သေဆုံးပြီးနောက် မိနစ်အနည်းငယ်ကြာသည်အထိ ဦးနှောက်ရှင်သန်နိုင်သေးသည့် အထောက်အထား ကို တွေ့ ရှိ


ကနေဒါနိုင်ငံ၊ အွန်တေရီယိုအနောက်ပိုင်းပြည်နယ်တက္ကသိုလ်မှ သုတေသီများက အသက်သေဆုံးပြီး နောက် ၁၀ မိနစ်ထက်မနည်းကြာအောင် ဦးနှောက်ရှင်သန်နေခဲ့သည့်ဖြစ်စဉ်တစ်ရပ်ကို တွေ့ ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။

ပုံမှန်အားဖြင့် ဦးနှောက်မှ လျှပ်စစ်လှိုင်းများ ဆက်လက်ထုတ်လွှင့်ခြင်း ရှိ၊မရှိ ကို ဖတ်ရှုရကြောင်း၊ ဦးနှောက်မှ လျှပ်စစ်လှိုင်းထုတ်လွှင့်နေခြင်းကို ရှာဖွေမရတော့လျင်ဦးနှောက်သေဆုံးသည် ဟု သတ်မှတ် ကြောင်း ၊ ဦးနှောက်သေဆုံးသွားလျင်လည်း အသက်ရှူနေနိုင်သေးကြောင်း၊ သို့ သော် ဆေးမှတ်ချက်တွင် သေဆုံးဟု ရေးသွင်းကြောင်း၊ သို့ သော် ယခု ကနေဒါသုတေသီများတွေ့ ရှိခဲ့သည့် သာဓကမှာ နှလုံးခုန် ရပ်တန့် သွားပြီဖြစ်သော၊ ဦးနှောက်သို့  သွေး ဆက်လက် စီးဆင်းခြင်းလည်း မရှိတော့သော လူနာ၏ ဦးနှောက်ထံမှ ဒယ်လ်တာလျှပ်စစ်လှိုင်းများ ဆက်လက်ထုတ်လွှင့်နေသည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက်ကယ်ကိရိယာတွေကိုဖြုတ်လိုက်ရတဲ့ လူနာ(၄)ယောက်ကို လေ့လာကြည့်နေတုန်းမှာ ဒီထူးခြား ဖြစ်စဉ်ကို တွေ့ ခဲ့တာပါ။ လူနာ(၃)ယောက်ကတော့ နှလုံးခုန်ရပ်တန့် သွားတာနဲ့  ဦးနှောက်က လျှပ်စစ် လှိုင်းထုတ်လွှင့်တာလဲ ရပ်သွားခဲ့ပါတယ်။ ဒါ ပုံမှန်ပါပဲ။ ဒါပေမယ့် လူနာတစ်ယောက်မှာတော့ နှလုံးခုန် ရပ်တန့် သွားပေမယ့် ဦးနှောက်က နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့အချိန်မှာထုတ်လွှင့်တဲ့ ဒယ်လ်တာလှိုင်းတွေ ကို ဆက်လက်ထုတ်လွှင့်နေခဲ့တာ ထူးဆန်းစွာတွေ့ ခဲ့ရပါတယ်။ အဲဒီလိုထုတ်လွှင့်နေခဲ့တာ ၁၀ မိနစ်နဲ့  ၃၀ စက္ကန့် လောက် ကြာခဲ့ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

ကျွန်တော်တို့  အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။ စက်ကိရိယာတွေဖောက်လွဲဖောက်ပြန်မှုများဖြစ်တာလား၊ လူရဲ့ မှားယွင်းမှုပဲလား၊ ဆိုပြီး အမျိုးမျိုးလေ့လာခဲ့ပေမယ့် အဖြေက တစ်ခုထဲပါ။ နှလုံးခုန်ရပ်သွားပြီးတဲ့ နောက် ၁၀ မိနစ်ကျော်တဲ့အထိ ဦးနှောက်ကရှင်သန်နေခဲ့တာပါ။ ဆေးလောကမှာ ဒီလိုဖြစ်စဉ်မျိုးကို ပထမ ဆုံးအကြိမ် တွေ့ ရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုလည်း ကျွန်တော်တို့  မရှင်းပြနိုင်သေး ပါဘူး ဟု ၄င်းက ဆက်လက်ပြောပြသည် ။

ဤထူးခြားဖြစ်စဉ်ကို သုတေသီများက ဆက်လက်လေ့လာနေပြီး နှလုံးခုန်ရပ်တန့် သွားပြီးသည့်တိုင် ဦးနှောက်မသေဆုံးသည့်ဖြစ်စဉ်မျိုး နောက်ထပ်ဖြစ်ပွားနိုင်ခြင်းရှိ၊မရှိ ကိုလည်း စောင့်ကြည့်လေ့လာသွား မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ