လိင်စွမ်းဆောင်ရည်ကိုတိုင်းတာဖော်ပြနိုင်မည့် စမတ်ကွန်ဒုံးကိုထုတ်လုပ်


ဗြိတိန်နိုင်ငံမှ British Condoms ကုမ္ပဏီကထုတ်လုပ်သည့် စမတ်ကွန်ဒုံးကိုအသုံးပြုကာ i.Con အပလီ ကေးရှင်းတွင် မိမိ၏လိင်စွမ်းဆောင်မှုဆိုင်ရာအချက်အလက်များကိုမျှဝေပြီး ကမ္ဘာတစ်ဝန်းရှိ ပုရိသ ပုဂ္ဂိုလ် အခြင်းခြင်း စွမ်းဆောင်ရည်များနှိုင်းယှဉ်ခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြံပေးခြင်း၊ ကယ်လိုရီလောင် ကျွမ်းမှုကို ယှဉ်ပြိုင်ခြင်း တို့ အား ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လိင်ဆက်ဆံရာတွင် လောင်ကျွမ်းသောကယ်လိုရီပမာဏကိုတိုင်းတာခြင်း၊ စုစုပေါင်းကြာချိန်၊ အသုံးပြု သည့် ပုံစံအမျိုးမျိုး၊ လှုပ်ရှားသည့်အကြိမ်ရေ၊ လှုပ်ရှားသည့်အလျင်၊ သက်ရောက်သည့်ဖိအား အစရှိသည် တို့ ကို စမတ်ကွန်ဒုံးကတိကျစွာတိုင်းတာပြီး i.Con အပလီကေးရှင်းထံသို့  သတင်းအချက်အလက်ပေးပို့  မည်ဖြစ်ကာ i.Con အပလီကေးရှင်းအသုံးပြုသူများအခြင်းခြင်း ၄င်းသတင်းအချက်အလက်တို့ ကို မျှဝေ သိရှိ ဝေဖန်သုံးသပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။စမတ်ကွန်ဒုံး၏ အကွင်းတွင် နာနို ချစ်ပြားနှင့် အာရုံခံ ကိရိယာထည့်သွင်းထားကြောင်း၊ ၄င်းအာရုံခံကိရိယာ က လိုအပ်သည့်အချက်အလက်များအားလုံကို တိုင်းတာပေးခြင်းဖြစ်ကြောင်း၊ ၀တ်ဆင်နိုင်သည့်နည်းပညာ တစ်မျိုးဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 ပုံမှန်အားဖြင့် ဇနီးသည်၊ချစ်သူနဲ့ အတူနေပြီးရင် ကိုယ့်ရဲ့ စွမ်းဆောင်မှုကို ဘာမှသိပ်မတွေးဖြစ်ကြပါဘူး။ တကယ်တော့ အဲဒီလိင်စွမ်းဆောင်မှုထဲမှာ လူတစ်ယောက်ရဲ့ ကျန်းမာရေးဘယ်လောက်ကောင်းနေသလဲ၊ စိတ်ရွှင်လန်းမှုအခြေအနေဘယ်လောက်ရှိသလဲ၊ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုဘယ်လောက်ရှိနေပြီး ကလေးရနိုင်တဲ့နှုန်းဘယ်လောက်ရှိသလဲဆိုတာတွေကနေ ဒီလင်၊ဒီမယား ကွဲများသွားတော့မှာလား ဆိုတာတွေကအစ တွက်ချက်နိုင်မယ့် အချက်အလက်နဲ့ ကိန်းဂဏန်းတွေရှိနေပါတယ်။ ဒါတွေကို အလဟ ဿ လွှင့်ပျောက်မသွားစေဘဲ အခုလိုမှတ်တမ်းတင်ထားလိုက်ခြင်းအားဖြင့် အခြားသောကျန်းမာရေး မှတ် တမ်းတွေလိုပဲ ကိုယ့်ရဲ့ လိင်စွမ်းဆောင်ရည်မှတ်တမ်းကိုလည်း ရရှိမှာဖြစ်ပါတယ် ဟု British Condoms မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ အိမ်ထောင်သည်တွေအကြား လိင်ဆက်ဆံတယ်ဆိုတာ နှစ်ယောက်သား မျှဝေထားတဲ့ ဘ၀ရဲ့ ဆက် ကြောင်းကို ပိုမိုခိုင်မာစေပါတယ်။

ခန္ဓာကိုယ်ညောင်းညာကိုက်ခဲမှုတွေကိုပြေလျော့စေပါတယ်။ အထွဋ် အထိပ်ကိုရောက်တဲ့အခါ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အောက်စီတိုစင်းဟော်မုန်းကြောင့် ပိုပြီးနှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ အားသွန်ခွန်စိုက် အလုပ်လုပ်ရတဲ့အတွက် ခန္ဓာတစ်ကိုယ်လုံးရဲ့ သွေးလည်ပတ် အားကို ပြန်ကောင်းစေပြီး နှလုံးကို အထူးကောင်းကျိုး သက်ရောက်စေပါတယ် ။ ဒါ့အပြင် ကယ်လိုရီ လောင်ကျွမ်းမှုအားလည်းကောင်းပါတယ်။ ဒီတော့ ကိုယ့်ချစ်သူ၊ဇနီးသည်နဲ့  ချစ်တင်းနှီးနှောတာကို အဲဒီ အဆင့်မှာဘဲရပ်မထားဘဲ ကျန်းမာရေး ရှုထောင့် ကနေလည်း ထည့်သွင်းတွက်ချက်သင့်တဲ့ကိစ္စဖြစ်လို့  လိုအပ်လို့ ကို ဒီစမတ်ကွန်ဒုံး ထုတ်လုပ် ရခြင်းဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ