သင့်ကျန်းမာရေး (ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်အာဟာရများ)


အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် ကျန်းမာရေး ဆွေးနွေးပွဲတွေမှာ အစားအစာများမှ အာဟာရ သို့မဟုတ် ဗီတာမင်များပါဝင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဝိုင်းဆွေးနွေးကြတယ်။ ဗီတာမင်ဆိုတဲ့ ဒီအသုံးအနှုန်း မစတင်ကတည်းက လူတို့စားသုံးတဲ့ အစားအစာတွေမှာ ပါပြီးသားပါ။ လူတွေက အစားအစာကို ကောင်းသည် ထက်ကောင်းအောင် ချက်ပြုတ်ပြီး အထူးပြုအာဟာရ အဖြစ်နဲ့ စားသောက်လာကြတာပါ။

ဒါကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို အစာထဲမှာ ဗီတာမင်ပါဝင်မှုကို လေ့လာသင့်ပါတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာ မင်က ဗီတာမင်ဘီနဲ့စီအုပ်စုတို့ဖြစ်ပြီး အဆီမှာပျော်ဝင်တဲ့ ဗီတာမင်က အေ၊ ဒီ၊ အီးနဲ့ ကေအမျိုးအစားတွေပါဝင်တယ်။

ဗီတာမင်အေကို အဓိက အားဖြင့် အမြင်အားဆေး (မျက်လုံးအားဆေး) အနေနဲ့ သိထားကြတယ်။ အသည်း၊ ဥအနှစ်၊ မလိုင်ပြည့်နို့၊ ထောပတ်များ၊ ဒန့်သလွန်ရွက်၊ ကန် စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ကင်းပုံရွက်၊ သရက်သီး၊ သင်္ဘောသီး၊ ရွှေဖရုံသီး၊ ကန်စွန်းဥနဲ့ မုန်လာဥနီတို့ ပါဝင်ကာ ရရှိဖော်ထုတ် ပြီး အာနိသင်အရ မျက်စိ အမြင်ဓာတ်ကို စူးရှစေပါတယ်။

ဗီတာမင်အေ ချို့တဲ့ရင် ညအခါ မျက်စိမမြင်ခြင်း၊ မျက်ခမ်းစပ်၍ မျက်စိကွယ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ကလေးငယ် ဆယ်ကျော်သက်များ ဘယ်လက်ဖျံနှင့် ညာဒူးထက်တွင် ကြာဆူးများပေါက်ခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်း၊ ကြွက်သားများ ယိုယွင်းပျက်စီးစေခြင်း၊ ရင်သား၊ အဆုတ်၊ အူမကြီးနဲ့သားအိမ်တို့မှာ ကင်ဆာ ရောဂါဖြစ်ပွားတတ်တယ်။

ဗီတာမင်ဘီဟာ အာရုံကြောဓာတ်လို့ လူသိများပြီး ဆန်လုံးညို၊ ပဲပင်ပေါက်၊ ပဲမျိုးစုံ၊ ထမင်းရည်၊ အသားငါးများ၊ အခွံမာသီးများနဲ့ အရွက်များဟာ ဗီတာမင်ဘီ ပေါကြွယ်ဝတယ်။

ဗီတာမင်ဘီချို့တဲ့ရင် သွေးအားနည်းခြင်း၊ အရေပြားနာနှင့် အာရုံ ကြောထိခိုက်ခြင်း၊ မိခင်ဗီတာမင်ဘီချို့တဲ့ပါက သန္ဓေသားမှာ ပုံမှန်ကလေးထက် သိမှုဥာဏ်စွမ်း နောက်ကျခြင်းတို့ဖြစ်တယ်။ ဗီတာမင် B1, B2, B6, B12 တို့ဟာ ထင်ရှားပြီး ဒိုင်ယာဆင်နဲ့ ဖောလစ်အက်စစ်လည်း အရေးပါတဲ့ အခြေအနေမှာရှိပါတယ်။

ဗီတာမင်စီ အပြည့်အဝပါတဲ့ အစားအစာတွေက ဆီးဖြူသီး၊ ခရမ်း ချဉ်သီး၊ ဖန်ခါးသီး၊ သံပရာသီး၊ စတော် ဘယ်ရီသီး၊ ငရုတ်ကောင်း၊ ဂေါ်ဖီစိမ်း၊ ဖန်ခါးသီး၊ သံပရာသီး၊ စတော်ဘယ်ရီသီး၊ ဆီးဖြူသီးမှာ ဗီတာမင်စီပါဝင်မှု အများဆုံးဖြစ်တယ်။ နေရောင်ခြည်မှာ ဗီတာမင်ဒီ အပြည့်အဝပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီ အပြည့်အဝပါတဲ့ အစာတွေမှာ အရိုးပါ ငါးကလေးများ၊ အသည်း၊ ဥအနှစ်၊ အဆီပါတဲ့ငါးများ၊ နို့အမျိုးမျိုးတို့ပါဝင်ကာ ရရှိဖော်ထုတ်ပြီး အာနိသင်များမှာ အရိုးဖွဲ့စည်းမှု ပုံမမှန်ခြင်းကို ကာကွယ်တယ်။ အရိုးခိုင်ခံ့စေတယ်။ ဖြစ်နိုင်ခြေအာနိသင်မှာ အရိုးနှင့် ယှဉ်သောရောဂါများကို ကာကွယ်နိုင်တယ်။ အရိုးပွခြင်းနဲ့ ကျောက်ကပ်ရောဂါ ကာကွယ်နိုင်တယ်။

ဗီတာမင်အီးမှ အပြည့်အဝပါတဲ့ အစာတွေကို အခွံမာသီးများ၊ ကောက်နှံစေ့၊ နေကြာစေ့၊ ဝါစေ့၊ အစေ့အဆန်များ၊ ငါးကြီးဆီ၊ ဟင်းသီးဟင်းရွက် များဖြစ်ကာ ရရှိဖော်ထုတ်ပြီး အာနိသင်များမှာ လမစေ့မီ မွေးဖွားကလေးများ၊ မျက်လုံးဖွဲ့စည်းမှု မူမမှန်ခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးတယ်။ ဖြစ်နိုင်ခြေအာနိသင်များမှာ နှလုံးရောဂါ

ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းကို လျော့နည်းစေတယ်။ ကြွက်သားယိုယွင်းမှုကို ကာကွယ်တယ်။ ကိုယ်တွင်း အင်္ဂါများမှာ အကျိတ်ဖွဲ့စည်းခြင်း ဖြစ်ပေါ်စေတဲ့ ကျောရိုးအာရုံကြောမကြီး ထိခိုက် စေခြင်းကို ကာကွယ်စေတယ်။ ဗီတာမင်ကေတွင် အစာအာဟာရ အနေဖြင့် ပြောင်းဖူး၊ ပဲပုပ်စေ့၊ ပဲပုပ်အဆီ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ကောက်နှံများ၊ အသည်းအမျိုးမျိုး၊ အသားအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်း များ ပါဝင်ပြီး အာနိသင်မှာ သွေးထွက်လွန်ခြင်းကို ကာကွယ်ပေးတယ်။ ဖြစ်နိုင်ခြေအာနိသင်မှာ ခန္ဓာကိုယ် သွေးလည် ပတ်မှုကို မှန်ကန်စေနိုင်တဲ့ စနစ်ကို ဖြစ်စေတယ်။

ဗီတာမင်အေကို လွန်ကဲစွာစားရင် ပါးစပ်နံခြင်း၊ အသည်းပျက်စီးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အမြင်အားနည်းခြင်းများကို ခံစားရပြီး ဗီတာမင်ဘီ အလွန် စားရင် ပါးစပ်၊ လက်များ ထုံလာပြီး အရေပြားနီရဲခြင်း၊ ယားခြင်းဖြစ်တတ်တယ်။ ဗီတာမင်စီများရင် ဝမ်းဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း ဖြစ်စေတယ်။ ဗီတာမင်ဒီကို လွန်ကဲစွာစားရင် နှလုံးကြွက်သား လုပ်ငန်းလုပ်ဆောင်မှု နှေးကွေးစေတယ်။ ဗီတာမင်အီးကို လွန်ကဲစွာစားရင် သွေးအားနည်း ဝေဒနာ ခံစားရစေတယ်။ ဗီတာမင်ကေ လွန်ကဲစွာစားရင် ဝမ်းတွင်းပူတဲ့ ဝေဒနာခံစားရတတ်တယ်။ ဗီတာမင်သည် အာဟာရဓာတ်ကို စုံလင်ပြည့်ဝ စွာ ပေးနိုင်သော်လည်း အစာနဲ့ဆေးတည့်အောင် လိုသည်ထက်ပို မစားမိဖို့လို တယ်။ ဗီတာမင်ပါဝင်မှုများတဲ့ အစားအစာတွေဟာ ယေဘုယျအားဖြင့် လတ်ဆတ်လေလေ ဗီတာမင်ပါဝင်မှု များလေဖြစ်ပြီး ကြော်လှော်ချက်ပြုတ်လွန်းပါက ပျက်စီးသွားတတ်ကြတယ်။ ဥပမာ-ဟင်းနုနယ်၊ ကန်စွန်းရွက်၊ ပဲအမျိုးမျိုးတို့ ချက်ပြုတ်မှုကြာမြင့် ရင် ရှိပြီးသားဗီတာမင်တွေ ကုန်ခန်းသွားတတ်လို့ ချက်ပြုတ်ရာမှာကျွမ်းကျင် ဖို့လိုအပ်ပါတယ်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ