စိတ်ကျရောဂါ ဖြစ်စေနိုင်သည့် မျိုးဗီဇအစိတ်အပိုင်းသစ်များတွေ့ရှိ


စိတ်ဓာတ် ကျရောဂါနှင့် ကြီးမားစွာ ဆက်စပ်လျက်ရှိသော မျိုးဗီဇအပိုင်း (၁၅) ခုအား တွေ့ရှိခဲ့ ကြောင်း ''Nature Genetics'' အွန်လိုင်း ၀က်ဆိုဒ်ပေါ်တွင် ထည့် သွင်းဖော်ပြထားသော လေ့လာမှုသစ် တစ်ခုအရ သိရှိရပါသည်။ မည်သူ မဆို တစ်ချိန်မဟုတ်တစ်ချိန်တွင် အပြင်းအထန် စိတ်ဓာတ်ကျခြင်းနှင့် ကြုံတွေ့ရန် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိရှိနေကာ လူတစ် ယောက်၏ ဘ၀တစ်သက်တာလုံး တွင် စိတ်ဓာတ်ကျခြင်း ကြုံတွေ့ရန် ၁၇ ရာခိုင်နှုန်းအထိ ရှိနေပါသည်။ အဆိုပါ အခြေအနေသည် အမျိုးသား ထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွား နိုင်လေ့ရှိကာ အသက် ၃၂ နှစ်ခွဲခန့် တွင် အတွေ့ရများလေ့ရှိသည်။ သုတေသနအဖွဲ့သည် ''23andMe'' ဆိုသည့် မျိုးဗီဇနှင့် သက်ဆိုင်သော လုပ်ငန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီမှ အချက်အလက်များကို အသုံးပြုခဲ့ပါသည်။

၎င်းင်းဇီဝ အချက်အလက်များ အား ဆန်းစစ်လေ့လာရာမှ မျိုးဗီဇ ထုံးရှိ အစိတ်အပိုင်း (၂) ခုသည်
]]စိတ်ဓာတ်ကျခြင်း}} (၀ါ) စိတ်ကျ ရောဂါဖြစ်ရန် အန္တရာယ်များစေ ကြောင်း တွေ့ရှိခဲ့ပါသည်။ ယင်း မျိုးဗီဇအစိတ်အစိတ်အပိုင်း (၂) ခုထဲ မှ တစ်ခုအား တိကျစွာ အသေးစိတ် သိရှိနားလည်းခြင်း မရှိသေးသော် လည်း အခြားမျိုးဗီဇအစိတ်အပိုင်းမှာ မူ အတက်ရောဂါ ဖြစ်ပွားခြင်း အန္တရာယ်နှင့် ဆက်စပ်နေကြောင်း သိရပါသည်။ စိတ်ကျရောဂါ သည် မိသားစုတစ်ခု၏ နောက်လာမည့် မျိုးဆက်သစ်များအတွင်း ဆက်ခံ ရရှိနိုင်သည်ကို တွေ့ရှိရပြီး ယခုလို့ မျိုးဗီဇဆိုင်ရာအကြောင်းများ တွေ့ ရှိခြင်းကြောင့် ကုထုံးအသစ်များ တွေ့ရှိလာနိုင်စေမည်ဖြစ်ပါသည်။

Dr. A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ