အသက်(၄၀)ကျော် ထိပ်ပြောင်တဲ့အမျိုးသားတွေ ကင်ဆာရောဂါအန္တရာယ် ပိုများ

အသက် (၄၀)ကျော် ထိပ် မပြောင်တဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ပါက အသက်
(၄၅)နှစ်အရွယ်မှာ ပုံစံတစ်မျိုးမျိုးနဲ့ ထိပ်ပြောင်တဲ့ အမျိုးသားတွေဟာ အသက်ကြီး လာချိန်မှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်တဲ့ အန္တ ရာယ် ၄၀ရာခိုင်နှုန်း ပိုများကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြတယ်။

အမေရိကန်နိုင်ငံ မယ်ရီလန်း ပြည်နယ် ဘီသက်စ်ဆာမြို့နယ်ရှိ အမျိုးသား ကင်ဆာရောဂါဌာနမှ စုံစစ်ဆေးရေးမှူး မိုက်ကယ်ဘီကွက် က ““အသက် (၄၅)နှစ်အရွယ်မှာ ဆံပင်အတော်အသင့်ပါးတဲ့ အမျိုးသားတွေ၊ ထိပ်ပြောင်တဲ့ အမျိုးသားတွေ၊ ဆံပင်ကျွတ်တာများတဲ့ အမျိုးသားတွေမှာပဲ ပြင်းထန်တဲ့ ဆီးကျိတ် ကင်ဆာအန္တရာယ် ပိုများတာကို ကျွန်တော်တို့ရဲ့ လေ့လာမှုအရ စစ်ဆေးတွေ့ရှိခဲ့ပါတယ်”” လို့ ပြောတယ်။

အမေရိကန်ကင်ဆာ စစ်ဆေး ရေးဌာနမှာ စစ်ဆေးခံသူ အသက် (၅၅)နှစ်မှ
(၇၄)နှစ်ကြား အမျိုးသား ၃၉ယ၀၇၀ဦးမှာ ဆီးကျိတ်ရောဂါအန္တ ရာယ်နဲ့ ထိပ်ပြောင်ခြင်းကြားဆက်စပ်မှုကို သုတေသီတွေက စိစစ်လေ့လာခဲ့ကြတယ်။

၎င်းင်းတို့ကို အသက် (၄၅)နှစ် အရွယ်မှာ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်းရှိ၊ မရှိ သုတေသီတွေက မေးမြန်းခဲ့ပြီး၊ လေ့လာမှုအတွင်းပါဝင်သူ ၁ယ၁၃၈ဦးမှာ ဆီးကျိတ်ကင်ဆာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်။

လေ့ လာမှုမှာပါဝင်သူ ၅၁ရာခိုင်နှုန်းမှာ ဆီးကျိတ်ကင်ဆာပြင်းထန်ကြောင်း သိရတယ်။

အဲဒီလေ့လာမှုအရ ထိပ်မပြောင်တဲ့ အမျိုးသားတွေထက် ထိပ်ပြောင်တဲ့ အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများကြောင်း စစ်ဆေး တွေ့ရှိခဲ့တယ်။

ဆီးကျိတ်ကင်ဆာရောဂါနဲ့ ထိပ်ပြောင်ခြင်း နှစ်ခုစလုံးမှာ အမျိုး သားတွေရဲ့ လိင်ဟော်မုန်းနဲ့ အဲဒီ ဟော်မုန်းတွေပို့လွှတ်တဲ့ အာရုံကြောတွေအဆင့်မြင့်မား
မှုနဲ့ ဆက်နွှယ်ကြောင်း အထောက်အထားတွေ့ရှိရတယ်။
ဒါကြောင့် ထိပ်ပြောင်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်တာ၊ ရောဂါ အဆင့်မြင့်
လာတာတွေကြား ဇီဝဗေဒဆိုင်ရာ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ပြောတယ်။ အခုလေ့လာမှုကို Clinical Oncology ဂျာနယ်မှာ ဖော်ပြထားတယ်။

Ref;TOI
ညွန့်လွင်(စက်မှုတက္ကသိုလ်)
Health Updates Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ