အိုမင်းရင့်ရော်မှုကို တန်ပြန်ရန် အကောင်းဆုံးမှာ မကြာခဏ ကိုယ်လက်လှုပ်ရှားပေးခြင်း ဖြစ်
ကိုယ်လက်လှုပ်ရှားမှုကိုပုံမှန်လုပ်ပေးလျင် ခန္ဓာကိုယ်ပိန်ပါးသွယ်လျခြင်း၊ စိတ်ကိုလန်းဆန်းစေခြင်း၊ အိပ်ပျော်စေခြင်း၊ ရောဂါဝေဒနာတို့ မဖြစ်ပွားအောင် ကာကွယ်ပေးခြင်းတို့ ကိုဖြစ်စေသည့်အပြင် အိုမင်း ရင့်ရော်မှုကိုတန်ပြန်ရန်လည်း အကောင်းဆုံးဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောပြသည်။ ထိုသို့ အားကစားလေ့ကျင့်ခန်းများပြုလုပ်ရာတွင် တစ်ရက်လျင်တစ်ကြိမ်၊ အချိန်ကြာကြာကစားပေးခြင်း ထက် တစ်နာရီခြားတစ်ကြိမ်ခန့်  မကြာမကြာအားကစားပေးခြင်း၊ တစ်ကြိမ်ကစားလျင်လည်း တစ်ခဏ သာ ကစားပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို တန်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အပြောင်းအလဲလေးတွေလုပ်ပေးရပါမယ်။ လမ်းလျှောက်စက်ပေါ်မှာ တစ်ရက်ကို ၅ မိုင်လျှောက်တယ် ထားဦး၊ ဘာမှအပြောင်းအလဲမရှိတဲ့အတွက် ကိုယ်လက်လှုပ်ရှားရာရောက်ပေမယ့် ထိရောက်မှုအား နည်းပါတယ်။ ကစားနည်းတွေကိုပြောင်းပေးရပါမယ်။ လမ်းလျှောက်စက်သုံးတယ်ဆိုရင်လည်း အမြင့် နဲ့  အမြန်နှုန်းကို အမျိုးမျိုးပြောင်းပြီး ကစားပေးရပါမယ်။ အချိန်ကိုလည်းပြောင်းမယ်၊ ကစားနည်းကိုလည်း ပြောင်းမယ် ဆိုရင် နှလုံးခုန်နှုန်းကို အမျိုးမျိုးပြောင်းလဲစေနိုင်တဲ့အတွက် အဆီကျတာလည်းပိုမြန်လာမှာ ဖြစ်ပြီး အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။ ထို့ အပြင် အိုမင်းရင့်ရော်မှုကိုကာကွယ်ရန်မှာ ကြွက်သားများခိုင်မာတောင့်တင်းစေသည့် အလေးမ အား ကစားနည်းထက် နှလုံး၊အဆုပ်ကို အလုပ်ပိုလုပ်စေကာ သွေးစီးဆင်းမှုမြန်ဆန်လာစေသည့် အေရိုးဗစ်၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း တို့ က အကျိုးသက်ရောက်မှုပိုကောင်းကြောင်း၊ ပရိုတိန်းဖွဲ့ စည်းမှု ပိုမိုအားကောင်းလာစေပြီး အရိုး၊အကြော၊အဆစ်များအားလုံးကို ပြန်လည်ကြံ့ခိုင်လာစေသောကြောင့် ဆဲလ်အသစ်များဖြစ်ပွားမှုကိုအားပေးကာ အိုမင်းရင့်ရော်မှုကို တန်ပြန်နိုင်ခြင်း၊ နှေးကွေးစေနိုင်ခြင်း၊ တား ဆီးကာကွယ်နိုင်ခြင်း အစရှိသည့်အကျိုးကျေးဇူးတို့ ကို ခံစားရနိုင်မည်ဖြစ်ကြောင်း သိရသည်။ အခုနောက်ပိုင်း ဆေးပညာမှာ ဆေးဝါးကိုအားကိုးတာထက် သဘာဝနည်းစနစ်လေးတွေနဲ့ ပဲ ရောဂါကို ကုသတာ၊ သက်သာစေတာ၊ တန်ပြန်တာတွေကို စမ်းသပ်လာတာ များနေပါတယ်။ စမ်းသပ်လာတဲ့ အလျောက် အောင်မြင်မှုလည်း များလားပါတယ်။ လူ့ ခန္ဓာကိုယ်အတွက် ကျန်းမာရေးလှုပ်ရှားမှုက မရှိ လို့ ကိုမဖြစ်တဲ့ လိုအပ်ချက်တစ်ရပ် ဖြစ်ပါတယ်။ အဲဒီလိုအပ်လျက်ကို လိုအပ်သလို ဖြည့်ဆည်းပေးတတ် ရင် အိုမင်းရင့်ရော်မှုကိုပါ တန်ပြန်နိုင်မယ့်စနစ်ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို ခဏခဏ၊ပုံစံအမျိုးမျိုး နဲ့ လုပ်ပေးပါ။ တစ်မျိုးထဲကို အကြာကြီးလုပ်တာထက်ပိုပြီး သင့်တော်ပါတယ်ဟု အားကစား၊ကျန်းမာရေး နှင့် အဟာရသိပ္ပံပညာရှင်များက ပြောပြသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin