အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ



ကင်ဆာ ဖြစ်နိုင်ခြေ အခွင့်အလမ်းများစေတဲ့အချက်တွေကို သိချင်ပါတယ်။
ပထမဆုံးအချက်ကတော့ အသက်ကြီးလာခြင်းပါပဲ။ အူမကြီးနဲ့ အစာဟောင်းအိမ်မှာ အသားပို Polyps ဖြစ်ဖူးတဲ့ ရာဇ၀င်ရှိခြင်း၊ ကင်ဆာရောဂါရာဇ၀င်ရှိခြင်း။ အူရောင်ရမ်းမှုနဲ့ပတ်သက်တဲ့ ရောဂါဖြစ်ဖူးခြင်း။ မိသားစုတွင်း အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာဖြစ်ဖူးသူရှိခြင်း သို့မဟုတ် အသားပိုဖြစ်ဖူးသူရှိခြင်း။ မျိုးရိုးလိုက်တဲ့ ရောဂါ လက္ခဏာစုတွေဖြစ်တဲ့ FAP, HNPCC, Turcot/S, Peutz-Jeghers/s ရှိခြင်း။ ဆီးချိုအမျိုးအစား(၂)ဖြစ်နေခြင်း၊ အနီရောင်အသားနဲ့ အဆီတွေကို စားသုံးမှုများခြင်း၊ အမျှင်ပါတဲ့အစားအစာတွေကို စားသုံးမှုနည်းခြင်း၊ အ၀လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း စတဲ့အချက်တွေကတော့ အူမကြီးနဲ့အစာအိမ်ဟောင်းကင်ဆာကို ဖြစ်စေနိုင်မယ့် အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။
စောစောစီးစီးတွေ့ရတဲ့ သတိပေးလက္ခဏာတွေရော ရှိပါလား။

ရှိပါတယ်။ ၀မ်းသွားတဲ့အကျင့် ပြောင်းသွားတာကို ရက်အနည်းငယ်ထက်ကျော်လွန်ပြီး ခံစားရခြင်း၊ ၀မ်းသွားပြီး သော်လည်း မပြီးသေးသလို ခံစားရခြင်း၊ စအိုကနေ သွေးယိုစီးခြင်း၊ အရောင်ရင့်သော ၀မ်းများ သွားခြင်း၊ ၀မ်းထဲမှာ သွေးစ ပါလာခြင်း၊ ဗိုက်အောင့်ခြင်း၊ အားနည်းပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ သူ့ဘာသာသူ ကိုယ်အလေး ချိန် ကျသွားခြင်း စတဲ့လက္ခဏာတွေထဲက တစ်ခုမဟုတ် တစ်ခုထက်ပိုတဲ့ ဝေဒနာတွေ ခံစားရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

စောစီးစွာ ထောက်လှမ်းဖော်ထုတ်ခြင်း
အသက် ၅၀ နဲ့အထက် အမျိုးသား၊ အမျိုးသမီးအားလုံး စမ်းသပ်မှုတစ်ခုခုကိုတော့ ပြုလုပ်သင့်ပါတယ်။ Flexible Sigmoidoscopy ကို ၅ နှစ် တစ်ကြိမ်၊ Colonoscopy ကို ၁၀ နှစ် တစ်ကြိမ်၊ Double-contrast barium enema ကို ၅ နှစ် တစ်ကြိမ်၊ CT Colonography (Virtual Colonoscopy) ကို ၅ နှစ် တစ်ကြိမ်၊ Fecal Occult Blood Test (FOBT/FIT) ကိုတော့ နှစ်စဉ် စစ်ဆေးသင့်ပါတယ်။ ၀မ်းထဲမှာ သွေးအစအနများ ပါ/မပါ စစ်ဆေးတာကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
အရေးတကြီးလူနာတွေက ဘယ်လိုမျိုးတွေလဲ။

အသက် ၄၀ နဲ့အထက် အမျိုးသမီး၊ အမျိုးသားများ စအိုကနေ သွေးဆင်းမယ်၊ ၀မ်းအကျင့်ပြောင်းသွားမယ်၊ နေ့စဉ် ၀မ်းခဏခဏ အကြိမ်များစွာသွားနေမယ် (၆ ပတ်နဲ့အထက်) ဆိုရင်တော့ ဆရာဝန်ဆီကို သွားသင့်ပါ တယ်။ အသက် ၆၀ နဲ့အထက် (၀မ်းအကျင့်ပြောင်းခြင်းနဲ့ အခြားလက္ခဏာများမရှိ) စအိုကနေ သွေးဆင်းမှုကို ၆ ပတ်နဲ့အထက် ကြာအောင် ခံစားနေရသူများ။ စအိုမှ သွေးဆင်းခြင်းမရှိသော်လည်း ၀မ်းအကြိမ်ပေါင်းများစွာ ခဏခဏသွားနေသူ (၆ ပတ်နှင့်အထက် ကြာသူများ) စတာတွေ ဖြစ်ခေါ်ခံစားနေရရင်တော့ နီးစပ်ရာ ဆရာဝန် ဆီကို အမြန်ဆုံးသွားသင့်ပါတယ်။
ဘယ်အသက်အရွယ်မဆို ၀မ်းဗိုက်အောက်ပိုင်း ညာဘက်ခြမ်းမှာ အဖုအလုံး ရှိနေတာ။ အစာဟောင်းအိမ်အတွင်း အဖုအကျိတ်စမ်းမိတာ။ တင်ပါးဆုံရိုးကွင်းအတွင်းဖြစ်ပြီး အူရဲ့အပြင်ဘက် မှာ အကျိတ်စမ်းတွေ့နေရင် ဆီးလမ်းကြောင်း ခွဲစိတ်အထူးကုဆရာဝန် ဒါမှမဟုတ် မီးယပ်အထူးကုဆရာဝန်သို့ ပြသအကူအညီတောင်းရမှာ ဖြစ်ပါတယ်။

အမျိုးသားများအနေနဲ့ ဘယ်အသက်အရွယ်မဆို သံဓာတ်ချို့တဲ့လို့ သွေးအားနည်းရောဂါခံစားနေရမယ် Hb<11g br="" g="" hb="" ml="">အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာကို ဘယ်လိုမျိုး ကာကွယ်ရမလဲ။
ကင်ဆာအခွင့်အလမ်းလျော့နည်းစေဖို့ လူနေမှုစရိုက်ကနေပဲ စတင်ပြောင်းလဲကျင့်သုံးပေးဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ဂျုံကြမ်း၊ ဆန်ကြမ်း စတာတွေပဲ စားပေးပါ။ အရက်အသင့်အတင့်သာ သောက်ပါ။ ဖြစ်နိုင်ရင်တော့ လုံးဝမသောက်ပါနဲ့။ ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်ပါ။ ကာယလေ့ကျင့် ခန်းကို ပုံမှန်ပြုလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ဒါဆိုရင်တော့ ကင်ဆာဖြစ် ဖို့အခွင့်အလမ်းက ပိုပြီးနည်းသွားမှာ အမှန်ပါ။
ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ ဘာတွေများလုပ်လို့ရလဲ သိချင်ပါတယ်။

အသက် ၅၀ ကစပြီး အူမကြီးအတွင်း မှန်ပြောင်းနဲ့ကြည့်တာ၊ စစ်ဆေးတာ၊ Simoidoscopy, FOBT ပြုလုပ်တာ မျိုးတွေ လုပ်သင့်ပါတယ်။ အူမကြီးကင်ဆာမဖြစ်အောင် Aspirin, Celecoxib ဆေးတွေသောက်ခြင်း၊ အူမကြီးအတွင်း အသားပို Polyp ရှိနေရင် ခွဲစိတ်ဖယ်ရှားတာမျိုး ပြုလုပ်ရမယ်။

ဒေါက်တာဒေါ်မေကြည်
ဓါတ်ရောင်ခြည်ဆိုင်ရာ ကင်ဆာအထူးကုဆရာဝန်ကြီး
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ