သွားဖုံးရောင်ရောဂါ ကုထုံးသစ် စံနမူနာတွေ့ရှိ


သွားဖုံးရောဂါသည်ကုသရခက်ခဲပြိး သွားများအား ဆုံးရှုံးစေ သောအဓိက အကြောင်းအရင်း တစ်ခုလည်း ဖြစ်သည် ။ သို့သော်သုတေသနနောက်ဆုံးထုတ်ဖော်တွေ့ရှိ ချက်အရကျောရိုး အစားထိုးပစ္စည်း များ(Spinal Implants) တွင်အသုံးပြုသည့် ကြွေ ပစ္စည်းဖြစ်သည့် Silicon Nitride ဆီလကွန်နိုက်ထ ရိုက်ဒြပ်ပေါင်းသည် သွားဖုံးရောဂါ သည်သွားဖုံးရောဂါကိုကုသရာတွင် အသုံးဝင်ထိရောက်မှုရှိကြောင်း သိရှိရသည်။

 PorphyromonasGingi- valis ဘက်တီးရီးယားသည်သွား ပတ်လည်ရှိ တစ်ရှုးများအား ကူးစက်ပြီး သွားဖုံးရောင်ရမ်းခြင်းကိုဖြစ်စေကာသေချာစွာမကုသပါက အရိုးကို ပါတိုက်စားသည် အထိဖြစ်နိုင်ပြီး ဆေးပညာအရ Periodohtitis ဟု ခေါ်သည်။ အဆိုပါဘက်တီးရီးယား များသည် Silicon Nitride မျက်နှာပြင်နှင့်ထိတွေ့သောအခါသေဆုံး သွားသည့် အချက်ကို သတိပြုမိကြသည်။

သုတေသနပညာရှင်များကသွားဖုံးရောင်ကုသနည်းအသစ်အဖြစ်စဉ်းစားလာခဲ့ကြသည်။ Silicon Nitride ၏ မျက်နှာပြင်ဓာတုဖွဲ့စည်းပုံကိုအသစ်ထပ်မံပြောင်း လဲလိုက်ခြင်းဖြင့်ဘက်တီးရီးယား၏ ဇီဝယန္တရားဖြစ်စဉ်များကို အကျိုး သက်ရောက်နိုင်သည်ကိုတွေ့ရှိခဲ့သည်။ သွားဖုံးရောင်ရောဂါသည်သက်လတ်ပိုင်းအရွယ် ၃၅-၄၄ အတွင်းရှိလူများ၏ ၁၅% မှ ၂၀% တွင်ဖြစ်ပွားနေသည်။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ