သွားပေါက်ခါစ စောင့်ရှောက်တတ်ပါမှ အရွယ်ရောက်သည်အထိ


မွေးကင်းစကလေးတွေ ၆-လသားအရွယ်ရောက်တော့ သွားဖုံးယားပါလိမ့်မယ်။ သွားပေါက်ချင်လို့ ပေါ့။ အဲဒီ ကနေ သွားဖုံးနာကျင်ကိုက်ခဲပါလိမ့်မယ်။ သွားတိုးထွက်လာလို့ ပေါ့။ တစ်မနက်ကျတော့ စမ်းကြည့် နေကျ သွားဖုံးပေါ်မှာ တစ်စုံတစ်ခုကိုစမ်းမိပြီး သင် ပြုံးသွားပါလိမ့်မယ်။ ပြီးရင် အကျယ်ကြီးအော်ပါ လိမ့် မယ်။ ကလေးသွားပေါက်ပြီ လို့ ။

အသစ်စက်စက်ပေါက်လာတဲ့သွားအတွက် ရင်ခုန်ပြီးစိတ်လှုပ်ရှားရသလို သိချင်တာတွေ၊ စိုးရိမ်စိတ်တွေနဲ့  အတူ ကိုယ့်တာဝန်ပါလား ဆိုတဲ့အသိစိတ်ကလည်း ခေါင်းထဲမှာ လွန်ဆွဲနေပါလိမ့်မယ်။ ဒီသွားအသစ်စက် စက်လေးတွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲ ပေါ့။ ကြီးလာတဲ့အခါ သွားတွေကျန်းမာသန်စွမ်းနေ ဖို့ ဆိုတာ အခု ပထမဆုံးပေါက်တဲ့သွားတွေကစပြီး ဂရုတစိုက်စောင့်ရှောက်တတ်ပါမှဆိုတော့ ဗြိတိန်သွား ဘက်ဆိုင်ရာပညာရှင်များအသင်းရဲ့  အကြံပြုချက်တွေကို ဖတ်လိုက်မိပါတယ်။

ကလေးတွေရဲ့ သွားတွေက ထိခိုက်ပျက်စီးလွယ်ပါတယ်။ ပေါက်စသွားလေးတွေကို ကာကွယ်ပေးမယ့် ကြွေလွှာက မထူသေးပါဘူး။ ဒီတော့ သွားကိုဗက်တီးရီးယားရန်ကနေ အပြည့်အ၀ မကာကွယ်ပေးနိုင် ပါဘူး။ သကြားဓါတ်တွေကြောင့် သွား အလွယ်တကူ ပျက်စီးနိုင်ပါတယ်။

ကလေးအတွက်သုံးတဲ့ဇွန်းကို လူကြီးကမသုံးပါနဲ့ ။ လူကြီးစီက ဗက်တီးရီးယားတွေက ဇွန်းပေါ်ပါလာတဲ့ သွားရည်တွေကတစ်ဆင့် ကလေးကိုကူးစက်ပါတယ်။ ကလေးရဲ့ နူတ်ခမ်းကိုတောင် လုံးဝမနမ်းသင့် ပါဘူး။ ကလေးလေးပီပီ နို့ စို့ ရင်းအိပ်ပျော်တာတို့ ၊ ပါးစပ်ထဲတစ်ခုခုငုံထားရင်း အိပ်ပျော်တာတို့  ဖြစ်တဲ့ အတွက် သွားပျက်စီးလွယ်ပါတယ်။ ပါးစပ်ထဲမှာ သွားတစ်ရှူး၊ ကာဗိုဟိုက်ဒ၇ိတ် ဒါမှမဟုတ် သကြားနဲ့  ဗက်တီးရီးယားတွေ အတူရှိနေတဲ့အချိန်တိုင်းမှာ သွားပျက်စီးနိုင်ပါတယ်။

နို့ ဗူးထဲကို အချို၇ည်တွေထည့်တိုက်တာမျိုး မလုပ်သင့်ပါဘူး။ ကလေးကိုအချိုရည်တိုက်မယ်ဆိုရင် ဇွန်း လေးနဲ့  မြန်မြန်ဆန်ဆန်ပဲတိုက်ပြီး ပါးစပ်ထဲမှာ သကြားဓါတ် ကြာကြာရှိမနေအောင် တိုက်ကျွေးရပါမယ်။ နို့ ဗူးထဲထည့်တိုက်တော့ ကလေးက တမြည်းမြည်းစုပ်ယူပြီးဇိမ်ခံမှာဆိုတော့ ပါးစပ်ထဲမှာ သကြားဓါတ်က အကြာကြီးရှိနေမှာမို့  သွားပျက်စီးနိုင်ပါတယ်။ အဲဒီလိုကလေးတွေက အရှေ့ သွားတွေအရင်ပျက်စီးပြီး ကျန်တဲ့သွားတွေကိုလည်း ဗက်တီးရီးယားကူးစက်မှု အလျင်အမြန်ပဲ ဖြစ်တတ်ပါတယ်။

လသားအရွယ်ကလေးငယ်တွေမှာ သွားပျက်စီးမှု ပိုမိုဖြစ်ပွားနေပါတယ်။ သကြားပါတဲ့ အစားအစာ၊သောက် စရာတွေကို များများစားရင်၊ ဖလူရိုက်ဓါတ် ရရှိမှုနည်းရင် သွားပျက်စီးမှာပါပဲ။ ဖလူရိုက်ဓါတ်ကိုမရနိုင်တဲ့ ကလေးတွေမှာ သွားပျက်စီးမှုက သိသာစွာပိုများပါတယ်။ ရေမှာ ဖလူရိုက်ခတ်ထားတဲ့ နေရာဒေသတွေ မှာတော့ ကလေးတွေသွားပျက်စီးမှုက လျော့လာတာကိုတွေ့ ရပါတယ်။
ကလေးဘ၀မှာ သွားပျက်စီးရင် ကြီးလာတဲ့အထိ အကျိုးသက်ရောက်မှုရှိပါတယ်။ ငယ်သွားတွေက သေချာ ပေါက် အသစ်ပြန်လဲမှာပဲ ဆိုပြီး မပေါ့ပါနဲ့ ။ ငယ်သွားတွေပျက်စီးတာဟာ နောက်ပေါက်လာမယ့် အမြဲသုံး သွားရတော့မယ့် သွားတွေမှာ အားနည်းချက်တွေအများကြီး ပါလာစေပါတယ်။

ခြောက်လသားအရွယ်လောက်မှာ သွားဆရာဝန်နဲ့  စပြဖို့ သင့်ပါပြီ။ ပေါက်ခါစသွားလေးတွေကို နားလည် တတ်ကျွမ်းသူနဲ့ ပြပါ။ သွား၊သွားဖုံး ကျန်းမာရေးတွေကိုစစ်ပါ။ ၁၈ လ အရွယ်လောက်ကစပြီး တစ်နှစ်ကို တစ်ကြိမ် သွားနဲ့ ခံတွင်း စစ်ဆေးမှုခံယူပါ။

အမြုပ်ပါတဲ့အချိုရည်တွေကို လျှော့တိုက်ပါ။ အဲဒါတွေက အက်ဆစ်များပါတယ်။ ဆယ်ကျော်သက်တွေရဲ့  သွားပျက်စီးမှုရဲ့ အဓိကတရားခံက ဒီအချိုရည်တွေပါ။ အဲဒီအက်ဆစ်တွေက သွားရဲ့ ကြွေလွှာတွေကို တိုက်စားသွားပါတယ်။ pH 5.5 အောက်လျော့ရင် အက်ဆစ်ဓါတ်ကြောင့် ကြွေလွှာပျက်စီးပါတယ်။ အမြုပ် ပါတဲ့ ဖျော်ရည်တွေက pH 3.0 လောက်ပဲ ရှိပါတယ်။ အနံ့ ပါရင်များ 2.0 ပဲ ရှိပါတယ်။
အသီးအနှံတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်းပဲ ကျွေးရပါမယ်။ ဗိုက်တာမင်တွေစုံတယ်ဆိုပေမယ့် အသီး တွေမှာလည်း သကြားဓါတ်နဲ့ အက်ဆစ်ဓါတ် ပါနေပြန်ပါတယ်။ များလာရင်၊ ကြာလာရင်၊ ပလုတ်မကျင်း မိရင် သွားပျက်စီးမှာသာလျင် ဖြစ်ပါတယ်။ အသီးကို ဖျော်သောက်ရင်လည်း ပလုတ်အမြန်ကျင်းပေးဖို့  လိုပါတယ်။
ဘယ်အရွယ်မှာ သွားစတိုက်လို့ ရပြီလဲ ဆိုတာကလည်း အရေးကြီးတာပါပဲ။ သွားစပေါက်ကတည်းက တိုက်လို့ ရပါတယ်။ ဒါပေမယ့် သွားတိုက်တံကြီးကို ချက်ခြင်းမသုံးနဲ့ ပေါ့။ လက်ကိုသန့် ရှင်းအောင် ဆေးပြီးမှ လက်ညိုးလေးနဲ့ တိုက်ပေးလို့ ရသလို လက်မနဲ့ စွပ်ပြီးသုံးရတဲ့ ရော်ဘာသွားပွတ်တံလေးတွေ လာပါတယ်။ သွားတွေတစ်ကယ်ပဲခိုင်လာပြီဆိုမှ သွားတိုက်တံသုံးပါ။ ဖလူရိုက်ပါတဲ့သွားတိုက်ဆေး ဆန် စေ့ တစ်စေ့လောက်တော့ ထည့်ပြီး ပွတ်ပေးနိုင်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ