အိမ်သုံးဆားကုထုံးနဲ့ ပန်းနာရင်ကျပ်ဝေဒနာ


လေထု ညစ်ညမ်းမှုတွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရော ဂါတွေအတွက် ၀န်ထုပ်ဝန်ပိုးပါပဲ။ လေထုရဲ့အရည်အသွေးတွေ ကျဆင်း လာခြင်းက ပန်းနာရင်ကျပ်ရောဂါ သည်တွေ တိုးလာရခြင်းရဲ့အကြောင်း တစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေ ကတော့ ဆားခန်းကုထုံး (ျေူအ မသသာ အ့နမစေပ) က အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါတွေအတွက် အထူး သင့်လျော်တယ်လို့ အကြံပြုထားပါ တယ်။ ယင်းတို့ရဲ့အဆိုအရဆားခန်း ကုထုံးကို ကမ္ဘာ့ဒေသအသီးသီးမှာ စမ်းသပ်ကုသခဲ့ပါတယ်။ ယင်းကုထုံး က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါသည်တွေကို သက်သာစေတဲ့ လုံးဝသဘာဝကုထုံး တစ်ခုဖြစ်ပါ တယ်။ လေထုထဲက အညစ်အကြေး တွေက သက်ကြီးရွယ်အိုတွေ ကလေး ငယ်တွေမှာသာမက လူရွယ်နဲ့ကျန်း မာရေးကောင်းသူတွေမှာပါ အသက် ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေပါတယ်။ ကုသပုံမှာ လူနာကို အခန်းနံရံတွေမှာ ဆားတွေနဲ့ မွမ်းမံ ထားတဲ့ အထူးခန်းထဲမှာ သက်တောင့် သက်သာထိုင်ခိုင်းပြီး အခန်းထဲကို လေနုအေးလေး တိုက်ခတ်စေပြီး၊ ယင်းလေထဲမှာ ဆားမှုန်လေးတွေ ပါ သွားစေကာ၊ လူနာအသက်ရှုရာ ကနေတဆင့် အသက်ရှုလမ်းကြောင်း ထဲ ရောက်စေတာဖြစ်ပါတယ်။ ဆရာ ၀န်တွေရဲ့အဆိုအရ ဆားမှုန့်တွေက နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်း ထဲက အညစ်အကြေးနဲ့ ဘက်တီးရီး ယားတွေကို ဖယ်ရှားပေးတဲ့အပြင် လေ>ပန်ရောင်ရမ်းခြင်းကိုလည်း လျော့ ကျစေကာ၊ ခုခံအားစနစ်ကိုအားပေး ပြီး၊ ဓာတ်မတည့်မှုကိုလျော့ကျစေ တယ်လို့ ဆိုပါတယ်။ ဆားခန်း ကုထုံး က ပန်းနာရင်ကျပ်၊ နာတာရှည် အဆုတ်ရောင်၊ ထိပ်ကပ်နာနဲ့ အရေ ပြား ဓာတ်မတည့်တာတွေအတွက် စိတ်ချရပြီး ဆိုးကျိုးမဲ့ကုထုံးဖြစ်တယ် လို့ ကျွမ်းကျင်သူတွေက အကြံပြုခဲ့ပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ