ကမ္ဘာ့အဝဆုံးအမျိုးသမီးအဖြစ် မှတ်ယူရသော အီဂျစ်အမျိုးသမီးကို အိန္ဒိယဆရာဝန်များက ခွဲစိတ်၍ ကိုယ်အလေးချိန်လျှော့ချပေး


ကမ္ဘာ့အဝဆုံးအမျိုးသမီးအဖြစ် မှတ်ယူရသော အီဂျစ်အမျိုးသမီး တစ်ဦးကို အိန္ဒိဆရာဝန်များက ခွဲ စိတ်၍ ကိုယ်အလေးချိန်လျှော့ချပေး ခဲ့ရာ ကိုယ်အလေးချိန် ကီလိုဂရမ် ၁ဝဝကျခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ယနေ့တွင် ဖော်ပြ ခဲ့သည်။အီမန်အာဖက်အက်ဘ်အယ်လ် အတီအမည်ရှိ အဆိုပါ အီဂျစ် အမျိုးသမီးကို မတ် ၇ရက်က ခွဲစိတ် ၍ ကိုယ်အလေးချိန် ပေါင် ၂၂ဝကို အောင်မြင်စွာ လျှော့ချပေးနိုင်ခဲ့ ကြောင်း မွမ်ဘိုင်းမြို့တော်ဆိုင်းဖီး ဆေးရုံမှ အိန္ဒိယဆရာဝန်များက ပြောကြားခဲ့သည်။

အသက် ၃၇နှစ်အရွယ် အီဂျစ် အမျိုးသမီးသည် မူလက ကိုယ် အလေးချိန် ကီလိုဂရမ် ၅ဝဝထိရှိ ခဲ့ရာ နှစ်ပေါင်း ၂ဝကြာမျှ နေအိမ် ပြင်ပသို့ ထွက်ခွာနိုင်မှုမရှိခဲ့ကြောင်း သိရသည်။သို့သော် ခွဲစိတ်မှုခံယူပြီး နောက် အီမန်၏ကိုယ်အလေးချိန် ကီလိုဂရမ် ၄ဝဝခန့်သာရှိတော့ရာ ကုထုံးမျိုးစုံတို့ကြောင့်လည်း အီမန် ၏ကိုယ်အလေးချိန်မှာ နေ့စဉ်နှင့် အမျှ တဖြည်းဖြည်းကျဆင်းလာ ကြောင်း အိန္ဒိယဆရာဝန်များက ပြောကြားခဲ့သည်။၎င်းနေဖြင့် ခွဲစိတ်ကုသ၍ ကိုယ်အလေးချိန် လျှော့ချရေးကို အထူးပြုပြင်ထားသော အဲဘတ်စ် လေယာဉ်ဖြင့် မွမ်ဘိုင်းမြို့တော်သို့ ဖေဖော်ဝါရီလအတွင်းက ရောက်ရှိ ခဲ့သည် ။ ထို့ပြင်ပေါ်လိန်းပေါ်တာအမည်ရှိ အမေရိကန်အမျိုးသမီးသည် ကိုယ် အလေးချိန် ၂၉၃ကီလိုဖြင့် ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာ့ဂင်းနစ်စံချိန် တင်ထားသော်လည်း လက်ရှိအချိန် တွင် ကမ္ဘာ့အဝဆုံးအမျိုးသမီးမှာ အီမန်သာဖြစ်ဖွယ်ရှိကြောင်း သိရ သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ