သင့်ကို ၀ိတ်ကျစေနိုင်တဲ့ အသီးအရွက်သုပ် ပါဝင်ပစ္စည်းတွေနဲ့ တွဲဖက်အစားအစာများ

ကိုယ်မသိထားတဲ့ အစားအစာတစ်ချို့က ကိုယ့်ကိုဝိတ်ကျစေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အထူးတလည် လိုက်လံရှာဖွေ စားသောက်နေစရာလည်း မလိုပါဘူး။ လွယ်ကူရိုးရှင်းလွန်းတာမို့ ဘာတွေလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။

၁။ထောပတ်သီး

ထောပတ်သီးလို့ ပြောလိုက်ရင် လူတွေက ဒါအဆီတက်တယ်မဟုတ်ဘူးလားလို့ချည်း မေးတာကြားရဖူးပါတယ်။ အမှန်တော့ ထောပတ်သီးဟာ ၀ိတ်ချဖို့စဉ်းစားနေသူတွေ၊ ၀ိတ်ကျချင်သူတွေအတွက် အထူးစားသင့်တဲ့အသီးပါ။ သူ့မှာ နှလုံးကိုကျန်းမာစေတဲ့ ဗီတာမင်တွေ ပါဝင်သလို သတ္တုဓာတ်တွေလည်း ပါဝင်နေတဲ့အစား စားရတာ ချောမွေ့တဲ့အတွက် အစာခြေမှုအတွက်လည်း အထောက်အကူ ပြနိုင်ပါတယ်။ ဒီအသီးကနေ ကယ်လိုရီတွေ အများကြီးရပြီး ၀ိတ်တက်မှာ ပူစရာ မလိုပါဘူး။

၂။ပန်းသီးနဲ့အထူးပြုလုပ်ထားတဲ့ ရှာလကာရည်

ကိုယ်စားမယ့် အရွက်သုပ်လေးထဲကို ဒီလို ပန်းသီးနဲ့အထူးပြုလုပ်ထားတဲ့ ရှာလကာရည်လေးကို စားပွဲတင်ဇွန်းနှစ်ဇွန်းစာ ထည့်သုပ်ပြီး စားလိုက်တာနဲ့ သင့်ကို ၀ိတ်ကျစေတယ်ဆိုတာ သင်ယုံပါသလား။ တကယ်တော့သူဟာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် အစာခြေဖျက်မှုကို နှိုးဆွပေးတဲ့အတွက် ၀ိတ်ချဖို့ကြိုးစားနေသူတွေ စားသင့်ပါတယ်။

၃။ငရုတ်ကောင်း

အစားအစာတွေမှာ ထည့်စားလေ့ရှိတဲ့ ငရုတ်ကောင်းဟာလည်း သင့်ရဲ့အစာခြေဖျက်မှုစွမ်းအင်ကို ပိုမိုတိုးမြှင့်ပေးပြီး သူ့ကို သင့်တော်တဲ့အသုပ်တွေပါ ထည့်စားနိုင်ပါတယ်တဲ့။

၎။စမုန်နက်

ကိုယ်စားမယ့်ဟင်းပွဲ၊ အရွက်သုပ်တွေမှာ ပိုမိုအရသာရှိအောင် ထည့်သုံးလေ့ရှိရတဲ့ စမုန်နက်ကလည်း သင့်ကို ၀ိတ်ကျစေမယ့်အပြင် ဗိုက်ထဲဗောလောဖြစ်ပြီး အဆင်မပြေခံစားရတဲ့ အရာတွေကို လျှော့ချပေးနိုင်ပါတယ်။

၅။မက်မွန်သီး

မက်မွန်သီးမှာ လူကိုကျန်းမာစေတဲ့ ပရိုတင်းဓာတ်တွေပါဝင်သလို အဆီဓာတ်လည်း ပါဝင်တာကြောင့် မက်မွန်သီးစားပြီးတာနဲ့ နောက်ထပ် မုန့်တွေမစားချင်တော့အောင် သူက ကူညီပေးပါလိမ့်မယ်။ ဆလတ်ရွက်သုပ်စားမယ်ဆိုရင် ဒါလေးကိုပါ နည်းနည်းအပူပေးပြီး လက်တစ်ဆုပ်စာလောက် စားနိုင်ပါတယ်။

Ref:womenshealthmag.com
Myawady Health
https://www.facebook.com/myawadyhealth


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ