လူမှုကွန်ရက်အသုံးများသူများ အထီးကျန်စိတ်ဝေဒနာကိုခံစားရနိုင်ခြေ မြင့်မား


Facebook ကဲ့သို့ သောလူမှုကွန်ရက်များသည် လူတစ်ဦးနှင့် တစ်ဦးထိတွေ့ မှု ပိုကာအပေါင်းအသင်း မိတ်ဆွေပိုများလာစေရန်ရည်ရွယ်ရင်းဖြစ်သော်လည်းလက်တွေ့ တွင် လူမှုကွန်ရက်အသုံးများသည့် ဆယ်ကျော်သက်အရွယ်လူငယ်များတွင် အထီးကျန်စိတ်ဝေဒနာခံစားရနိုင်ခြေ ပိုမိုမြင့်မားနေသည် ကိုတွေ့ ရှိရကြောင်းအမေရိကန်ပြည်ထောင်စု၊ Pittsburgh မြို့ ရှိ University of Pittsburgh မှ သုတေသီများကပြောသည် ။ လူအများတွေ့ ဆုံကာဆက်သွယ်ပြောဆိုနိုင်ရန် စီမံထားသည့် လူမှုကွန်ရက်များဖြစ်စေ၊ အင်နက်ဆိုက် များ ဖြစ်စေသည် လူသားအချင်း အချင်းပြောဆိုဆက်သွယ်မှုနှုန်း ကိုလျော့ကျစေပြီးဖန်သားပြင်ပေါ်ရှိပုံရိပ် ယောင်များနှင့်သာဆက်သွယ်ပြောဆိုနေရသည့်အတွက် လူတစ်ဦးကိုသာမန်ထက် ၂-ဆ ပို၍ စိတ်ညစ် ညူးစေခြင်း၊ စိတ်ဖိစီးမှုဖြစ်စေခြင်း၊ အထီးကျန် စိတ်ဝေဒနာကို ခံစားရစေခြင်းတို့ ကို ဖြစ်ပွားစေနိုင်သည်ကိုတွေ့ ရကြောင်းသုတေသီဒေါက်တာ Brian က ပြောပြသည် ။

 လူတွေကအထီးကျန်တယ်၊ပျင်းတယ်၊ အဖော်မရှိဘူး ဆိုပြီး လူမှုကွန်ရက်တွေကို အသုံးပြုပါတယ် ။ ဒါပေမယ့် သူတို့ လိုချင်တာလူမှုကွန်ရက်မဟုတ်ပါဘူး။ မိတ်ဆွေ စစ်မိတ်ဆွေမှန်တွေကို လိုချင်ကြတာပါ ။ သို့ သော် လူမှုကွန်ရက်ရဲ့ ဝဲဂယက်ထဲမှာပဲ လွှင့်မျောနေပြီး ကိုယ်အမှန် တကယ် ထိတွေ့ ရင်းနှီးတွေ့  ဆုံခင်မင်လို့ မရတဲ့အခြေအနေတွေကြောင့် ဖုံးပိတ် လိုက်ရင် ကြောက် စရာကောင်းလောက်အောင် အထီးကျန် တာကိုတွေ့ ရတဲ့အတွက် အခုနောက်ပိုင်း လူတွေဟာ ဖုန်းကိုကိုယ် နဲ့ မကွာဆောင် ထားကြသလို ဖုန်းကိုမမြင်ရရင် ကိုယ့်ကိုယ်ကိုယ် မလုံခြုံတော့တဲ့ အတိုင်းခံစားကြရတာ ကိုတွေ့ ရပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။

 ဖုန်း၊ကွန်ပျူတာအစရှိသည်တို့ ကိုအသုံးပြုကာလူမှုကွန်ရက်များတွင်သာအချိန်ကုန်နေသူများသည် ၄င်းတို့ ၏ပတ်ဝန်းကျင်ရှိ လူအပေါင်းနှင့်ထိတွေ့ ဆက်ဆံမှုနှုန်းကျဆင်းသွားကြောင်း၊ တစ်နည်းအားဖြင့် ဖုန်းပြင်ပတွင် မိတ်ဆွေမရှိတော့သည့်အတိုင်းဖြစ်လာကြောင်း၊ ဖုန်းပေါ်၌တွေ့ မြင်ရသည့် အွန်လိုင်း မိတ် ဆွေများသာ ကျန်၇ှိသည့်အတွက် အထီးကျန်စိတ်ဝေဒနာကို ပို၍ ခံစားလာရခြင်းဖြစ်ကြောင်း သိရသည် ။ကမ္ဘာတစ်ဝန်းတွင် Facebook, Twitter, Google Plus, YouTube, LinkedIn, Instagram, Pinterest, Tumblr, Vine, Snapchat နှင့် Reddit ကဲ့သို့ လူမှုကွန်ရက်များကို လူပေါင်း ဘီလီယံနှင့် ချီသုံးစွဲလျက်ရှိ ပြီးစိတ်ကျရောဂါအစလူမှုကွန်ရက်ကဟုပြောနိုင်ကြောင်း၊ လူမှုကွန်ရက်အသုံးများသူတို့ တွင် ခံစားမှု ပိုင်းဆိုင်ရာနွေးထွေးမှုမရရှိခြင်း၊ စစ်မှန်သောမိတ်ဆွေရှားပါးခြင်း၊ မိမိနှင့် အတူယှဉ်တွဲကာ မားမားမတ်မတ် ရပ်တည်ပေးမည့်သူ မရှိခြင်းအစရှိသည့် အားနည်း ချက်ပေါင်းမြောက် များစွာကိုတွေ့ ရှိရကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ