ချွေးကိုတိုင်းတာကာသွေးတင်းသကြားဓါတ်ကို သိရှိနိုင်မည့်နည်းကို စမ်းသပ်လျက်ရှိ


တောင်ကိုရီးယားနိုင်ငံသုတေသီများက ချွေးကိုတိုင်းတာကာ သွေးတွင်းသကြား ပမာဏ မြင့်တက်မှုနှုန်းကို ခန့် မှန်းပြီး လိုအပ်သလိုထိန်းသိမ်းပေးနိုင်မည့် အာရုံခံကိရိယာတစ်မျိုးကို စမ်းသပ်ထုတ်လုပ်ထားကြောင်း သိရသည်။

သို့ သော် ချွေးထွက်သည့်ပမာဏကိုတိုင်းတာရန် အင်္ကျီတစ်ခုလုံး ရွှဲရွှဲစိုသည်အထိ ချွေးထွက်ရန်မလိုအပ် ဘဲ တစ်လီတာ၏ တစ်သန်းပုံတစ်ပုံခန့် သော ချွေးနှင့်ပင် စမ်းသပ်မှုပြုလုပ်နိုင်ကြောင်း၊ ဆီးချိုဖြစ်ပွားနေ သည်ဖြစ်စေ၊ မဖြစ်ပွားသည်ဖြစ်စေ၊ ချွေးကိုတိုင်းတာခြင်းဖြင့် မိမိ၏သွေးတွင်းသကြားပမာဏကို သိရှိနိုင် မည်ဖြစ်ကြောင်း၊ ဆီးချိုမဖြစ်ခင် ကြိုတင်တားဆီးကာကွယ်နိုင်မည်ဟု မျှော်လင့်ရကြောင်း သုတေသီိများ က ပြောသည်။ ချွေးကိုတိုင်းပြီး သွေးတွင်းသကြားပမာဏကို သိနိုင်မယ့် အာရုံခံကိရိယာကို စမ်းသပ်ထုတ် လုပ်ထားပါ တယ်။

စမ်းသပ်မှုအောင်မြင်ရင် ဒီအာရုံခံကိရိယာနဲ့ အတူ ခန္ဓာကိုယ်ထဲကို အင်ဆူလင် လိုအပ် သလောက် ထိုးပေးနိုင်မယ့် စနစ်ကိုလည်း ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ဒီတော့ ဆီးချိုဖြစ်နေသူတစ်ဦးရဲ့ သွေးထဲမှာ သကြားဓါတ်ဘယ်လောက်ရှိနေပြီလဲဆိုတာကို ဒီအာရုံခံကိရိယာက တိုင်းတာသွားမှာဖြစ်ပြီး အင်ဆူလင် လိုအပ်ရင် ချက်ခြင်းအလိုအလျောက် ထိုးသွင်းပေးနိုင်အောင် စီစဉ်နေခြင်းဖြစ်ပါတယ် ဟု သုတေသီ တစ်ဦးက ပြောပြသည်။ ဆီးချိုအမျိုးအစား(၁) သည် ခန္ဓာကိုယ်ရောဂါခုခံစနစ်က သွေးတွင်း သကြားပမာဏကို ထိန်းချုပ်ပေးသည့် ခန္ဓာကိုယ်အစိပ်အပိုင်းကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဆီးချိုအမျိုးအစား(၂) သည် လူနေမှုပုံစံကြောင့် ခန္ဓာကိုယ်က သွေးတွင်းသကြားပမာဏကို မထိန်းချုပ်နိုင်တော့ခြင်းဖြစ်ကြောင်း၊ ဆီးချိုအမျိုးအစား(၁) ဖြစ်စေ၊ (၂)ဖြစ်စေ၊ ဆေးဝါး အကူအညီ လိုအပ်ကြောင်း၊ ဆေးဝါးအကူအညီမရလျင် ခန္ဓာကိုယ်အင်္ဂါအစိပ် အပိုင်းများအားလုံးပျက်စီးပြီး သေဆုံးသွားနိုင်ကြောင်း သိရသည်။ ဆီးချိုဖြစ်ပြီဆိုတာနဲ့  သွေးတွင်းသကြားဓါတ် တက်မလာအောင် ထိန်းထားနိုင်ဖို့ အရေးကြိးပါတယ်။

 တစ်ကယ်တော့ ဒီသကြားဓါတ်တွေကို အင်ဆူလင်က ဂလူးကို့ စ်ဖြစ်အောင်ဖန်တီးပြီး ဆဲလ်တွေကို ပို့ ပေးရမှာပါ။ သွေးတွင်းသကြားဓါတ်တက်ပြီဆိုတာနဲ့  ဆဲလ်တွေအစာငတ်နေပြီလို့  နားလည်ရပါ မယ်။ အဲဒီသကြားကိုဂလူးကိုစ်ဖြစ်အောင် အင်ဆူလင်ကို ထိုးသွင်းပေးရပါတယ်။ ဒါပေမယ့် အင်ဆူလင် ဘယ်လောက်ထိုးသွင်းရမယ်ဆိုတာဟာ အလွန်တွက်ချက်ရခက်ခဲသလို ထိုးရင်လည်း ၀မ်ဗိုက်တစ်ဝိုက် မှာ ထိုးရတဲ့အတွက် ခက်ခဲမှုများလှပါတယ်။ ဒါကြောင့် သွေးထဲမှာ သကြားဓါတ်ဘယ်လောက်ရှိနေသလဲ၊ အင်ဆူလင်ဘယ်လောက်လိုအပ်နေသလဲဆိုတာကို အလိုအလျောက်တိုင်းတာပြီး အင်ဆူလင်လိုသမျှကို အလိုအလျောက်ထိုးပေးတဲ့စနစ်နဲ့  အသုံးပြုနိုင်မှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ