ငါးနှစ်အောက်ကလေးများရဲ့ သွားကြွေလွှာနဲ့ပလတ်စတစ်


သုတေသနတစ်ခုအရကလေး တွေမှာမှိုသတ်ဆေးအချို့နဲ့ပလတ်စတစ်ထုတ်လုပ်ရာမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့်သွားကြံ့ခိုင်မှုအားနည်းလာတာတွေ့လာရတယ်လို့သိရပါတယ်။ ဟော်မုန်းထုတ်လုပ်မှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ကိုနေ့စဉ်သုံးစွဲနေတဲ့ တစ်ခါသုံး ပလတ်စတစ်ဗူးခွံတွေနဲ့အစားအစာထည့်ပလတ်စတစ်ဗူးတွေမှာတွေ့ရပါတယ်။

ယင်းတို့ကနေ့စဉ်ခန္ဓာကိုယ်က ဟော်မုန်းတွေနဲ့အပြန်အလှန် ဓာတ်ပြုလေ့ရှိပါတယ်။ ဟော်မုန်းထုတ်လုပ်မှုကိုနှောင့် ယှက်မှုအများဆုံးက Bisphenal A လို့ခေါ်တဲ့ပလတ်စတစ်ထုတ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းနဲ့ Vinclozin လို့ခေါ်တဲ့ပျိုးခင်းသုံးမှိုသတ်ဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေဖြစ်ပါတယ်။ သုတေသနမှာ ယင်းဓာတုပစ္စည်း နှစ်မျိုးကကလေးတွေရဲ့သွားကြွေလွှာအပေါ် သက်ရောက်မှုကို သု တေသနလုပ်ခဲ့ပါတယ်။ Enamel ကြွေလွှာကတော့သွားရဲ့အပြင်ဖက်ဆုံးအလွှာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့အမာကြောဆုံးဖြစ်ပြီး သတ္ထုဓာတ်တွေ အများဆုံးပါဝင်တဲ့ အလွှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကြွေလွှာရဲ့ဘယ်လိုပျက်ဆီးမှုမဆိုအစားပြန်မရနိုင်ပါဘူး။ ပြင်သစ်အမျိုးသား ကျန်းမာရေးနဲ့ သုတေသန အင်စတီကျုမှသုတေသီတွေကလေ့လာမှုကိုကြွက်တွေမှာလုပ်ခဲ့ပြီး ကြွက်တွေ ကိုနေ့စဉ် ကျွန်တော်တို့ကြုံတွေ့နေရတဲ့BPA ပမာဏအတိုင်း ပေးခဲ့ပါတယ်။ တချို့မှာတော့ BPA နဲ့ Vinclozin ကိုတွဲပေးပြီး မွေးကင်းစကနေတစ်လကြာထိပေးခဲ့ပါတယ်။

အဲဒီနောက်သွားကြွေလွှာတွေကဆဲလ်တွေကိုစစ်ဆေးကြည့်ရာ သတ္ထုဓာတ်ပါဝင်မှု အလွန်နည်းပါးလာတာတွေ့ရပါတယ်။ BPA ရော Vinclozin နှစ်မျိုးလုံးကသွားေ<ကလွှာမှာသတ္ထု ဓာတ်တွေ ပါဝင်မှုကု ထိန်းချုပ်ပေးတဲ့ဗီဇနှစ်မျိုးလုံးကိုအနှောင့်အယှက်ပေးတာတွေ့ရပါတယ်။ သွားကြွေ လွှာဖြစ်ပေါ်မှုက ကိုယ်ဝန်သည် တတိယသုံးလပါတ်ကစတင်ပြီး ငါး နှစ်အရွယ်မှာ ပြီးဆုံးသွားတဲ့အတွက် ယင်းကာလအတွင်းမှာအထက်ပါ ဓာတုပစ္စည်းတွေရဲ့ထိတွေ့မှုကို ရှောင်ကြဉ်နိုင်ခြင်းအားဖြင့် သွား ကြွေလွှာတွေအားနည်းခြင်းကလျော့ချပေးနိုင်လိမ့်မယ်လို့အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ