နေ့ စဉ်သုံးပစ္စည်းအချို့  မယုံနိုင်အောင် ညစ်ညမ်းနေနိုင်။


ဖုန်းလာပါတယ်။ သင့် iPhone ကို ကောက်ကိုင်ပြီး နားနဲ့ ပါးနားမှာ တေ့ကပ်ထားလိုက်ပါတယ်။ iPhone နဲ့ အတူ မစင်အမှုန်တွေကို မျက်နှာပေါ်မှာ လိမ်းချယ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ တစ်ကယ်ပါ။ လန်ဒန် တစ်ကိုယ်ရည်သန့် ရှင်းရေးနှင့်အပူပိုင်းဆေးဝါးသုတေသနကျောင်းရဲ့  ၂၀၁၁ လေ့လာတွေ့ ရှိချက်အရ စမတ်ဖုန်း ၆ လုံးမှာ ၁ လုံးက မစင်မကင်းစင်ပါဘူး။ ဒါ့အပြင် စမတ်ဖုန်းတွေပေါ်မှာရှိတဲ့ဗက်တီးရီးယား တွေဟာ အိမ်သာခွက်ပေါ်မှာရှိတဲ့ ဗက်တီးရီးယားထက် ဆယ်ဆထက်မနည်း ပိုများနေပါသေးတယ်။

ကျွန်တော်တို့ နေ့ စဉ်ကိုင်တွယ်ထိတွေ့ နေရတဲ့ပစ္စည်းတွေထဲမှာပါဝင်တဲ့ ဆဲလ်ဖုန်းကနေ မီးဖိုချောင်ထဲက လက်ဆေးကန်အထိ ဗက်တီးရီးယားမျိုးစုံနဲ့ ပြည့်နှက်နေပါတယ်။ ကျွန်တော်တို့ ကူးစက်ခံရတဲ့ ဗက်တီးရီး ယား ၈၀ ရာခိုင်နှုန်းထက်မနည်းကို ဒီနေ့ စဉ်သုံးပစ္စည်းတွေကနေ ကူးစက်ခံရတာပါ။ ဒါပေမယ့် ကျွန်တော် တို့  အများစုက အိမ်သာကို တစ်ရက်ကိုအနည်းဆုံးတစ်ကြိမ် မပျက်မကွက်ဆေးကြပေမယ့် နေ့ စဉ်သုံး ပစ္စည်းတွေကိုတော့ မဆေးမိကြပါဘူး။

ရှူးဖိနပ်။ ဆိုင်ကနေ၀ယ်လာတဲ့ ရှူးဖိနပ်အသစ်စက်စက်မှာ ဗက်တီးရီးယား ၄၂၁၀၀၀ ကောင်ထက်မနည်း ရောက်ရှိလာဖို့  ၂ ပတ် ပဲ ကြာပါတယ်။ ရှူးဖိနပ် ၂၇ ရာခိုင်နှုန်းထက်မနည်းက E-coli ဗက်တီးရီးယားကို သယ်ဆောင်ပါတယ်။ E-coli ရှိနေတယ်ဆိုတာ မစင်နဲ့ မကြာခဏထိတွေ့ မိလို့ ပါပဲ။ အိမ်သာကြမ်းပြင်ပေါ် ကနေဖြစ်စေ၊ အပြင်လောကမှာ တိရိစ္ဆာန်မစင်တွေ ကူးစက်ခံရတာဖြစ်စေ ဖြစ်နိုင်ပါတယ်။ ဒီရှူးဖိနပ်တွေ ကို အ၀တ်လျှော်စက်ထဲ ထည့်လျှော်မယ်ဆိုရင် ဗက်တီးရီးယားနဲ့ မစင် ၉၀ ရာခိုင်နှုန်း သန့် စင်သွားနိုင် ပါတယ်။ ဒီလောက်ထိကို ညစ်ပတ်တဲ့ ရှူးဖိနပ်တွေမို့  အပြင်ကပြန်လာရင် အိမ်ထဲကိုစီးမ၀င်တာ အကောင်းဆုံး ပါပဲ။

မီးဖိုချောင်လက်ဆေးကန်။ လက်ဆေးကန်နဲ့ ဘိုထိုင်အိမ်သာခွက်က ဗက်တီးရီးယားခြင်း ယှဉ်ပြီးရေတွက် ပြီးရင် သင်ဟာ နောက်ဆိုရင် ဘိုထိုင်အိမ်သာခွက်မှာပဲ လက်သွားဆေးပါလိမ့်မယ်။ အိမ်သာခွက်၊ အမှိုက်ပုံး အစရှိတာတွေမှာထက် မီးဖိုချောင်လက်ဆေးကန်မှာ ဗက်တီးရီးယားပိုများပါတယ်။ အိမ်သာခွက် ထက် ဆိုးတဲ့ လက်ဆေးကန်ထက်ကိုပိုဆိုးတာက ပန်းကန်ဆေးတဲ့ ရေမြုပ်ပါ။ ရေမြုပ်ကို မကြာခဏ အသစ် လဲလှယ်ပေးသင့်ပါတယ်။

ကစားကွင်းက ပစ္စည်းကိရိယာတွေ။ ကလေးတွေနဲ့ ထိတွေ့ မှုများတဲ့ပစ္စည်းတွေထဲမှာ ဈေးဝယ်လက်တွန်း လှည်း လက်ကိုင်ကနေ ကလေးတွေရဲ့ မစင်အိုးအထိ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေထက် ကစား ကွင်းပေါ်က ပစ္စည်းကိရိယာတွေမှာ ဗက်တီး၇ီးယား ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားကွင်း တွေကို ဆေးကြောတာ၊ ဆေးဖြန်းတာ၊ ဖုန်ကင်းစင်အောင် ပွတ်တိုက်တာတွေ အင်မတန်ရှားပါးလွန်းတဲ့ အတွက် နေရာမျိုးစုံ၊ဖိနပ်မျိုးစုံ၊ပစ္စည်းမျိုးစုံနဲ့ ဆော့ကစားကြတဲ့ ဒီ ကစားကွင်းကပစ္စည်းတွေဟာ ဗက်တီး ရီးယား အလွန်ပေါခြင်း ဖြစ်ပါတယ်။

ပြန်လည်အသုံးပြုနိုင်တဲ့ ဈေးသုံးအိတ်တွေ။ ဈေးဝယ်သူ ၉၇ ရာခိုင်နှုန်းထက်မနည်းက သူတို့ ရဲ့ ဈေးအိတ် တွေကို တစ်ခါမှ သန့် ရှင်းရေးမလုပ်ဖူးပါဘူး။ အဲဒီဈေးအိတ်ထဲမှာ လူကိုအန္တရာယ်အမျိုးမျိုးပေးနိုင်တဲ့ ဗက်တီးရီးယားတွေ ရှိနေပါတယ်။ အဲဒီဗက်တီးရီးယားတွေဟာ အစားအစာတွေကနေတစ်ဆင့် ကလေး တွေစီကို ရောက်သွားပြီး ကလေးတွေရဲ့ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တဲ့ ကူးစက်မှုတွေကို ဖြစ်ပွား စေပါတယ်။

အီလက်ထရွန်းနစ်ပစ္စည်းတွေ။ စမတ်ဖုန်းပဲ ညစ်ပတ်တာမဟုတ်ပါဘူး။ တီဗီရီမုတ်ကွန်ထရိုးတွေ ဆိုတာ ဟာလည်း ဗက်တီးရီးယားမျိုးစုံ ပျော်မွေ့ တဲ့နေရာ ဖြစ်နေပါတယ်။ ကွန်ထရိုးက ပိုဆိုးတာပေါ့။ စမတ် ဖုန်းကို ကိုယ်တစ်ယောက်ထဲကပဲ ကိုင်တာကိုး။ ကွန်ထရိုးကိုတော့ လူပေါင်းစုံက ကိုင်တယ်လေ။

ကျွန်တော်တို့  နေ့ စဉ်သုံးနေတဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ ဗက်တီးရီးယားအမြောက်အများ ပါရှိ နေကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ