သွေးဆုံးပြီးနောက်ဆီးမထိန်းနိုင်တဲ့အမျိုးသမီးများအတွက် မျှော်လင့်ချက်


ပြင်းထန်စွာခန္ဓာကိုယ်လှုပ်ရှားမှုလုပ်တဲ့အချိန်တွေမှာဆီးထွက်ကျတတ်တဲ့အမျိုးသမီးတွေအတွက်ဆေးတစ်နေ့တစ်လုံး သောက်ရုံနဲ့ သက်သာစေတော့မယ်လို့သိရပါတယ်။ Stress Urinary Inocn- tinence (SUI) ဆိုတာ ကတော့ပြင်းပြင်း ထန်ထန်နှာချီလိုက်ချိန် ၊ ချောင်းဆိုးချိန်၊ ရယ်မောလိုက်ချိန်တွေမှာ ဆီးမထိန်းနိုင်ပဲ ထွက်ကျနိုင်တဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ ။ ဘဲလ်မောင့် ဆေးရုံမှာရှိတဲ့ ဆီးနှင့်ကျောက်ကပ်သမားတော်များ ကသွေးဆုံးပြီး အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ (SUI) အခြေအနေနဲ့ပတ်သက်ပြီး၊ တင်ပါး ဆုံပိုင်းကြွက်သား တွေကိုသန်မာစေပြီးဆီးမထိန်းနိုင်တာကိုလျော့ကျစေမယ့်နည်းလမ်းကိုရှာဖွေခဲ့ကြပါတယ်။ မျှော်လင့်ထား တာကတော့နေ့စဉ်သောက်ဆေး လောက်နဲ့ ယင်းပြဿနာကိုဖြေရှင်း နိုင်ဖို့မျှော်လင့်ထားကြပါတယ်။

SUI အခြေအနေမျိုးကအမေရိကန်တစ်နိုင်ငံတည်းမှာပင်ခံစားနေရတဲ့သူဦးရေ ၁၃ သန်းလောက်ရှိပါတယ်။ သုတေသနကိုဘဲလ်မောင့် ဆေးရုံတစ်ခုတည်းကသာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သုတေသနမှာသွေးဆုံးပြီး SUI ပြဿနာခံစားနေရတဲ့အမျိုးသမီးတွေကို Enobosarm သောက်ဆေးတစ်ရက်ကို 3 mg ပေး ပြီး ရက်ပေါင်း ၄၀ ထိသောက်စေခဲ့ပါတယ်။ ရလဒ်ကတော့သိသိသာသာတိုးတက်လာတာတွေ့ရပါတယ်။ ပါဝင်သူ Kathy Abourezk ၅၅ နှစ်ကတော့သူမမှာ SUI ဝေဒ နာခံစားနေရတဲ့အတွက်ဘယ်နေရာသွားသွား အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေထည့်သွားနေရပါတယ်။ ဥပမာအားဖြင့်အမျိုးသားက ဟာသလေးတွေပြောလာတဲ့ အခါနှာချီတဲ့အခါ၊ ချောင်းဆိုးတဲ့အခါတွေမှာဆီးမထိန်းနိုင်တဲ့ပြဿနာကိုတွေ့ရပြီး တစ်ခါတစ်လေ ကားထဲမှာရှိနေတဲ့အချိန်တွေဆိုတစ်ကယ်ပြဿနာပါပဲ။ SUI က လူတစ်ယောက်ရဲ့ဘ ၀နေထိုင်မှုပုံစံ၊ အလုပ်၊ ဆက်ဆံရေး အားလုံးကိုထိခိုက်စေတာပါပဲ။

ဒါ ကြောင့်ကျွန်မလိုမျိုးလက်ရှိခံစားနေရတဲ့သူတွေသက်သာစေဖို့မျှော်လင့်ပါတယ်လို့အကြံပြုခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ Beaumont Hospital တစ်ခုတည်းကသာ ယင်း ကုထုံးကို လက်ခံ ကုသပေးနေတဲ့ ဆေးရုံဖြစ်တယ်လို့လည်း သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ