ဆန်လုံးညိုစားသုံးခြင်းဖြင့် သွေးဖိအားမြင့်တက်ခြင်းနှင့် အဆီပိတ်ခြင်းကိုကာကွယ်နိုင်


အစေ့အဆန်ကောက်ပဲသီးနှံတွေနဲ့ စားသုံးရန်အသင့်ပြုလုပ်ထားတဲ့ နံနက်ခင်း အစားအစာတွေဟာ အထူးသဖြင့် သကြားဓာတ်ပါဝင်မှုနည်းပြီး လတ်ဆတ်တဲ့သီးနှံ၊ အဆီဓာတ်ပါဝင်မှုနည်းတဲ့နို့နဲ့ တွဲဖက် သုံးဆောင်မယ် ဆိုရင် သင့်လျော်ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် သကြားဓာတ်များလွန်းတဲ့ ထမင်းတစ်ခွက်နဲ့ ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ အစားအစာ နှစ်ခုတွေ့ဆုံမိရင်တော့ သွေးအတွင်းမှာ သကြားဓာတ်က ဝင်ရောက်နှောင့်ယှက် တော့မှာ ဖြစ်ပါတယ်။

ဆန်ဟာလူအများစုအတွက် အဓိက အစားအစာတစ်ခုပါ။ ဒါပေမယ့်ကာဗွန် ဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစေ့အဆန် သီးနှံတစ်ခုအနေနဲ့အမှန်တကယ်ကျန်းမာရေး နဲ့ ညီညွတ်မှုရှိပါရဲ့လား။ ဒီအချက်ဟာ သင်ရွေးချယ်စားသုံးမယ့် ဆန်အမျိုးအစား အပေါ်မှာ မူတည်နေပါတယ်။

ဆန်ကိုကြိတ်ခွဲလိုက်တဲ့ဖြစ်စဉ်အတွင်းမှာ ဖွဲနဲ့အပင်ပေါက်နိုင်တဲ့ ဗီဇအစိတ်အပိုင်း ကို ဖယ်ရှား လိုက်ခြင်းကဗီတာမင်ဘီ၊ သံဓာတ်နဲ့အမျှင်ဓာတ်တွေကို ခွာချွတ်လိုက်သလို ဖြစ်သွားစေပါတယ်။
အဖြူရောင်ရှိတဲ့ဆန်မှာ သံဓာတ်နဲ့ဗီတာမင်ဘီဟာ စံနှုန်းပြည့်ပါဝင်မှုရှိသော် လည်းပဲ ကြိတ်ခွဲမှုဖြစ်စဉ် အပြီးမှာအမျှင်ဓာတ်ကို ပြန်လည်မရရှိတော့ပါဘူး။

အလယ်အလတ် ကောက်ပဲသီးနှံ အမျိုးအစားဖြစ်တဲ့ ချက်ပြုတ်ပြီးသား ဆန်လုံး ညိုတစ်ခွက်မှာအမျှင်ဓာတ် ၃ ဒသမ ၅ ဂရမ်နဲ့ ဆိုဒီယမ်၈မီလီဂရမ်ပါဝင်မှုရှိပြီး အဖြူ ရောင်ဆန်မှာ အမျှင်ဓာတ်ပါဝင်မှုကတော့ ၁ ဂရမ်ဖြစ်ပါတယ်။ ဒါ့အပြင်ဆန်လုံး ညိုဟာအင်တီအောက်စီဒင့် (Antioxident)၊ ဗီတာမင်အီးနဲ့ အမျှင်ဓာတ်တွေကြွယ်ဝ တဲ့ အစာအရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ခုကတော့ အဖြူရောင်ဆန်မှာမပါရှိတဲ့ ( subaleurone ) အလွှာဟာဆန်လုံးညိုမှာပါဝင်နေပြီးအဲဒီအလွှာက သွေးဖိအားမြင့် တက်ခြင်းနဲ့ အဆီပိတ်ရောဂါ မဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုက အကြံပြုခဲ့ပါတယ်။

အမျိုးသားများနဲ့ အမျိုးသမီးတွေ ထောင်ချီပါဝင်တဲ့လေ့လာမှုတစ်ခုက အဖြူရောင်ရှိတဲ့ ဆန်စားသုံးမှု ကနေဆန်လုံးညိုကို အစားထိုးပြောင်းလဲစားသုံးခြင်းက နံပါတ်နှစ်အမျိုးအစားဆီးချိုဖြစ်ပွားမှုနှုန်းကို လျော့ကျစေနိုင်မှာဖြစ်တယ်လို့ ဖော်ထုတ်ပြသခဲ့ပါတယ်။

အများစုဟာဆန်လုံးညိုကိုကောက်စပါးတစ်ခုလုံးပါဝင်တဲ့အစားအစာတစ်ခု အ ဖြစ် ဆင်တူယိုးမှား မှတ်ယူလေ့ရှိကြပါတယ် ။ ဒါပေမယ့်ဆန်အမျိုးအစားအမျိုးမျိုး အလိုက် ကောက်စပါးတစ်ခုလုံးပါဝင်တဲ့ ဆန်တွေရဲ့အရောင်အသွေးကလည်းအမျိုးမျိုးကွဲပြားနိုင်တယ်လို့ ကောက်စပါး သီးနှံကောင်စီ ကဖော်ပြခဲ့ပါတယ် ။

နောက်တစ်ချက်က သင်ဟာကယ်လိုရီနဲ့ သွေးအတွင်းသကြားဓာတ်ပါဝင်မှု ကိုသတိ ထားစောင့်ကြည့်နေ ရတဲ့ အခြေအနေမျိုးဆိုရင်သင့်အနေနဲ့ဆန်တစ်ခွက်ရဲ့ ထက်ဝက်လောက်လျှော့ချစားသုံးဖို့ လိုအပ် မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆန်ဟာ ကယ်လိုရီနဲ့ ကာဗွန်ဟိုက်ဒရိတ် အမြောက် အမြား ပါဝင်မှု ရှိနေလို့ပါ ပဲ။ဆန်တစ်ခွက်မှာကယ်လိုရီ ၂ဝဝ ဂရမ်ကျော်လောက် ပါဝင်နေပြီး ကာဗွန် ဟိုက်ဒရိတ် ၅ဝ ဂရမ်နဲ့ အထက်ပါဝင်မှုရှိနေပါတယ်။

ကလျာမိုးမြင့် / (စီအင်န်အင်န်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ