စိတ်ကစဥ့်ကလျားရောဂါကို သွေးစစ်နိုင်တော့မည်

စိတ်ကစဥ့်ကလျားရောဂါ  ( Schizophrenia)သည် ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း ၂၄သန်းတွင်ဖြစ်ပွား နေပြီး လူတစ်ထောင်တွင် ၇ဦးနှုန်း ဖြစ်နေသည်။

ထိုရောဂါဖြစ်ပွားလျှင် မရှိသည့်အရာများကို ရှိသည်ဟုထင်ခြင်း၊ တွေးတောမှု မူမမှန်ခြင်းနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုမူမမှန်ခြင်း ဖြစ် လေ့ရှိသည်။

ထိုစိတ်ကစဥ့်ကလျား ရောဂါအမည်တပ်ရန် ယခင်က စိတ်ပိုင်းဆိုင်ရာ ဆေးစစ် ချက်ပေါင်းများစွာ ပြုလုပ်ခဲ့ရသည်။ ယခုအခါမှာ တော့ သွေးစစ်ခြင်းဖြင့် သိရှိ တော့မည်ဖြစ်သည်။

ရောဂါကိုစောလျင်စွာ သိရှိခြင်းကြောင့် ကုသမှုတွင်များစွာ အထောက်အကူ ပြုနိုင်တော့မည် ဖြစ်သည်။ ထိုစမ်းသပ်မှုအတွက် ကာရိုလိုင်းနားတက္ကသိုလ်မှ သုတေသီအဖွဲ့သည် ရောဂါဖြစ်နေသူလူနာ ၃၂ဦး၏ သွေးနမူနာများကိုယူပြီး လေ့လာခဲ့ကြသည်။

သူတို့၏ သွေး များအတွင်းတွင် ( Markers)များကို လေ့လာတွေ့ရှိခဲ့သည်။ သူတို့တွေ့ရှိ ခဲ့သည့် အဖြေများဖြင့် စိတ်ရောဂါဖြစ် တော့မည်ကို ကြိုတင် စစ်နိုင်ခြင်းဖြင့် ကာကွယ်ကုသမှုများ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။

မာဃ
Ref;MNT
Health Updates Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ