တစ်နေ့လျှင် အနည်းဆုံး ၁ နာရီ မတ်တတ်ရပ်ပေးရန်လို


နေ့စဉ် အလုပ်စားပွဲ၌ အချိန်ကြာမြင့်စွာ လုပ်ကိုင် နေသူများသည် အဝလွန်ခြင်းနှင့် နှလုံး ရောဂါများကို ကာကွယ်ရန်အတွက် တစ်နေ့လျှင် အနည်းဆုံး ၁ နာရီ မတ်တတ် ရပ်ပေးရန် လိုအပ်ကြောင်း ကျန်းမာရေး ပညာရှင်များက ပြောသည်။

အလုပ်စားပွဲ၌ နေ့စဉ် ၆ နာရီကြာ ထိုင်၍ အလုပ်လုပ်ခြင်းသည် ကျန်းမာရေး ထိခိုက်နိုင်သဖြင့် အလုပ်မှ ခေတ္တရပ်နားမည့် အားလပ်ချိန်များ၌ မတ်တတ်ရပ်၍ စကားပြောခြင်း၊ ကော် ဖီ သောက်ခြင်းများစသည့် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်သင့်သည်။ အချိန်ကြာမြင့်စွာ ထိုင်ခြင်းသည် ဆေးလိပ် သောက်သုံးခြင်း၊ ဆေးရွက်ပါသော ကွမ်းစားသုံးခြင်း တို့ကဲ့သို့ပင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အသက်တိုစေနိုင်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာ တွေ့ရှိချက်အရ သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ