နာတာရှည် ကျောက်ကပ်ဝေဒနာသည်များနှင့် အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားများ


အစာအိမ်နဲ့အူလမ်းကြောင်း မှာရှိတဲ့ ဇီဝသက်ရှိလေးတွေဟာ လူတွေရဲ့ကျန်းမာရေးမှာ အရေးကြီး တဲ့အကြောင်း၊ ရောဂါအများစုဖြစ်စေတဲ့တရားခံတွေဖြစ်သော အ၀ လွန်ခြင်းနဲ့ဆီးချိုသွေးချိုရောဂါတွေမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ကြောင်းစသဖြင့် သတိထားမိလာတာတွေ တဖြည်းဖြည်းမြင့်တက် လာလျက် ရှိပါတယ် ။

 American Society of Nephrology ဂျာနယ်မှာပုံနှိပ်ဖော်ပြခဲ့တဲ့သုတေသနတစ်ခုအရ အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားများရဲ့ ဇီဝဖြစ်ပျက်မှု ထုတ်ကုန်တွေ စုပုံလာတဲ့ အခါ ပုံမှန်သူတွေမှာဆီးကတစ်ဆင့်စွန့်ပစ်နိုင်ပေမယ့် နာတာရှည်ကျောက်ကပ် ဝေဒနာ(Chronic Kidney Disease ) (CKD) ခံစားနေရသူတွေမှာတော့ ဆိုးဝါးတဲ့ ကျန်းမာရေး နောက်ဆက်တွဲတွေကို ခံစားရနိုင်တယ်လို့သိရပါတယ်။

CKD က အရွယ်မတိုင်မီ သေဆုံးခြင်း၊ နှလုံး သွေးကြောနဲ့ ဆက်စပ်ရောဂါတွေဖြစ်ပွားခြင်းများနှင့် ဆက်စပ်နေပါတယ် ။ သုတေသီတွေကအူလမ်း ကြောင်း ဘက်တီးရီးယားများရဲ့ ဇီဝ ဖြစ်ပျက်မှုထုတ်ကုန်ဖြစ်တဲ့ Phenyl acetyl glutamine (PAG) ကို CKD ဝေဒနာရှင် ၄၈၈ ဦးမှာသုတေသနလုပ်ခဲ့ရာ၊ ပျမ်းမျှ ၃.၅ နှစ်အတွင်း ရောဂါပိုပြင်းထန်တဲ့ဃီု ဝေဒနာရှင်တွေရဲ့ သွေးထဲမှာ PAG ပမာဏသိသိသာသာမြင့်တက်နေတာတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် PAG ပမာဏမြင့်တက်နေတဲ့ CKD၀ဒနာရှင်တွေက နှလုံး သွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေနဲ့ပျမ်းမျှ ၃.၅ နှစ်အတွင်း မှာသေဆုံးနိုင်ခြေပိုများနေတာလည်း တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ယင်းတွေ့ ရှိမှုကို အခြေခံပြီး အစားအသောက်နဲ့ ဆေးဝါးပူးပေါင်း ကုထုံးသစ်တွေပေါ်လာကာ၊CKD ဝေဒနာရှင် တွေရဲ့ ဘ၀အရည်အသွေးကိုမြှင့်တင်ပေးနိုင်မယ့်လမ်းစတစ်ခုဖြစ်ပါတယ်လို့အဆိုပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ