အမြင်အာရုံ ချို့တဲ့သူများ အတွက် Dot စမတ်နာရီ


တောင်ကိုရီးယား နိုင်ငံ Startup ကုမ္ပဏီက အမြင်အာရုံ ချို့တဲ့သူများ အတွက် ရည်ရွယ် ထုတ်လုပ်ထားသည့် Dot စမတ်နာရီကို ဧပြီလတွင် စတင်ရောင်းချ သွားမည်ဖြစ်သည်။

Dot စမတ်နာရီ မျက်နှာပြင်တွင် တစ်ကြိမ်လျှင် အမြင်အာရုံ ချို့တဲ့သူများ အသုံးပြုသည့် အက္ခရာ လေးလုံးနှင့် Message များကို ပြသပေးမည် ဖြစ်သည်။ ထို့ပြင် မျက်နှာပြင်တွင် သံလုံး ခြောက်လုံးကို အတန်းလေးတန်း၌ ထည့်သွင်းထားကာ သုံးစွဲသူ အနေဖြင့် ဘေးနှစ်ဖက်ရှိ ခလုတ်များကို အသုံးပြု၍ Message ကိုပြန်ကြားနိုင်မည် ဖြစ်သည်။

ကုမ္ပဏီ အနေဖြင့် ရန်ပုံငွေ ထောက်ပံ့သူ ဦးရေ ၁၄ဝဝဝဝ ဆီသို့ စမတ်နာရီကို စတင် တင်ပို့ ရောင်းချသွားမည် ဖြစ်ကာ ရန်ပုံငွေ ထောက်ပံ့သူများ ထဲတွင် နာမည်ကြီး အဆိုရှင် စတိဗ်ဝမ်းဒါးလည်း ပါဝင်နေသည်။ ကုမ္ပဏီက ၂ဝ၁၇ ခုနှစ်အတွင်း နာရီပေါင်း ၁ဝဝဝဝဝ တင်ပို့ ရောင်းချရန် ရည်မှန်းထားပြီး စမတ် နာရီအလုံး ၁ဝဝဝ ကို လန်ဒန်မြို့ရှိ လက်လီ ဆိုင်များ၌ အမေရိကန် ဒေါ်လာ ၃၂ဝ ဖြင့် ရောင်းချမည် ဖြစ်သည်။

Dot အနေဖြင့် ယခင်ကလည်း အမြင်အာရုံ ချို့တဲ့သူများ အတွက် စမတ်နာရီကို တိုးတက်အောင် လုပ်ဆောင်ခဲ့ကာ ဒီဇိုင်းမှာ Fitbit နှင့်ဆင်တူနေသည်။ ယခုနာရီက မျက်စိ အမြင်အာရုံ ချို့တဲ့သူများ အတွက် မျက်မမြင်စာ ပါဝင်သည့် ထုတ်ကုန်များ ပိုမိုထွက်ရှိရန် ပထမ ခြေလှမ်းဖြစ်ကြောင်း Dot အမှုဆောင် အရာရှိချုပ် အီရစ်ဂျူယွန်ကင်မ်က ပြောပြီး Dot မှ အသစ်ထွက်ရှိမည့် Dot Mini ၈ဝဝဝ ကို ထုတ်လုပ်ရန် ကင်ညာ အစိုးရနှင့် အမေရိကန် ဒေါ်လာ တစ်သန်းတန် စာချုပ်လက်မှတ်လည်း ထိုးထားနိုင်ပြီ ဖြစ်သည်။ Dot Mini မှာ သင်ထောက်ကူ မျက်မမြင် ဖတ်စာဖြစ်ကာ အမေရိကန် ဒေါ်လာ ၂ဝဝ ဖြင့် ရောင်းချမည် ဖြစ်သည်။

မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ