အိပ်ဆေးထက် ပိုအစွမ်းထက်တဲ့ ငှက်ပျောသီး၊ သစ်ကြံပိုးခေါက် ရေနွေးကြမ်း


ညဘက်ကောင်းကောင်း အိပ် ပျော်ဖို့က လူတိုင်းအတွက် အရေးကြီး ပါတယ်။ အနားယူချိန်မှာ အပြည့်အ၀ အနားရမှ အလုပ်လုပ်ချိန်မှာ အာရုံ စူးစိုက်မှု အပြည့်ထားနိုင်မှာပါ။ မြို့ပြလူထုရဲ့ နေထိုင်ရာ ပတ်ဝန်း ကျင်မှာ ဖိအားတွေများပြားပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော် ခြင်းက အဓိကအကြောင်းရင်းဖြစ်ပြီး ကွန်ပျုတာ၊ မိုဘိုင်းဖုန်းနဲ့ အခြား အီလက်ထရောနစ်ပစ္စည်းတွေကို ည ဘက်အချိန်မှာ အသုံးပြုနေခြင်း ကြောင့်လည်း ပါဝင်ပါတယ်။ ည အချိန်မှာ စူးရှတဲ့ အလင်းရောင်တွေ က လူရဲ့အာရုံကြောစနစ်ကို ထွေ ပြားစေပြီး အိပ်ပျော်အောင်ပြုလုပ် ပေးတဲ့ ဟော်မုန်းထွက်ရှိမှုကို ကမောက်ကမ ဖြစ်စေပါတယ်။ ရလဒ်ကတော့ မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်တာပါပဲ။

အိပ်မပျော်တာ များလာရင် မြို့ပြနေ လူအများစုလုပ်တာကတော့ အိပ်ဆေးသောက်တာပါပဲ။ နည်းလမ်း မှန်မဟုတ်တဲ့အတွက် ရေရှည်အသုံး မပြုသင့်ပါဘူး။ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်သလို ကိုယ် ရည်ကိုယ်သွေးတွေပါ ကျဆင်းလာ နိုင်ပါတယ်။ အိပ်စက်အနားယူခြင်း က အရမ်းအရေးကြီးတယ်ဆိုတာ အငြင်းပွားဖို့ မလိုပါဘူး။ ကောင်းမွန် စွာ မအိပ်စက်ရခြင်းမရှိရင် ခန္ဓာ ကိုယ်ရဲ့ပုံမှန်အခြေအနေကို ဆုံးရှုံးရ ပြီး စွမ်းအင်ကျဆင်းလာမှာပါ။ ဦးနှောက်နဲ့ ကြွက်သားတွေရဲ့ စွမ်း ဆောင်ရည်တွေပါ လျော့ကျ လာမှာဖြစ်ပြီး ရောဂါပိုးတွေ ပိုမို ကူးစက်နိုင်ခြေရှိလာပြီး အ၀လွန်ခြင်း၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတွေပါ ရေရှည်မှာ ဖြစ်လာနိုင်ပါတယ်။

ရောဂါတွေ ၀င်ရောက်ခြင်း မရှိအောင် တစ်နေ့ကို ၈ နာရီ အနည်းဆုံးအိပ်စက်ဖို့ လိုပါတယ်။ ကောင်းကောင်းလည်း အိပ်ပျော်ချင် တယ်။ အိပ်ဆေးလည်း မသောက် ချင်ဘူးဆိုရင် ငှက်ပျောသီးနဲ့ သစ်ကြံ ပိုးခေါက် ရောထားတဲ့ ရေနွေးကြမ်း သောက်ကြည့်ဖို့ သင့်ကို အကြံပေးချင် ပါတယ်။
ငှက်ပျောသီးက ပိုတက်ဆီ ယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ် <ကယ်ဝ ပါတယ်။ လူအများစုမသိတာက ငှက်ပျော်သီးရဲ့ အခွံမှာပါတဲ့ ပိုတက် ဆီယမ်၊ မဂ္ဂနီဆီယမ်ပမာဏက ငှက်ပျောသီးအသားမှာ ပါတာထက် ပိုများတယ်ဆိုတာပါပဲ။ အထက်ပါ ဓာတ် (၂) မျိုးက အာရုံ ကြောစနစ်ကို ကောင်းကျိုးသက် ရောက်စေပြီး ကိုယ်ခန္ဓာမှ ကြွက်သားတွေကို ကောင်းကောင်း အနားရစေပါတယ်။ မဂ္ဂနီဆီယမ် ကြွက်သားတွေ နာကျင် ကိုက်ခဲခြင်းကို လျော့ပါးစေပါတယ်။ သစ်ကြံပိုးခေါက်ရဲ့ အစွမ်းကသွေးထဲ က သကြားဓာတ်ကို ပုံမှန်ဖြစ်စေတာ ပါပဲ။ သကြားဓာတ်ပုံမှန်ဖြစ်နေရင် ဟော်မုန်းတွေရဲ့လုပ်ငန်းစဉ်တွေ ပုံ မှန်ဖြစ်နေမှာဖြစ်ပြီး ကောင်းမွန်သော အိပ်စက်ခြင်းကို ဖြစ်စေမှာပါ။

ငှက်ပျောသီး၊ သစ်ကြံပိုးခေါက် ရေနွေးကြမ်းကို ပြုလုပ်မယ်ဆိုရင်
- အခွံပါတဲ့ ငှက်ပျောသီး(၁)လုံး
- ရေထည့်ထားတဲ့ အိုး (၁)လုံး
- သစ်ကြံပိုးခေါက် အမှုန့်အနည်းငယ် လိုအပ်ပါတယ်။
ငှက်ပျောသီးရဲ့ ထိပ်နှစ် ဘက်ကို လှီးဖြတ်ပါ။ ပြီးနောက် ငှက်ပျောသီးကို ရေနွေးဆူနေတဲ့ အိုးထဲကို ထည့်ပါ။ (၁၀)မိနစ်ခန့် ပြုတ်ပါ။ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ထည့်ပါ။ အပူပေး တာကိုရပ်ပါ။ လိုအပ်သလောက် သစ်ကြံပိုးခေါက်အမှုန့်ကို ထည့်၍ သုံးဆောင်နိုင်ပါပြီ။

DMW
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ