ဆေးယဉ်ပါး ကပ်ပါးမှိုပိုး ကူးစက်ရောဂါအကြောင်း ဆေးရုံများအား တပ်လှန့်သတိပေးထား


အမေရိကန်နှင့် ဗြိတိန်နိုင်ငံ တို့မှ ကျန်းမာရေးအာဏာပိုင်များ သည် ဆေးရုံများအား ဆေးယဉ်ပါး သော ကပ်ပါးမှိုတစ်မျိုး ကူးစက်ပြန့် ပွားမည့်အန္တရာယ်နှင့် ပတ်သက်၍ အသိပေး တပ်လှန့်ထားပြီးဖြစ်သည်။ ကျန်းမာရေးအဆောက်အဦးများမှ တဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ၂၀၀၉ ခုနှစ် ဂျပန်နိုင်ငံတွင် စတင်သတိပြု မိလာသည့် ကန်ဒီဒါအော်ရစ်ပိုး ကူး စက်ရောဂါဖြစ်ပွားခြင်းသည် ကမ္ဘာ့ ပေါ်ရှိ တိုက်ကြီး (၄) တိုက်မှ နိုင်ငံပေါင်း (၉) နိုင်ငံတွင် ဖြစ်ပွား ခဲ့ပြီးဖြစ်သည်။ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို နှင့် ဗြိတိန်ပြည်သူ့ကျန်းမာရေး အဖွဲ့ အစည်းတို့မှ ၎င်းင်းတို့နိုင်ငံရှိ ဆေးရုံ များနှင့် ဓာတ်ခွဲခန်းများအား အခြား နိုင်ငံအများအပြားတွင် ကန်ဒီဒါ အော်ရစ်ပိုးသည် ဆေးရုံတက်ရောက် နေရသည့် လူနာများကို အပြင်း အထန် နာမကျန်းဖြစ်စေနိုင်ကြောင်း သတိပေးချက်များ ပေးပို့ထားရပါ သည်။

ယင်းကပ်ပါးမှိုပိုးအား သတိ ထားဂရုစိုက်ရမည့်အကြောင်းအရင်း (၃) ချက်ရှိပြီး ပထမဆုံးအနေဖြင့် ယင်းပိုးသည် ဆေးယဉ်ပါးသော အမျိုးအစားဖြစ်သည့်အတွက် ကုသ ရန် ခက်ခဲသည်။ ထို့နောက် ရှာဖွေ သိရှိရန်လည်း ခက်ခဲသည်။ ဒါ့အပြင် ဆေးရုံများတွင် ကူစက်ရောဂါပြန့်ပွား သည့်အသွင်သဏ္ဌာန်များ ဖြစ်ပေါ်နိုင် ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ ယခုလို ကူးစက်ခြင်းအား တောင်ကိုးရီးယား၊ တောင်အာဖိရိက၊ အိန္ဒိယ၊ ကူဝိတ်၊ ကိုလံဘီယာ၊ ပါကစ္စတန်၊ ဗင်နီဇွဲလာနှင့် ဗြိတိန် နိုင်ငံတို့တွင် ဖြစ်ပွားခဲ့ဖူးကြောင်း လည်း သိရှိရပါသည်။ လက်ရှိအချိန် တွင် အရာဝတ္ထုများ၏ မျက်နှာပြင်မှ တဆင့် လူသားအချင်းချင်း ကူးစက် နိုင်ကြောင်းသိရှိရပြီး ကူးစက်ပျံ့နှံ့ မှုနှင့် ပတ်သက်၍ ပိုမိုလေ့လာရန် လိုအပ်သေးကြောင်းလို့ တာဝန်ရှိသူ များမှ ပြောကြားခဲ့ပါသည်။

Dr.A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ