အမျိုးသားမျိုးပွားစွမ်းအားကို စမတ်ဖုန်းဖြင့်တိုင်းတာနိုင်မည်


အမျိုးသားများ၌ သုက်ပိုးအကောင်ရေကိုရေတွက်ရန် စမတ်ဖုန်းကိုအသုံးပြုနိုင်မည့်နည်းလမ်းကို တွေ့ ရှိ ထားပြီးဖြစ်သည့်အတွက် အမျိုးသမီးများက အိမ်နေရင်း ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးနိုင်သည့်အတိုင်း အမျိုး သားများကလည်း အိမ်နေရင်း မိမိ၏သုက်ပိုးအကောင်ရေသည် မျိုးပွားနိုင်သည့်ပမာဏ ဟုတ်၊မဟုတ် တိုင်းတာနိုင်တော့မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီများ က ပြောသည်။

သုက်ရည်ကိုစစ်ဆေးနိုင်ရန် အထူးပြုလုပ်ထားသည့် ဖုန်းခွံတစ်လုံးကို တပ်ဆင်ရကြောင်း၊ ၄င်းဖုန်းခွံ ထဲတွင် သုက်ရည်ကိုထည့်ကြည့်ရန် မှန်ဘီလူးများပါရှိကြောင်း၊ သုက်ရည်ကို အတူးပြုလုပ်ထားသည့် ဖန်ပြွန်ဖြင့်ထည့်ရပြီး ၄င်းဖန်ပြွန်ထဲတွင် တစ်ခါသုံးမိုက်ခရိုချစ် ပါဝင်ကြောင်း၊ ၄င်းမိုက်ခရိုချစ်က ဖတ်ပေးသည့်ဒေတာ အချက်အလက်များကို စမတ်ဖုန်းအပလီကေးရှင်းက ရယူပြီး ကာယကံရှင်ကို ၄င်း၏ သုက်ပိုးအကောင်ရေကိုဖော်ပြပေးကာ ကျန်းမာသန်စွမ်းပြီး မျိုးပွားနိုင်မည့် သုက်ပိုးအကောင်ရေနှင့် မည် မျှ နီးစပ်သည် သို့ မဟုတ် ကွာခြားသည် ဟူသည်ကို နှိုင်းယှဉ်ဖော်ပြပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သုက်ရည်ကို အထူးပြုလုပ်ထားတဲ့ဖုန်းခွံထဲထည့်လိုက်တဲ့အခါ Android အပလီကေးရှင်းက တစက္ကန့်  ဗီဒီယိုတွေ ရိုက်ပါတယ်။ အဲဒီဗီဒီယိုတွေကိုဆင့်ကဲဆင့်ကဲနှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ အဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်တွေ ရရှိပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

ဖော်ပြပါ စမတ်ဖုန်းဖြင့်သုက်ပိုးအကောင်ရေရေတွက်နိုင်သည့်နည်းပညာကို ကလေးရလိုသောအမျိုးသား များ အသုံးပြုနိုင်သည့်အပြင် သားကြောဖြတ်ထားသည့်အမျိုးသားများလည်း အသုံးပြုနိုင်ကြောင်း၊ သား ကြော ဖြတ်ထားပြီးနောက် သုက်ပိုးအကောင်ရေမည်မျှထွက်သည်ကို ဆေးရုံဆေးခန်းသို့  မကြာခဏ သွားရောက်ကာ ပြသရန်လိုတော့မည်မဟုတ်ဘဲ စမတ်ဖုန်းကို အသုံးပြုလိုက်ရုံသာဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

စမတ်ဖုန်းကိုအခြေခံတဲ့ သုက်ပိုးရေတွက်နည်းက သေချာတိကျတဲ့အဖြေတွေကိုပေးပါတယ်။ သုက်ပိုး ပါဝင်မှု ဘယ်လောက်ကျစ်လျစ်သလဲ၊ ဘယ်နှစ်ကောင်သေပြီးဘယ်နှစ်ကောင်ရှင်နိုင်သလဲ၊ သုက်ပိုးစုစု ပေါင်း၊ ရှင်တဲ့သုက်ပိုးစုစုပေါင်း၊ သေတဲ့သုက်ပိုးစုစုပေါင်း အစရှိသည်ဖြင့် တိကျစွာရေတွက်ဖော်ပြပေးနိုင် ပါ တယ်။ ဒီလောက်အရေးကြီးတဲ့သတင်းအချက်အလက်တွေကိုရရှိဖို့  တပ်ဆင်ရမယ့် ကိရိယာတွေက ဒေါ်လာ ၅၀ လောက်ပဲ ရှိပါတယ်။ အခုအချိန်မှာ Android မှာပဲ အသုံးပြုနိုင်သေးပြီး iOS တွေမှာ အသုံးပြုနိုင်အောင် ဆက်လက်ဆောင်ရွက်နေပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ