ဆီးချိုမျက်စိဝေဒနာအတွက် ကုထုံးသစ်


The American Journal of Pathology မှာ ဖော်ပြခဲ့တဲ့ သုတေ သနတစ်ခုမှာ ဆီးချိုကြောင့် အမြင် အာရုံထိခိုက်မှု အခြေအနေ(Diabetic Retinopathy) ကို ကာကွယ် ပေးနိုင်ပြီး အချို့အခြေအနေတွေကို အနည်းငယ်ပြန်လည် သက်သာလာ စေနိုင်မယ့် (renin angiotensin System) RAS စနစ်ကို အခြေခံပြီး တီထွင်ထားတဲ့ မျက်လုံးတွင်းကုထုံး တစ်ခုကို ဖော်ပြခဲ့ပါတယ်။

Diabetic Retinopathy ဆိုတာ မျက်ကြည်လွှာမှာရှိတဲ့ သွေး ကြောငယ်လေးတွေပေါ်မှာ ရောဂါ ကြောင့် အပြောင်းအလဲလေးတွေ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ဆိုလို ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာ တွေကတော့ ရောင်ရမ်းခြင်း၊ သွေးဖြူ ဥများ မျက်စိထဲမှာ များလာခြင်း၊ သွေးကြောနံရံများ ထူလာပြီး၊ ကျိုး ပေါက်လွယ်လာခြင်း၊ မျက်လုံးတွင်း သွေးကြောများထဲမှ ပရိုတင်းများ ယိုထွက်လာခြင်း၊ သွေးလှည့်ပတ်မှု နည်းလာခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ ရလဒ်ကတော့ အဆုံး သတ်မှာ အမြင်အာရုံဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။ ယင်းအခြေအနေ ကြောင့် အမြင်အာရုံဆုံးရှုံးမှုကအလုပ်လုပ်နိုင်တဲ့ အရွယ်တွေမှာ အမြင် အာရုံဆုံးရှုံးစေတဲ့ အဓိကအကြောင်း ဖြစ်ပါတယ်။ လက်ရှိမှာ လုံးဝပျောက် ကင်းအောင် မကုသနိုင်သလို၊ ကုထုံး တွေကလည်း နည်းနေတုန်းပါပဲ။ မဖြစ်မီ ကြိုတင်ကာကွယ်ဖို့ အတွက် ကလည်း အကန့် အသတ်တွေ ရှိနေပါ သေးတယ်။

ယခုသုတေသနမှာRAS စနစ်ရဲ့ အစွန်းနှစ်ဖက်မညီမျှမှု အခြေခံ သဘောတရားအပေါ်မှာ အခြေခံထားပါတယ်။ ယင်းမညီမျှမှု ကြောင့်(Diabetic Retinopathy ဖြစ်လာရတာပါ။ အစွန်းနှစ်ဖက်မှာ တစ်ဖက် ပုံမှန်(Classical) RAS စနစ်နဲ့ တစ်ဖက်က သွေးကြော ကာကွယ်ရေး(Vasoprotective) RAS စနစ်တို့ ဖြစ်ပါတယ်။ Classi-cal RAS စနစ်ကိုVasoprotective RAS စနစ်က ထိန်းကွပ်ထားပြီး ယင်းစနစ်မှာ ရောင်ရမ်းမှုကျစေတာ ရော၊ သွေး ကြောများကျယ်စေတဲ့စနစ် ရော နှစ်ခုစလုံး ပါဝင်ပါတယ် ။ Vasoprotective စနစ်ရဲ့ အဓိက အင်ဇိုင်းကတော့ Angiotensin Converting enzyme-2 (ACE-2) အင်ဇိုင်းပဲ ဖြစ်ပါတယ်။ သုတေသန မှာ မျက်စိရည်ကြည် (Vitreous Cavity) လှိုဏ်ခေါင်းထဲကို ACE-2 အင်ဇိုင်း အား adeno-associated virus Vector ကိုအသုံးပြုပြီး တိုက် ရိုက် ထိုးသွင်းခဲ့ပါတယ်။ ယင်းနည်းကို AAV-ACE လို့ခေါ်ပါတယ်။

သုတေသီတွေကAAV-ACE 2 ရဲ့အစွမ်းကို သိရရန်အတွက် ကြွက်တွေမှာstrepto zotocin (STZ) ထိုးပြီး ဆီးချိုဖြစ်စေဖို့ လှုံ့ ဆော်ပါတယ်။ ပြီးတဲ့နောက် နှစ်ဖွဲ့ ခွဲပြီး တစ်ဖွဲ့မှာ STZ မထိုးမီ နှစ်ပတ် ကြိုပြီး AAV-ACE 2 ကို ထိုးခဲ့ပါ တယ်။ နောက်တစ်ဖွဲ့ကိုတော့ ACE 2 က Diabetic Retinopathy ကိုပြန်ပြီး ကောင်းစေနိုင်စွမ်း ရှိ၊ မရှိ သိရဖို့အတွက် STZ ထိုးပြီး ခြောက် လအကြာDiabetic Retinopathy ဖြစ်ပြီးနောက် AAV-ACE 2 ကို ထိုးခဲ့ပါတယ်။

ရလဒ်ကတော့ နှစ်ဖွဲ့လုံးမှာDiabetic Retinopathy မှာ တွေ့ရတဲ့ လက္ခဏာတွေ၊ ဇီဝအမှတ် အသားတွေ နည်းနေပြီး၊ အာနိသင် မဲ့ဆေးထိုးထားတဲ့ အုပ်စုမှာသာ ယင်းလက္ခဏာတွေ တွေ့ရတာကို သိခဲ့ရပါတယ်။ ဒါ့အပြင် မျက်ကြည် လွှာသွေးကြော အခြေအနေတွေကို တစ်သျူးအဆင့်ထိ အသေးစိတ်စစ် ဆေးခဲ့ရာAAV-ACE 2 ထိုးဆေးက ဆီးချိုကြောင့်ဖြစ်ပွားသော ရောဂါ ကို တစ်သျူးအဆင့်ထိ ပြန်လည် သက်သာစေတာ တွေ့ခဲ့ရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ