မျက်စိအကြောရိုက်ကင်မရာဖြင့် သူငယ်အိမ်ကျယ်စေသည့် မျက်စဉ်းခပ်ဆေးကို အစားထိုးနိုင်မည်


မျက်စိဝေဒနာရှင်အများစု ထိတ်လန့် ကြောက်ရွံ့ ကြလေ့ရှိသည့် သူငယ်အိမ်ကျယ်စေသည့်မျက်စဉ်းခပ် ဆေး နေရာကို မျက်စိအကြောကိုဓါတ်ပုံရိုက်ပေးနိုင်သည့်ကင်မရာ ဖြင့် အစားထိုးသွားနိုင်တော့မည် ဖြစ်ကြောင်း ၄င်းကင်မရာကိုထုတ်လုပ်သူ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်တက္ကသိုလ်မှ သုတေသီ များကပြောသည်။

မျက်စိစမ်းသပ်မှုခံယူတဲ့အခါ သူငယ်အိမ်ကျယ်စေတဲ့ဆေးခပ်ရမှာကို ဝေဒနာရှင်တိုင်းက ကြောက်ရွံ့ ကြ ပါတယ်။ မျက်စိစပ်တာကို အကြာကြီးခံစားရသလို ပြီးသွားရင်လည်း နာရီပေါင်းများစွာကြာအောင် မျက် လုံးက ကြည့်လို့ မကောင်းဘဲေ၀၀ါးနေတဲ့အတွက် တစ်ခါဆေးခပ်ပြီးရင် နေ့ တစ်ပိုင်းလောက်ကတော့ ဘာမှဆက်လုပ်လို့ မရ ဖြစ်နေတတ်ကြလို့ ဖြစ်ပါတယ်။ အဲဒီပြဿနာကို ကျွန်တော်တို့  ထုတ်လုပ်ထားတဲ့ မျက်စိအကြောရိုက်ကင်မရာက ဖြေရှင်းပေးနိုင်ပါလိမ့်မယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

သူငယ်အိမ်ကျယ်ဆေးကိုခပ်ရတာက သူငယ်အိမ်ပွင့်နေစေဖို့ အတွက်ဖြစ်ပါတယ်။ ဒါမှလည်း မျက်စိကု ဆရာဝန်က သူငယ်အိမ်နောက်က မျက်စိအကြောကို ကြည့်ရှုစစ်ဆေးလို့ ရမှာဖြစ်ပါတယ်။ အဲဒီလို ဆေး မခပ်ရင် စူးရှတဲ့အလင်းတန်းနဲ့ တွေ့ လိုက်တိုင်း မျက်လုံးကြွက်သားက သူငယ်အိမ်ကို အလိုအလျောက် ပိတ်လိုက်လေ့ရှိတဲ့အတွက် ဆရာဝန်က နောက်ကအကြောကို ကြည့်လို့ မရတာပါဟု ၄င်းက ဆက်လက် ရှင်းပြသည်။

ယခုအခါ သုတေသီများက အိတ်ဆောင်အရွယ်ကင်မရာငယ်ကို တီထွင် ထုတ်လုပ် ထားကြောင်း ၊ တန်ဖိုး အားဖြင့်လည်း အမေရိကန်ဒေါ်လာ ၁၈၅ သာ ကျသင့်မည်ဖြစ်ကြောင်း၊ အတွင်း၌ Raspberry Pi 2 Microcomputer, အနီအောက်ရောင်ခြည်ကင်မရာ၊ LCD စကရင် နှင့် LED မီးလုံးများ ပါရှိကြောင်း၊ ၄င်း ကင်မရာဖြင့် မျက်လုံးကိုချိန်ကာ သူငယ်အိမ်အနောက်ဘက်ရှိ မျက်စိအကြောများကို ဓါတ်ပုံရိုက်ကူး နိုင်မည်ဖြစ်သည့်အတွက် ဝေဒနာရှင်အနေဖြင့် သူငယ်အိမ်ကိုဆေးခပ်ခံရန် လိုအပ်တော့မည် မဟုတ် ကြောင်း သိရသည် ။ အဆိုပါကင်မရာကို စမ်းသပ်ထုတ်လုပ်သည့်အဆင့်တွင်သာ ရှိနေသေးပြီး ဆက်လက်၍ အဆင့်မြှင့်တင် တပ်ဆင်ထုတ်လုပ်ကာ စမ်းသပ်မှုအ၀၀အောင်မြင်ပြီးလျင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်အသုံးပြုနိုင်ရန် ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်သည့်အတွက် နောင်တွင် သူငယ်အိမ်ကျယ်အောင် ဆေးခတ်ခြင်းသည် လည်း ပျောက်ကွယ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ