည်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ