နာတာရှည်ခါးနာရောဂါသည်များအတွက် ကုထုံးသစ်


ဆရာဝန်တွေဆီ အများဆုံး လာပြကြတဲ့ အကြောင်းအရင်းတွေ ထဲမှာ ခါးနာခြင်းက အကြောင်း အရင်းတစ်ခုပါပဲ။ အရွယ်ရောက်ပြီး သားလူတွေရဲ့ ၈၀%က ဘ၀သက် တမ်းတစ်လျောက် မှာ ခါးနာတာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံခဲ့ရဖူး ကြပါတယ်။ အမျိုးသားကျန်းမာရေး ဌာန NIH ရဲ့ သတ်မှတ်ချက်အရ ခါးနာတာ ၁၂ ပါတ်ထက် ပိုကြာလာ ရင်တော့ နာတာရှည်ခါးနာရောဂါ (Chronic low back pain) လို့ သတ်မှတ်ပါတယ်။ ခါးနာတာ အတွက် ကုသနည်းကလည်း မခွဲ မစိတ်ဘဲ ကုထုံးတွေကနေ အကြီးစား ကုထုံးတွေထိ ပါဝင်ပါတယ်။ ဥပမာ- လေ့ကျင့်ခန်းကုထုံးတွေ၊ အကိုက်အခဲ ပျောက်ဆေးကနေ ကျောရိုးအာရုံ ကြောမကြီး ခွဲစိတ်ကုထုံးလို အကြီး စားခွဲစိတ်မှုတွေထိ ပါဝင်ပါတယ်။

 ယခုအခါမှာတော့ အစားအသောက် နဲ့ဆေးဝါး ကွပ်ကဲရေးဌာနက နာတာ ရှည်ခါးနာရောဂါသမားတွေ အတွက် အသေးစားခွဲစိတ်ကုထုံး Nerve Ablating Procedure ကို ခွင့်ပြုခဲ့ တယ်လို့ သိရပါတယ်။ ယင်းကုထုံးမှာ ခါးနာခြင်းကို ခံစားနေရစေတဲ့ အာရုံ ကြောကို ရေဒီယိုလှိုင်းကြိမ်နှုန်းစွမ်းအင်ကိုသုံးပြီး အာရုံခံစားမှု မရှိ အောင်လုပ်ပေးတာ ဖြစ်ပါတယ်။ ယင်းကုထုံးကို ထုံဆေးနဲ့စိတ်ငြိမ် ဆေးသုံးပြီး လူနာရဲ့ ခါးမှာအသေးစား ခွဲစိတ်မှုကို လုပ်ပြီး Vertebral body လို့ခေါ်တဲ့ ကျောရိုးအာရုံကြောမကြီး အတွင်း ကြည့်ရာမှာ အထောက် အကူပြု>ပန်ကိုသုံးပြီး ရေဒီယိုလှိုင်း စွမ်းအင်ကို ပို့လွှတ်၍ အပူစွမ်းအင် တွေပေါ်စေပြီး နာကျင်မှုကို ခံစားနေ ရတဲ့ အာရုံကြောကို အာရုံမခံစား နိုင်အောင် လုပ်ပေးတာဖြစ်ပါတယ်။ ပြီးတဲ့နောက် အထောက်အကူပြု >ပန်ကိုပြန်ထုတ်ပေးလိုက်တာ ဖြစ်ပါ တယ်။

 ကုထုံးရဲ့ကြာချိန်မှာ တစ်နာရီ ခွဲခန့်သာ ကြာတယ်လို့ သိရပါတယ်။ ယင်းကုထုံးနဲ့ သင့်တော်တဲ့သူတွေက တော့ အကြီးစားခွဲစိတ်မှုခံယူဖို့ လိုနေ သူတွေ ဒါမှမဟုတ် ဘိန်းအခြေပြု အကိုက်အခဲပျောက်ဆေး အပြင်းစား တွေသုံးဖို့ လိုနေသူတွေအတွက် သင့်တော်တယ်လို့ သိရပါတယ်။ ယင်းကုထုံးကို တီထွင်ခဲ့တဲ့ ကုမ္ပဏီ ကတော့ ကယ်လီဖိုးနီးယား အခြေ စိုက် ဆေးကုသရေးကိရိယာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Relievant Med- systems Ino မှ ဖြစ်ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ