သက်ရှည်ကျန်းမာစေဖို့ရာ အဆိပ်သင့်အစာတွေရှောင်ကြဉ်ပါ


(၁) ပလတ်စတစ်နှင့်ဖော့ဘူး ပလတ်စတစ်(ကြွပ်ကြွပ်အိတ်) တွေထဲမှာပါတဲ့ ဆိုက်ဇာနဲ့စတိုင် ရင်းဓာတ်များဟာဓာတုပစ္စည်းတွေ ဖြစ်တာကြောင့် အပူဓာတ်နဲ့ဖြစ်စေ၊ ဆီပါတဲ့အစားအသောက်တွေနဲ့ ဖြစ်စေ ထိတွေ့မိတဲ့အခါ၎င်းဓာတု ပစ္စည်းတွေဟာ အစားအသောက် တွေထဲကိုဓာတ်ပြုပျော်ဝင်သွားပါ တော့တယ်။ ဒံပေါက်နှင့်စား သောက်ဆိုင်တွေမှာသုံးနေတဲ့ ဖော့ ဘူးတွေကလည်း စတိုင်ရင်းဓာတ် ပါတဲ့ 2B ပလတ်စတစ်အုပ်စုဝင်တွေ ပဲဖြစ်ပါတယ်။ထိုနည်းတူ ကလေး နို့ဘူးတွေပြုလုပ်တဲ့ PVC ပလတ် စတစ်နဲ့ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ(ခေါ်)အင်မတန်အဆိပ်ပြင်းတဲ့ ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် ကင်ဆာရောဂါဖြစ်စေတဲ့ ပလတ်စတစ်နှင့်ဖော့ဘူးများကို ကျန်းမာရေးအသိစိတ်ဖြင့် ရှောင် ရှားသင့်ပါတယ်။ ဒါ့ပြင်မယ်လမင်း (ဖိုက်ဘာ)ပစ္စည်းများဟာ အပူနဲ့ ထိတွေ့တဲ့အခါမှာဓာတ်ပြု၍ကျောက် ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါ များကိုဖြစ်ပွားစေပါတယ်။ (၂) အချိုမှုန့်နှင့်ကြက်သားမှုန့် အချိုမှုန့်ထဲမှာပါရှိတဲ့ ဓာတုပစ္စည်းများဟာဦးနှောက်နဲ့အာရုံကြောတွေကိုထိခိုက်စေတာကြောင့် လေဖြတ်လေငန်းရောဂါ၊
 လေးဖက်နာရောဂါ၊နှလုံးရောဂါ၊ကျောက်ကပ်ချို့ယွင်းပျက်စီးစေသောရောဂါများ၊အရိုးပွ၊အရိုးပါး၊ အရိုးကြွပ်ဆတ်ရောဂါ၊ ဆီးချို၊သွေးချိုနှင့်သွေးတိုးရောဂါများကိုဖြစ်ပွားစေနိုင်ပါတယ်။ကြက်သားမှုန့်ထဲမှာတော့၎င်းအချို မှုန့်အပြင်တာရှည်ခံမှို သတ်ဆေးများ၊ဓာတုပစ္စည်းများပါရောနှောပါဝင်နေတာကြောင့်ကြက်သားမှုန့်တွေက အချိုမှုန့်ထက်ပင်ပိုမိုဆိုးရွားနေပါတယ်။ (၃) အချဉ်ရည် အသုပ်၊ အကြော်၊အကင်နဲ့ တုတ်ထိုးဆိုင်တွေမှာ အသုံးပြုနေ ကြတဲ့နီနီရဲရဲအချဉ်တွေဟာ အဆိပ် ရည်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ၄င်းအချဉ်ရည်ထဲမှာ (က) အန္တရာယ်ရှိတားမြစ်ဆိုးဆေး နီနီ ရဲရဲများ၊(ခ)ကင်ဆာဖြစ်စေတဲ့ဓာတု ကြာရှည်ခံဆေး၊(ဂ)ကင်ဆာရော ဂါဖြစ်စေတဲ့ဆာလ်ဖျုရစ်အက်စစ် ပြင်းတို့ပါရှိနေလို့ပါပဲ။ ဆာလ်ဖျု ရစ်အက်စစ်က နည်းနည်းလေး ထည့်ရုံနဲ့အချဉ်အရသာကိုဖြစ်စေပြီး ဘက်ထရီအိုးထဲမှာသုံးတဲ့အက်စစ် အမျိုးအစားပဲဖြစ်ပါတယ်။ ၄င်း ဓာတ်ပါတဲ့အချဉ်ရည်ကိုရေရှည်စားမိပါကအစာအိမ်အူလမ်းကြောင်း၊အူမကြီး၊အသည်းတွေကို ရာနှုန်းပြည့် ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ (၄) အချိုရည်နှင့်ဂျယ်လီ အချိုရည်ဘူးတွေထဲမှာသကြားထက် အဆ၂ဝဝပို၍ချိုသော ပါဝါသကြား၊တားမြစ်ဆိုးဆေး၊တာရှည်ခံဆေးတို့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ကဖိန်းဓာတ်များပါဝင်နေတာကြောင့် ခံတွင်းကင်ဆာ၊ကျောက်ကပ်ရောဂါ၊ ဆီးချိုနှင့်အဝလွန် ရောဂါအသည်းကင်ဆာတို့ကိုဖြစ်ပွား စေနိုင်ပါတယ်။ ထို့အတူဂျယ်လီ ဘူးတွေမှာလည်းတရုတ်နိုင်ငံမှလာ တဲ့ဂျယ်ရီပေါင်ဒါ၊ ဆီးထရစ်အက်စစ်၊ ဆိုဒီယမ်ဘန်ဇိုရိတ်(ခေါ်)တာရှည်ခံ ဆေးများပါဝင်နေလို့ ကင်ဆာဖြစ် စေနိုင်ပါတယ်။
(၅) ကော်ဖီမစ် ရယ်ဒီမိတ်ကော်ဖီထုပ်များထဲမှာ ကဖိန်း၊ တာရှည်ခံဓာတုဆေး၊ ကော်ဖီအနံ့တုဆေး၊ အုန်းသီးခွံ အမှုန့်များနှင့် သကြားဖြူ ဆွတ်ဆွတ်(ခေါ်)ချွတ်ဆေးသကြားစသည့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ ကုန်ကြမ်းပစ္စည်းတွေပါရှိနေပါတယ်။၎င်းကို သောက်ခြင်းဖြင့်ဆီးချိုရော ဂါ၊ စိတ်ကျရောဂါ၊ရင်သား-ဆီး အိမ်-ဆီးကျိတ်-ပန်ကရိယစတဲ့ အစိတ်အပိုင်းကင်ဆာရောဂါ တို့အပြင်အမျိုးသမီးများပဋိသန္ဓေမတည်နိုင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါ့ပြင် ကော်ဖီမစ်တွေမှာအသုံးပြုတဲ့ Creamer (ခေါ်) နို့မှုန့်အတုက စား အုန်း ဆီကိုအဆီထုတ်ပြီးကျန်ရှိတဲ့ ကြိတ်ဖတ်ကိုအမှုန့်ပြုထုတ်လုပ်ထား ခြင်းဖြစ်ပြီး ထိုကြိတ်ဖတ်က သွေး တိုး၊နှလုံးသွေးကြောပိတ်၊ လေငန်း နဲ့ကင်ဆာရောဂါတို့ကိုဖြစ်စေနိုင် ပါတယ်။ (၆)ရောင်စုံဆိုးဆေးနှင့်အစားအစာ မျှစ်နီ၊ မျှစ်ဝါ၊ အနီရောင်ပုစွန် ချဉ်၊အဝါရောင်းဆေးဆိုးထားသော ငါးပုဏ္ဏား-ငါးမြွေထိုး-ရွှေငါး-ကြက်သား၊ အရောင်ဆိုး ထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ လက်ဖက်၊ဆီးထုပ်နဲ့အချဉ်ထုပ်အမျိုး မျိုး၊ အနက်ရောင်ဆိုးထားသော ပြောင်းဖူး၊လူသေကောင်မပုပ်အောင် ပြုလုပ်သည့်ဖော်မလင်အသုံးပြု ထားသော ပဲပြား၊ မဲနယ်ဆိုးထား သော ပုစွန်စသည်တို့မှာ တားမြစ် အန္တရာယ်ရှိဆိုးဆေးများ အသုံးပြု ထားကြောင်း၊ ၄င်းရောင်စုံဆိုး ဆေး များဟာ အသည်းရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ သတိပေးနှိုးဆော်ထားပါတယ်။ (၇) အသားလုံးနှင့် ကြက်-ဝက်အူချောင်း အသားလုံး(အသားကြိတ်)များ နှင့် ကြက်-ဝက်အူချောင်းတွေမှာ သုံးထားတဲ့တာရှည်ခံဆေးများနှင့် အရောင်တင်ဆေး များကလည်း ကင်ဆာရောဂါဖြစ်စေနိုင်သလို၊ ၄င်းတို့ကိုရေခဲသေတ္တာ(အအေးခန်း) ထဲမှာသိုလှောင်ထားရတာကြောင့် အောက်ဆီဂျင်ဓာတ်တိုးမှုဖြစ်သွားပြီး ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ဒါ့ပြင်၎င်းပစ္စည်းများကို မသန့်ရှင်းတဲ့ ပြန်ကြော်ဆီ များနဲ့ ကြော်ခြင်း(သို့မဟုတ်)မီးကင်ခြင်း ဖြင့်ကင်ဆာဖြစ်စေပြန်တာကြောင့် ကင်ဆာသုံးထပ်ကွမ်း အဆိပ်သင့် အစာများဖြစ်နေပါတယ်။ (၈) ရေကျိုငါးပိ၊ငါးခြောက်၊ ငံပြာရည် တချို့သောရေကျိုငါးပိတွေမှာ ယူရီးယား(ပုလဲ)ဓာတ်မြေသြဇာ ထည့်သွင်းထားကြောင်း၊ယူရီးယား သုံးဂရမ်နှင့်အထက် စားမိပါက အော့အန်၊သတိမေ့မြော၊ကျောက် ကပ်ပျက်စီး၍ အသက်ဆုံးရှုံးသည် အထိဖြစ်နိုင်ကြောင်း၊ ရေကျိုငါးပိ မှာယင်မနားလောက်မတက်စေရန် ၉ဝ ရာခိုင်နှုန်း ယင်ဆေးခဲ(ခေါ်) ပိုးသတ်ဆေးများအသုံးပြုထား ကြောင်း၊နိုင်ငံခြားမှ တင်သွင်းလာ သောငံပြာရည်တချို့မှာလည်းဂလူ တမစ်အက်စစ်များစွာ ပါဝင်နေ ကြောင်း၊၄င်းဆေးတွေသုံးထားသော ငါးပိငါးခြောက်ငံပြာရည်တို့ကိုစားသောက်မိပါကကင်ဆာရောဂါ၊လေငန်း၊
အာရုံကြောထိခိုက်ပျက်စီးခြင်းနှင့်ကိုယ်တစ်ခြမ်း သေခြင်းများဖြစ်လာနိုင်ကြောင်းမြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းကသတိပေးနှိုးဆော်ထားပါတယ်။
(၉)ဖန်တီးပြုပြင်ထားသောအသီးအနှံများ ဓာတုဟော်မုန်းဆေးတွေအသုံး ပြုထားတာကြောင့်အဆမတန်ကြီး ထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်ပဲပင် ပေါက်များ၊ ပိုးသတ်ဆေးအပြင်း စားသုံးထားသော ဂေါ်ဖီထုပ်၊ ကိုက်လန်၊ မုန်ညင်းရွက်၊ ပန်းမုန် လာထုပ်၊မုန်ညင်းထုပ်များ၊ ဆေး စိမ်ဆေးဖျန်း၍မှည့်လာသောသရက်၊ သင်္ဘော၊လိမ္မော်၊ပန်းသီး၊ ငှက်ပျော စသည် ဖြင့်သဘာဝလွန်အသီးအနှံ တွေက ကင်ဆာဖြစ်စေနိုင်တာ ကြောင့် သဘာဝ Organic အမျိုး အစားကိုသာ ရွေးချယ်ရန်နှင့် ရေ စင်စင်ဆေးပြီးမှသာစားသောက် ကြစေလိုပါတယ်။ (၁ဝ) ပြန်ကြော်ဆီများ အိမ်နီးချင်းနိုင်ငံတချို့မှတင်သွင်း လာသည့် ရေမြောင်းဆီ (ခေါ်) ပြန်ကြော်ဆီများကို ပြည်တွင်းမှာ ဓာတုဆေးများသုံး၍ အရောင်ချွတ် ပဲဆီအနံ့ထည့်သွင်းကာ ဆီဈေး ကွက်မှာပဲဆီသန့်ဟူ၍တံဆိပ်ကပ် ၍ရောင်းချနေကြကြောင်း၊ ငါးမုန့် ကြော် အာလူးကြော်လုပ်ငန်းတချို့ မှာလည်းပြန်ကြော်ဆီများထွက်ရှိ သလိုထပ်တလဲလဲပြန်လည်၍အသုံး ပြုနေကြကြောင်း၊ လမ်းဘေးလက် ဖက်ရည်ဆိုင်နှင့်စားဖွယ်စုံဆိုင်ကြီး များကို ကွင်းဆင်းစစ်ဆေးကြည့် ရာတွင် ၁ဝ-ဆိုင်ကိုစစ်ဆေးရာမှာ ၁ဝ-ဆိုင်စလုံးအင်ဂျင်ဝိုင်အဟောင်း ကဲ့သို့ညိုမည်းနေတဲ့ပြန်ကြော်ဆီ များဖြင့်စမူဆာအီကြာကွေးများကို ကြော်နေကြောင်း၊ ၄င်းပြန်ကြော် ဆီများက ပန်ကရိယ၊ အသံအိုး၊ အစာအိမ်လမ်းကြောင်းနှင့်အူမကြီး တို့ကို ကင်ဆာဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်းမှသတိပေးနှိုးဆော်ထားပါ တယ်။ (၁၁) အရက် တချို့သောအရက်တွေမှာဓာတ် မြေသြဇာ၊ အင်ဒရင်း၊ ရော်ဘာ၊ မက်သနောစတဲ့ အဆိပ်သင့်ဓာတု ပစ္စည်းတွေပါရှိနေတဲ့ အပြင် မူလ သဘာဝအရက်၏ဂုဏ်သတ္တိက အသည်းခြောက်၊ရေဖျဉ်းရောဂါများ၊ အသည်းကင်ဆာနှင့်အစာအိမ်လမ်း ကြောင်းကင်ဆာတို့ကိုဖြစ်စေနိုင် တဲ့အဆိပ်ရည်များသာဖြစ်ပါတယ်။ ဘီယာများတွင်လည်းအယ်လ်ကိုဟော ပါဝင်နေတာ ကြောင့် အရက်ကဲ့သို့ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ် စေပါတယ်။ (၁၂) ဆေးလိပ် ဆေးလိပ်နှင့်ဆေးရွက်ကြီးများ ကိုရှူရှိုက်သောက်သုံးခြင်းကအစာ ရေမျို-လည်ချောင်း-အဆုတ်စတဲ့ အစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ် စေနိုင်ပါတယ်။ ဒါ့ပြင်နှလုံးသွေး ကြောကျဉ်း၊သွေးကြောပိတ်၊ ပန်း နာရင်ကျပ်စတဲ့ရောဂါများကိုလည်း ဖြစ်စေ နိုင်ပါတယ်။မိမိကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း၊စီးကရက် မီးခိုးငွေ့ကိုတစ်ဆင့်ခံရှူရှိုက်မိခြင်း တို့ကြောင့် ကမ္ဘာနှင့် တစ်ဝန်း အဆုတ်ကင်ဆာရောဂါဖြစ်နေကြ ရပြီး၊ လေ့လာဆန်းစစ်မှုများအရ အရှေ့တောင်အာရှမှာနှစ်စဉ်လူဦးရေ ၁ဝ သိန်းကျော် အဆုတ်ကင်ဆာ ကြောင့်ဖိတ်စဉ်လျက်ရှိနေကြပါတယ်။ (၁၃) ကွမ်းယာ ကွမ်းရွက်ကိုဖျန်းသောပိုးသတ် ဆေးက ကင်ဆာဖြစ်စေသလို ထုံး က ကျောက်ကပ်နှင့် ဆီးအိမ်တို့မှာ ကျောက်တည်ခြင်း နဲ့ပါးစောင်ကင် ဆာဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ကွမ်းသီးကိုမှိုမတက်အောင် အသုံး ပြုလေ့ရှိတဲ့မှိုသတ်ဆေးကကင်ဆာ ဖြစ်စေသလိုဆေးရွက်ကြီး၏ နီကို တင်းဓာတ်ကလည်းကင်ဆာဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့်ကွမ်းစား ခြင်းဟာ လေးထပ် ကွမ်းကင်ဆာ အဖြစ် တွန်းအားပေးရာရောက်ပြီး အာခံတွင်း-ပါးစောင်-လျှာ-သွားဖုံး- အစာရေမျိုပြွန်-လည်ချောင်း စတဲ့ အစိတ်အပိုင်း များကို ကင်ဆာဖြစ် ပွားစေပါတယ်။

ပေါက်ပေါက်
The Union Daily
http://uniondaily.net/News/DetailView.aspx…

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ