ဆီးချိုရောဂါဝေဒနာရှင်အမျိုးသားများ ကြုံတွေ့နိုင်သည့်လိင်ဘက်ဆိုင်ရာပြဿနာများ


ဆီးချိုရောဂါနှင့်လိင်ဘက်ဆိုင်ရာပြဿနာများ
တကယ်တော့ဆီးချိုရောဂါ ဖြစ်ပြီဆိုအမျိုးသားရော၊ အမျိုးသမီး ပါကာလတာ ရှည်သွေးထဲမှာ သကြား ဓာတ်များလာတာရဲ့ဆိုး ကျိုးအဖြစ်လိင်ဘက်ဆိုင်ရာပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ အမျိုး သမီးတွေမှာ လိင်ဆက်ဆံတဲ့လမ်း ကြောင်း ခြောက်သွေ့ပြီး စိတ်ဆန္ဒ နည်းပါးတာကိုကြုံတွေ့ရနိုင်ပါတယ်။ အမျိုးသားတွေမှာလိင်အင်္ဂါတောင့်တင်းသန်မာမှုနဲ့ပတ်သက်ပြီး ပြဿနာတွေကြုံရနိုင်ပါတယ်။

အဓိပ္ပါယ်ကသူတို့တွေမှာလိင်အင်္ဂါတောင့်တင်းသန်မာမှုကိုအတား အဆီးဖြစ်စေတဲ့အချက်တွေ၊ တောင့်တင်းသန်မာတဲ့အချိန်တိုတောင်းစေတဲ့အချက်တွေရှိနေတာကြောင့်လိင်မဆက်ဆံနိုင်ကြတာကိုဆိုလိုတာပါ။ လိင်အင်္ဂါတောင့်တင်းသန်မာမှုဖြစ်စေဖို့လိင်အင်္ဂါဆီကိုသွေးပြည့်ပြည့် ၀၀၊ လုံလုံလောက်လောက်ရောက်ရှိ ဖို့လိုအပ်သလိုလိင်အင်္ဂါကိုဆက်သွယ်ထားတဲ အာရုံကြောတွေ ကောင်းဖို့လည်း လိုပါတယ်။


ဆီးချိုရောဂါကိုသေချာမကုသရင်၊ မထိမ်းချုပ်နိုင်ရင်ခန္ဓာကိုယ်တစ်ခုလုံးကသွေးကြောတွေ၊ အာရုံကြောတွေ ကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါပြင်းထန်လာရင် အာရုံ ကြောတွေ မကောင်းတော့ တာကြောင့်ခြေထောက်တွေ အာရုံခံစား မှုကင်းမဲ့လာတာ၊ ထိခိုက်တာကိုမသိတော့ဘဲအနာမကျက်တော့တာ၊
နောက်ဆုံး ခြေချောင်းလေးတွေပုပ်သွားတာတွေကိုမြင်ဘူး၊ ကြားဘူး ကြပါလိမ့်မယ်။ လိင်ဘက်ဆိုင်ရာပြဿနာတွေကလည်း အဲဒီဖြစ်စဉ်အတိုင်းဖြစ်လာတာပါ။ ဒါ့အပြင်သွေးလည်ပတ်မှုထိခိုက်လာတဲ့အတွက်လိင်အင်္ဂါဆီသွေးစီးဆင်း မှုကျဆင်းသွားသလိုလိင်အင်္ဂါတောင့်တင်းသန်မာအောင်နှိုးဆွပေးပြီး ထိမ်းထားနိုင်တဲ့ အာရုံကြောတွေကို လည်း မပံ့ပိုးနိုင်တော့ပါဘူး။

အရေးကြီးတဲ့ပြဿနာမို့ဖွင့်ဟတိုင် ပင်ဖို့မရှက်ပါနဲ့ ဆရာဝန်ဆိုတာ လူနာတွေရဲ့ရောဂါဝေဒနာတွေ၊ လူမှုဒုက္ခတွေကိုပွင့်ပွင့်လင်းလင်း ဖွင့်ပြောတိုင်ပင်နိုင်တဲ့သူတွေပါ။ အခုလိုဆီးချိုရောဂါ ကြောင့်ခံစားရတဲ့လိင်ဘက်ဆိုင်ရာပြဿနာတွေဆိုတာလည်း ဆရာဝန် တွေနဲ့ဆွေးနွေးတိုင်ပင် မှဖြေရှင်းနိုင်မှာပါ။ ဒါကြောင့် ရှက်ရွံ့မနေပါနဲ့၊ နောက်တွန့်အချိန်ဆွဲမနေပါနဲလို့ပြောချင်ပါတယ်။ ဆရာဝန်တွေဟာ လူနာရဲ့ရောဂါသာမကစိတ်ဘက်ဆိုင်ရာထိခိုက်မှု၊ ပြဿနာကိုပါထည့်သွင်းစဉ်းစား၊ ကူညီဖြေရှင်း ပေးဖို့ကြိုးစားလေ့ရှိပါတယ်။

ဆီးချိုရောဂါသည်တွေမှာအခုလိုလိင်ဘက်ဆိုင်ရာပြဿနာတွေကြောင့်စိတ်ကျရောဂါခံစားရနိုင်သလိုစိတ်ကျရောဂါကြောင့်လည်း ဒီလိုပြဿနာတွေကြုံတွေ့နိုင်ပါတယ်။ တတ်သိနားလည်တဲ့ဆရာဝန် တွေအနေနဲ့ဆီးချိုရောဂါသည်တွေရဲ့ လိင်ဘက်ဆိုင်ရာပြဿနာတွေကိုစမ်းသပ်စစ်ဆေးဖော်ထုတ်ပြီး ကူညီကုသပေးနိုင်ပါတယ်။ ကုသနည်းတွေထဲမှာဆီးချိုရောဂါကိုကုသခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်
လျှော့ချခြင်း ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့လူနေမှုပုံစံပြောင်းလဲစေ တာမျိုးတွေပါဝင်ကြောင်း သိရှိရပါတယ်။

ဒေါက်တာ ဇင်ဇေယျာဝင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ