နှလုံးကြွက်သားအမာရွတ်ထင်ခြင်းကို ကာကွယ်ပေးမယ့် သည်းခြေအက်ဆစ်


Cardiac Fibrosis လို့ခေါ်တဲ့ နှလုံးကြွက်သားတွေပေါ်မှာ ဒဏ်ရာ ရပြီး အမာရွတ်တွေ ပေါ်လာခြင်းက အနာဂတ်မှာံHeart failure လို့ခေါ်တဲ့ နှလုံးက သူရဲ့လုပ်ငန်း ဆောင်တာတွေကို မဆောင်ရွက်နိုင် ခြင်းကို ဖြစ်ပေါ်လာစေတဲ့ အချက် တွေထဲက တစ်ချက် ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ယင်း Cardiac Fibrosis အခြေအနေကို ကုသပေးနိုင်မယ့် နည်းလမ်းတွေ မပေါ်ပေါက်သေးပါဘူး။

Canadian Institutes of Health Research က သုတေသနပြုလုပ်ခဲ့ပြီး PLOS one မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသန အသစ်တစ်ခုအရ ယင်းတို့အနေနဲ့ Cardiac Fibrosis အခြေအနေကို ကာကွယ်နိုင်မယ့် နည်းလမ်းများကို စတင်တွေ့ရှိခဲ့ပြီလို့ သိရပါတယ်။ သုတေသီတွေအနေနဲ့ ဓာတ်ခွဲခန်းထဲ တွင် Cardiac Fibrosis ဖြစ်စေမယ့် မော်လီကျုးလုပ်ငန်းစဉ်ကို လေ့လာ ခဲ့ကြပါတယ်။ သုတေသနမှာ Fibrosis ဖြစ်စေအောင် လှုံ့ဆော်ပေးတဲ့ အချက်တွေကို တွေ့ရှိခဲ့ကြပါတယ်။

ယင်းလှုံ့ဆော်ပေးတဲ့ အရာတွေကို သည်းခြေရည်ကို အသုံးပြုပြီး တား ဆီးပေးခြင်းအားဖြင့် Cardiac Fibrosis မဖြစ်အောင် တားဆီးပေးနိုင် တာကို တွေ့ခဲ့ရပါတယ်။ Fibrosis က heart failure မဖြစ်မီကနဦး အခြေအနေတစ်ခုဖြစ်ပြီးံHeart and Stroke Foundation မှ အချက်အလက်တွေအရ လက်ရှိမှာ ကနေဒါလူမျိုး ၁.၃ သန်း heart failure အခြေအနေမှာ ရှိနေပြီး ယင်းတို့ထဲက ၃၀% က လာမည့်တစ်နှစ်အတွင်းမှာ သေဆုံး နိုင်ခြေများနေတယ်လို့ သိရပါတယ်။

 Fibrosis ဖြစ်နိုင်တဲ့အကြောင်းတွေ ထဲမှာ သွေးတိုးရောဂါလည်း ပါဝင်ပါ တယ်။ ကာလကြာရှည် နှလုံးကြွက် သားက မနိုင်ဝန်ထမ်းခဲ့ရတဲ့အတွက်ကြောင့် ကြွက်သားများဒဏ်ရာရပြီ်းFibrosis ဖြစ်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချိုရောဂါသည် တွေ၊ ဓာတုဆေးသွင်းကုထုံးခံယူ နေရတဲ့ ကင်ဆာဝေဒနာရှင်တွေ၊ နှလုံးအစားထိုးထားတဲ့ လူနာတွေ ကလည်း Cardiac Fibrosis ဖြစ်နိုင်ချေ များတဲ့သူတွေဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ