ကိုယ်ဝန်ဆောင်မိခင်များ တုပ်ကွေးကာကွယ်ဆေးထိုးထားခြင်းကမွေးကင်းစကလေးငယ်များအတွက်ပါ ကာကွယ်မှုပေးနိုင်

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း
မိခင်အား တုပ်ကွေးကာကွယ်ဆေးထိုးပေးထားခြင်းသည်မွေးဖွားလာမည့်ရင်သွေးငယ်လေးများအား တုပ်ကွေးရောဂါ ကူးစက်ခံရမည့်အန္တရာယ်အား ၎င်းင်းတို့အသက် (၆)လအထိလျော့ချကာကွယ်မှုပေးနိုင်ကြောင်းကို Paediatrics ဂျာနယ်တွင်ဖော်ပြလိုက်ပါတယ်။ အသက် (၆)လနှင့် ၆လထက်ငယ်သော ကလေးငယ်များတွင်တုပ်ကွေးရော ဂါဖြစ်ပွားမှုနှင့်တုပ်ကွေးကြောင့်ဖြစ်သောနောက်ဆက်တွဲအခြေအနေများကြောင့် ဆေးရုံတက်ရခြင်း များကို ကိုယ်ဝန်ဆောင်မိခင်များအား တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးခြင်း ဖြင့် ၇၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်း အထိအသီးသီးလျော့ချပေးနိုင်ကြောင်း သုတေသီတို့ကတွက်ချက်ခဲ့ပါသည်။ သို့သော်လည်း သုတေသနအဖွဲ့သည်မွေးကင်းစကလေးငယ်များတွင် RSV ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်းကိုမူတုပ်ကွေး ကာကွယ်ဆေးထိုးခြင်းဖြင့်အကျိုး သက်ရောက်မှု မရှိကြောင်း တွေ့ရှိ ခဲ့ရသည်။ RSV အရှည်အားဖြင့် Respiratory syncytial Virus သည်မွေးကင်းစကလေးငယ်များတွင်ကူးစက်မှုများသောဗိုင်းရပ်တစ်မျိုး ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုး သမီး လူတန်းစားအုပ်စုသည် ၅၀ ရာခိုင်နှုန်းအထိသာလျှင်ကာကွယ်ဆေးထိုးထားသည်ဟု ထုတ်ဖော် ၀န်ခံခဲ့ကြပြီး သုတေသီတို့ကအဆိုပါကိန်းဂဏာန်းကိုရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်းအထိ ရှိသင့်ကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။

Dr A.Z
Health Updates Journal
Page Liked · March 1 ·

Health Updates Journal
No. 219

ကိုယ်ဝန်ဆောင်မိခင်များ တုပ်ကွေးကာကွယ်ဆေးထိုးထားခြင်းကမွေးကင်းစကလေးငယ်များအတွက်ပါ
ကာကွယ်မှုပေးနိုင်

https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 
Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ