ကမ္ဘာ့ပထမဆုံး ဒေါက်ဖိနပ်ဝတ်ဆင်နိုင်မယ့် ခြေတု


အကြောင်းအမျိုးမျိုးကြောင့် ခြေထောက်ဆုံးရှုံးသွားရတဲ့အမျိုး သမီးတွေမှာလည်း အမျိုးသားများ နည်းတူ ဘ၀အခက်အခဲတွေ ကြုံတွေ့ရပြီး ပိုလာတဲ့ပြဿနာတစ်ခု က ဒေါက်မြင့်ဖိနပ်တွေဘယ်လိုစီး ကြမလဲဆိုတာပါပဲ။ ဒေါက်မြင့်ဖိနပ်ဆိုတာ ယနေ့ခေတ်မှာအမျိုးသမီး ဘ၀တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီပြဿနာ ကိုဖြေရှင်းဖို့အတွက် Johns Hopkins တက္ကသိုလ် မှကျောင်းသားတွေ၊ သမားတော်တွေနဲ့ ပြင်ပရှိခြေတု လက်တု ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းပြီး ခြေတုတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ Prominence လို့အမည်ပေးထားတဲ့ ယင်းကမ္ဘာ့ပထမဆုံး ခြေတုကဒေါက်အမြင့် ၄ လက်မထိသက်သောင့်သက်သာ ၀တ်ဆင် နိုင်ပြီး၊ ဖိနပ်တစ်မျိုးစီ အတွက်သီးသန့်ထုတ်ရတာမျိုး မဟုတ်ပဲအများစုနဲ့ သက်သောင့်သက်သာ စီးနင်းနိုင်တယ်လို့သိရပါတယ်။

လက်ရှိဈေးကွက်မှာရနေတဲ့ ခြေတုတွေကအများအားဖြင့်အမျိုးသား ၀တ်ဖိနပ်တွေနဲ့သာ ၀တ်ဆင်၍ရနိုင် ပြီး အမြင့်အားဖြင့်လည်း ၂ လက်မထက်ပိုပြီး ၀တ်ဆင်လို့မရဘူးလို့ သိရပါတယ်။
ယင်း Prominence ကိုထုတ်လုပ်ရာမှာလည်း ဒေါက်ဖိနပ်အမြင့်အမျိုးမျိုးအတွက်သင့်တော်ရမယ်၊ ၀တ်ထားရင် ခြေချော်လဲမှုမဖြစ်စေရဘူး၊ အလေးချိန်ပေါင် ၂၅၀ လောက်ခံနိုင်ရမယ်၊ အလေးချိန်ကလည်း ၃ ပေါင်ထက်မများစေရဘူးစတဲ့စိန်ခေါ်မှုတွေကိုကျော်ဖြတ်ခဲ့ရတာပါ။ ပညာရှင်တွေက Prominence ကိုထိန်းညှိလိုရတဲ့အလူမီနီယံအပြန်အလှန်ချိတ်တွေနဲ့ဆက်သွယ်ထားပြီး ခြေကျင်းဝတ်နား မှာ ၀တ်ဆင်ထားတဲ့ မောင်းတံနဲ့ထိန်းချုပ်ထားတယ်၊ ဟိုက်ဒရောလစ်စနစ်တွေနဲ့ခြေကြွတာ၊ လှမ်းတာတွေကိုငြိမ့်ညောင်းဖို့ပြုလုပ်ထားတယ်လို့သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ