ပေါင်မုန့် တစ်လုံးကပြောသော ကမ္ဘာကြီးပူနွေးလာမှုအကြောင်း။


ကမ္ဘာပေါ်မှာ လူဦးရေ ၇.၅ ဘီလီယံ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တစ်ဘီလီယံကို သန်းတစ် ထောင် လို့ သတ်မှတ်ပါတယ်။ ဒါဖြစ်ရင် ကမ္ဘာ့လူဦးရေဟာ သန်းပေါင်းခုနှစ်ထောင်ငါးရာ ဖြစ်ပါတယ်။ ဒီ လူသန်းပေါင်းခုနှစ်ထောင့်ငါးရာက တစ်နှစ်မှာ ၃၆၅ ရက်၊ တစ်လမှာ ပျှမ်းမျှ ရက် (၃၀)၊ တစ်ပတ်မှာ (၇) ရက် အစာ စားနေကြပြီး တစ်ရက်ကို ပုံမှန်အားဖြင့် (၃)ကြိမ် စားကြပါတယ်။

အဲဒီလူပေါင်းသန်းပေါင်းခုနှစ်ထောင့်ငါး ရာအတွက် နေ့ စဉ် အစားအစာ (၃)ကြိမ်ဖူလုံအောင် စိုက်ပျိုးရမယ့် ပမာဏနဲ့  အစားအစာအဖြစ် ချက် ပြုတ်ရမယ့်ပမာဏကို ဖြည်းဖြည်းချင်းတွေးကြည့်ရင် ကြောက်ဖို့  ကောင်းတဲ့ ပမာဏတစ်ခုဆိုတာ သတိ ထားမိလာပါလိမ့်မယ်။ အဲဒီအစားအစာတွေဖြစ်လာအောင် ချက်ပြုတ်ရတာ၊ စိုက်ပျိုးရတာ၊ သယ်ယူပို့  ဆောင်ရတာတွေဟာလည်း ကမ္ဘာကြီးပူနွေးလာမှု ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေထဲမှာ အပါအ၀င် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပေါင်မုန့် တစ်လုံး ဖြစ်ပေါ်လာဖို့  သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို တွေးကြည့်ရအောင်။

ပေါင်မုန့် တွေကို စက်မှုကုန်ထုတ်လုပ်ငန်းစကေးနဲ့ ထုတ်လုပ်တော့မယ်ဆိုရင် အားကောင်းတဲ့စက်ရုံတွေ ကို အသုံးပြုရပါတယ်။ ဂျုံနယ်စက်ကြီးတွေ၊ မုန့် ဖုတ်စက်ကြီးတွေကို သုံးရပြီး ၂၃၀ ဒီဂရီစင်တီဂရိတ် ထက် မလျော့တဲ့အပူကိုပေးရပါတယ်။ အဲဒီအတွက် ကုန်ခမ်းမယ့်လျှပ်စစ်စွမ်းအင်ကို မှန်းဆကြည့်ပါ။ ကုန် ကြမ်းတွေဖြစ်တဲ့ ဂျုံ၊ကစော်၊ဆား အစရှိတာတွေကိုလည်း နိုင်ငံတကာကနေ၊ အနယ်နယ်အရပ်ရပ်ကနေ ကုန်း၊ရေ၊လေ နည်းလမ်းမျိုးစုံနဲ့ သယ်ယူရပါတယ်။

အဲဒီယာဉ်တွေအားလုံးလည်း လောင်စာဆီသုံးတာပါပဲ။ လောင်စာဆီသုံးတာနဲ့ တပြိုင်နက် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အခိုးအငွေ့ တွေ ထွက်ပါတယ်။ ဒါပေမယ့် အဲဒီကုန်ကြမ်းတွေကိုသယ်ယူလို့ ၊ မုန့် တွေဖုတ်လို့ ၊ လူတွေလက်ထဲရောက်အောင် ကုန်း၊ရေ၊လေ လမ်းကြောင်းမျိုးစုံနဲ့ ပို့ လို့  သဘာဝပတ်ဝန်းကျင်ကိုထိခိုက်တာ နဲနဲလေးပဲဖြစ်ပြီး ကုန်ကြမ်းတွေကို စိုက်ပျိုးတဲ့အခါမှာသာ ပတ်ဝန်းကျင်ကိုအဓိကထိခိုက်စေခြင်းဖြစ်ပါတယ်။

ဂျုံစိုက်ပျိုးတဲ့အခါ အသုံးပြုကြတဲ့ ဓါတ်မြေသြဇာကိုပဲ အဓိကလက်ညိုးထိုးရမှာပါ။ ကမ္ဘာကြီးပူနွေးလာရ ခြင်းရဲ့  အဓိကတရားခံဖြစ်တဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ တွေအားလုံးရဲ့  သုံးပုံတစ်ပုံလောက်က ကမ္ဘာတစ်ဝန်း က စိုက်ခင်းတွေကြောင့် ဖြစ်လာတာပါ။ စိမ်းလန်းနေတဲ့စိုက်ခင်းတွေက ဘယ်လိုလုပ်ပြီးဖန်လုံအိမ်ဓါတ် ငွေ့ လွှတ်တာလဲလို့  ပြစ်တင်မစောပါနဲ့ ဦး။ အဲဒီစိုက်ခင်းတွေမှာအသုံးပြုတဲ့ ဓါတ်မြေသြဇာကြောင့်ပါ။

အဲဒီဓါတ်မြေသြဇာရဲ့ ဘယ်အပိုင်းမှာ အဓိကပြဿနာရှိတာပါလိမ့်။ အမိုနီယံနိုက်ထရိတ်ဓါတ်မြေသြဇာ တွေကြောင့်ကိုပဲ ဖန်လုံအိမ်ဓါတ်ငွေ့ ရဲ့  ၄၃ ရာခိုင်နှုန်း ထွက်ပါတယ်။ အဲဒီပမာဏဟာ ပေါင်မုန့် တစ်လုံး ဖြစ်ပေါ်လာဖို့ ဖြတ်သန်းရတဲ့ အဆင့်ပေါင်းများစွာတွေအားလုံးပေါင်းထက်ကို များပါတယ်။ ဒါကြောင့် မုန့်  ဖုတ်လို့ ၊ သယ်ယူပို့ ဆောင်လို့  သဘာဝပတ်ဝန်းကျင်ကိုထိခိုက်တာ နဲတယ်လို့  ပြောတာပါ။

ပထမဆုံးအဆင့်အနေနဲ့  ဓါတ်မြေသြဇာကိုထုတ်လုပ်တဲ့အခါ ဧရာမစက်ကြီးတွေကိုအသုံးပြုရတဲ့အတွက် လျှပ်စစ်စွမ်းအင် ဒါမှမဟုတ် သဘာဝဓါတ်ငွေ့  ပမာဏကြီးမားစွာ အသုံးပြုရပါတယ်။ အဲဒီစွမ်းအင်တွေကို ရရှိဖို့ ရော၊ စွမ်းအင်တွေကိုသုံးစွဲပြီးတဲ့အခါမှာပါ ထွက်လာတဲ့ဘေးထွက်ဆိုးကျိုးတွေဟာ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်စေပါတယ်။ တစ်ခါ ဓါတ်မြေသြဇာကို မြေကြီးထဲထည့်လိုက်ရင် နိုက်ထရပ်အောက်ဆိုက် ထွက်လာပါတယ်။ အပင်တွေအကြီးမြန်ဖို့  နိုက်ထရိုဂျင်လိုအပ်ပြီး အဲဒီနိုက်ထရိုဂျင်ကို ဓါတ်မြေသြဇာ ကနေ ရယူခြင်းဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ဒီလောက်ထိခိုက်နေရင် မြေသြဇာကို ဘာဖြစ်လို့ သုံးနေသေးသလဲဆိုတော့ ဓါတ်မြေသြဇာတွေကိုမှမသုံးဘူးဆိုရင် ကောက်ပဲသီးနှံတွေ အထွက်နှုန်း လျော့သွားပါမယ်။ အဲဒီအခါ ခုနက လူပေါင်းသန်းပေါင်းခုနှစ်ထောင့်ငါးရာအတွက် စားနပ်ရိက္ခာဖူလုံမှု ရှိချင်မှရှိတော့မှာပါ။ အခုတောင် ငတ်မွတ်ခေါင်းပါးနေတဲ့နိုင်ငံတွေ ရှိနေကြသေးတယ်ဆိုတာကို သတိထားရပါမယ်။
ဖြေရှင်းနည်းလေးတွေတော့ရှိပါတယ်။ ဓါတ်မြေသြဇာကိုလျှော့ချပြီး နွားချေး ဒါမှမဟုတ် လူ့ မစင်ကို အစားထိုးအသုံးပြုနိုင်ပါတယ်။ အဲဒါတွေကနေ လည်း နိုက်ထရိုဂျင်ထွက်ပါတယ်။ အဲဒီလိုမလုပ် ချင်ရင်လည်း ဓါတ်မြေသြဇာကို အမှန်တစ်ကယ်လိုအပ်မှ လိုအပ်သလောက်သာ အသုံးပြုတဲ့နည်းနဲ့ လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ပါတယ်။ နောက်ပြီး သီးထပ်စိုက်ပျိုးတဲ့နည်းနဲ့ လည်း နိုက်ထရိုဂျင်လိုအပ်ချက်ကို ဆောင်ရွက်နိုင်ပါတယ်။

ဒါပေမယ့် ယှဉ်ပြိုင်မှုအားနည်းသွားပါမယ်။ သီးနှံအထွက်နှုန်းတွေ ကျသွားနိုင်ပြီး အချိန်တွေပိုပေးရတာ တွေ ရှိလာနိုင်ပါတယ်။ အခုအချိန်မှာ ဘယ်သူမှ ဒီလောက်စိတ်ရှည်သီးခံနိုင်ကြတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဓါတ်မြေသြဇာဆိုတာ သုံးနေကြဦးမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလည်း ဆက်လက် ဖြစ်ပွားနေဦးမှာဖြစ်ပါတယ်။

ဗိုက်ကလေးဆာလာလို့  သင်ငွေစအနည်းငယ်ပေးပြီး ၀ယ်လိုက်တဲ့ပေါင်မုန့် ကို ကျေးဇူးပြုပြီး ကုန်အောင် စားပေးပါ။ နည်းနည်းချန်ပြီး လွှင့်ပစ်တာ မလုပ်ပါနဲ့ ။ အဲဒီပေါင်မုန့် ဖြစ်လာအောင်လို့  သဘာဝပတ်ဝန်း ကျင်ကြီးက အများကြီးအထိခိုက်ခံထားရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အခြားနည်းနဲ့ မကာကွယ်နိုင် တောင် အစားအစာတွေကို အကုန်မစားဘဲ လွှင့်ပစ်တာမျိုး မလုပ်ခြင်းဖြင့် အစားအစာလိုအပ်ချက်ကို လျှော့ချနိုင်မှာဖြစ်လို့  သွယ်ဝိုက်ပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်မှာဖြစ်ကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။


Lashio News Diary
မတ် (၄) ဆောင်းပါး TMK ရတနာပုံနေ့ စဉ်။
https://www.facebook.com/LNDLashio/photos

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ